ပြည်မြို့ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အနီး မြေဈေးများ အဆမတန် မြင့်တက်လာ

ပြည်မြို့ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အနီး မြေဈေးများ အဆမတန် မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
8 Sep 2014 11:14 am တွင် တင်ခဲ့သည်
364 ကြိမ် ကြည့်ရှု့ပြီး
ပျူမြို့ဟောင်းကို ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်းတွင် ပြည်မြို့ အရှေ့ဘက်ခြမ်းရှိ ရွှေတံခါး ရပ်ကွက်နှင့် မှော်ဇာ ကျေးရွာ အကြား မြေကွက်များမှာ ဈေးနှုန်းများ အဆမတန် မြင့်တက်လာ ကြောင်း သိရသည်။

အဆိုပါ မြေကွက်များမှာ ယခင်က အရောင်း အဝယ် နည်းပါးခဲ့ပြီး ဈေးနှုန်းမှာလည်း နည်းခဲ့ကြောင်း သိရသည်။

၂ဝဝ၆ ခုနှစ်ခန့်က မှော်ဇာကျေးရွာ အနီး၌ (ပေ ၄ဝ x ပေ ၆ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ် ငါးသိန်းခန့် ရှိခဲ့သော်လည်း ယခု အချိန်တွင် ငွေကျပ် သိန်း ၅ဝ အထိဈေးပေါက် လာခဲ့သည်။

ထို့ပြင် ရန်ကုန်- ပြည် ရထားလမ်း ပေါ်ရှိ မှော်ဇာကျေးရွာ ရထားလမ်း အကွေ့နေရာတွင် ယခင်က(ပေ ၈ဝ x ပေ ၆ဝ) မြေတစ်ကွက်လျှင် ငွေကျပ်သိန်း ၄ဝ မှ လက်ရှိတွင် ငွေကျပ်သိန်း ၈ဝ အထိ ဖြစ်လာခဲ့သည်။

ပြည်မြို့၏ အဓိက အချက်အချာ နေရာဖြစ်သော ရွှေတံခါး ရပ်ကွက်နှင့် မှော်ဇာကျေးရွာ အကြားရှိ မြေကွက်များမှာ လမ်းမကြီးနှင့် အနီးအဝေးကို လိုက်၍ (ပေ ၂ဝ x ပေ ၆ဝ)၊ (ပေ ၄ဝ x ပေ ၆ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ်သိန်း ၂ဝဝ မှ ၂၈ဝ အထိ ဈေးရှိနေသည်။

ထိုသို့ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်ကို အမှီပြု၍ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေကွက်များကို အလုအယက် လာရောက် ဝယ်ယူနေကြ သောကြောင့် ရောင်းသူ များမှာ ဈေးပိုမို ရရှိရန် အချိန်ဆွဲ ရောင်းချမှုများ ရှိနေကြောင်း မှော်ဇာကျေးရွာခံ တစ်ဦးက ပြောသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့ပြီး ချိန်မှစတင်၍ ပျူ၊ သရေခေတ္တရာ မြို့ဟောင်း အနီးတွင် စီးပွားရေး လုပ်ငန်းရှင်များက မြေယာများ လာရောက် ဝယ်ယူ စုဆောင်းမှုများ ရှိလာခြင်းကြောင့် မြေဈေးနှုန်းများ မြင့်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ် ခံထားရသော ပျူမြို့ဟောင်း နေရာများ အပြင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ၄၆ ဇုန်တွင် မြေဈေး ကစားခြင်းများ ထိန်းချုပ်ရန်နှင့် အဆိုပါ ဇုန်များနှင့် အနီး တစ်ဝိုက်တွင် ရှေးဟောင်း အမွေအနှစ်ဟု သတ်မှတ် ခံထားရသည့် ဘုရား၊ စေတီ၊ အဆောက်အဦ များကို ဖုံးကွယ် သွားစေနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

မြေကွက် ဝယ်ယူသူများ အနေဖြင့် အဆိုပါ အခြေအနေ များကို သိရှိနိုင်ရန် သတိ ပေးထားခြင်းများ ရှိသော်လည်း ရှေးဟောင်း ယဉ်ကျေးမှု ဇုန်နေရာများ၌ မြေကွက် ဝယ်မှုများနှင့် မြေဈေး ကစားမှုများ ရှိနေကြောင်း သိရသည်။

Credit: မြ၀တီ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service