သစ်တောမြေများကို မြေငှားဂရန် ရရှိသူများက ဆောင်ရွက်မှု မရှိဘဲ စာချုပ်ဖောက်ဖျက်သူများကို စာချုပ်ဖျက်သိမ်းခြင်း၊ စာချုပ်ပါမြေ ပြန်လည် သိမ်းဆည်းခြင်း ဆောင်ရွက်မည်

သစ်တောမြေများကို မြေငှားဂရန် ရရှိသူများက ဆောင်ရွက်မှု မရှိဘဲ စာချုပ်ဖောက်ဖျက်သူများကို စာချုပ်ဖျက်သိမ်းခြင်း၊ စာချုပ်ပါမြေ ပြန်လည် သိမ်းဆည်းခြင်း ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2017 10:06 am တွင် တင်ခဲ့သည်
2769 ကြိမ် ကြည့်ရှု့ပြီး
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့က ကြယ် ပွင့်ပြမေးခွန်းများ မေးမြန်း ခဲ့ပြီး တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ဝင်များ က ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော ကြယ် ပွင့်ပြမေးခွန်းများအနက် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်များအား အဆင့်အတန်းမီ တက္ကသိုလ် များဖြစ်အောင် ပြုပြင် မွမ်း မံပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်မည်၊ မရှိပါက အ ဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း၊ ယခင် ရန်ကုန် တက္ကသိုလ် (လှိုင် နယ်မြေ RC -2 ) ယခု ပညာရေးတက္ကသိုလ် ကျောင်းခွဲရှိ ပျက်စီးယိုယွင်းနေမှု များအား ပြန်လည်ပြင်ဆင် မွမ်းမံရန် အစီအစဉ် ရှိ/မရှိ၊ ပြုပြင်မွမ်းမံပြီးပါက မည်ကဲ့သို့ စီမံခန့်ခွဲ၍ ပြန်လည်အသုံးပြုမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဦးနိုင်ငံ လင်းက ပြန်လည်ဖြေကြားရာတွင် ''ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တက္က သိုလ်များအား အဆင့်မီတက္ကသိုလ်များ ဖြစ်အောင် နှစ်စဉ် ဘဏ္ဍာငွေပေါ် မူတည်၍ ပြန်လည်မွမ်းမံ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းကြီးကြပ်မှု ကော်မတီများဖွဲ့စည်း ၍ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန်အတွက်လည်း လိုအပ်သည့် သန့် ရှင်းရေး ဝန်ထမ်းများခန့်ထားပြီး စီမံခန့်ခွဲရေးဝန်ထမ်း များက အနီးကပ်ကြီြး ကပ်၍ အလေးထားဆောင်ရွက်လျက် ရှိပါ ကြောင်း''ဟု ဖြေကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးက ''လှိုင် တက္ကသိုလ်နယ်မြေရှိ ရန်ကုန်ပညာရေး တက္က သိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းအား ရန်ကုန်တက္ကသိုလ်ကို လွှြဲေ ပာင်း ပေးသွား မည်ဖြစ်ပါကြောင်း၊ ပျက်စီးမှုများကို ရန်ကုန်တက္ကသိုလ် အခြေ ခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင် ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ပြုပြင်ရန်အတွက်
စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း''ဟု ဖြေကြားခဲ့သည်။

ထို့ပြင် တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်တောမြေများကို နှစ် ၃ဝ မြေငှားဂရန်စနစ်ဖြင့် ချုပ်ဆို ထား သော မြေငှားဂရန် ရရှိသူများက စာ ချုပ်ပါအတိုင်း ဆောင်ရွက် ထားမှုမရှိဘဲ စာချုပ်ဖောက်ဖျက်သူများကို စာချုပ် ဖျက်သိမ်း ခြင်း၊ စာချုပ်ပါမြေကို သစ်တောဦးစီးဌာနမှ ပြန်လည်သိမ်းဆည်း ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြန်လည်ဖြေကြားရာတွင် ''ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီး၊ လှည်းကူး၊ ကော့မှူး၊ တွံတေးမြို့ နယ်များအတွင်း သစ်တောမြေများမှာ ပုဂ္ဂလိကသစ်တော စိုက်ခင်းများကို နှစ် ၃ဝ မြေငှားစနစ်ဖြင့် ခွင့်ပြုခဲ့ရာ ၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အ ထိ စာချုပ်ချုပ်ဆိုခဲ့သူပေါင်း ၁ဝ၆ ဦးရှိပါကြောင်း၊ ချုပ်ဆိုခဲ့သည့် စိုက်ခင်းဧက ၂၅၇၇၄ ဧကဖြစ်ပြီး စာချုပ် စည်းကမ်းဖောက်ဖျက်၍ စိုက်ခင်းမြေဧကပေါင်း ၂၁၉၄၅ ဧက အား ဌာနမှ ပြန်လည် သိမ်းဆည်းခြင်းများကို ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် စာချုပ်စည်းကမ်း ဖောက်ဖျက် မှုဖြင့် ပြန်လည်သိမ်းဆည်းရန် ပုဂ္ဂလိကသစ်မာ စိုက်ခင်းလုပ်ငန်းရှင် ၄၉ ဦး၏ စာချုပ်ချုပ်ဆိုခွင့်ပြုခဲ့ပြီး ၇၄၂၆ ဧကအနက်မှ ၅၂၄၉ ဧကကို ပြန်လည် သိမ်းဆည်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၆ ခုနှစ် သြဂုတ်လမှစ၍ စိုက်ခင်းတည်ထောင်လိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အမှန်တကယ် စိုက် ပျိုးရေး၊ အောင်မြင်သော စိုက်ခင်းများဖြစ် စေရေး စသည့် အချက်များဖြင့်ေ ဆာင်ရွက်ဆဲ စိုက်ခင်းဧက များနှင့် ဆောင်ရွက်လိုသည့် စိုက်ခင်းဧကအတိုင်း လုပ်ငန်း အာမခံငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်ဧကလျှင် $ ငွေ ကျပ် ၅ဝဝဝဝ နှုန်းနဲ့ အာမခံ ကြိုတင်ငွေပေးသွင်းစေပြီး စိုက် ပျိုးခွင့်ပြုေ ကြာင်းနှင့် စိုက်ခင်းအောင်မြင်မှု ၇ဝ ရာခိုင်နှုန်းအထက် မရှိလျှင်သော် လည်းကောင်း၊ စိုက်ပျိုးခြင်းမပြုလျှင်သော် လည်းကောင်း၊ စိုက်ပျိုးရန် ခွင့်ပြု ပြီးသောမြေနှင့် လုပ်ငန်းအာမခံ များကို သစ်တောဦးစီးဌာနမှ ပြန်လည် သိမ်း ဆည်းခြင်းပြု မည် ဖြစ်ကြောင်းကို တရားဝင် အသိပေးကြေညာထားရှိပြီး ပုဂ္ဂ လိက စိုက်ခင်းတည်ထောင်ခွင့်ပြုခြင်းနှင့် ကုန်သွယ်ခွန်တို့ကို အောင်မြင်ေ သာ စိုက်ခင်းများဖြစ်မှသာ မြေငှားခပေးသွင်းစေပြီး စာချုပ် ဆက်လက် ချုပ် ဆို ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သိမ်းဆည်း စိုက်ခင်းများနှင့် ပတ်သက်၍ သတ်မှတ် ထားသော အချက်အလက်များနှင့် ငြိစွန်းနေပြီး မအောင်မြင်ဘူး၊ မဆောင်ရွက်ဘူးဆိုလျှင် ဆက်လက်သိမ်း ဆည်းသွားရန်ကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း''ဟု ဖြေကြားခဲ့ သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉပုံမှန်အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service