တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
30 Sep 2025 11:32 am တွင် တင်ခဲ့သည်
312 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယားနိုင်ငံရှိ Chung-Ang တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က အသက်ရှည်စေမည့် ဆေးတစ်မျိုးကို တီထွင်ဖော်ထုတ်နေကြရာ လူမှုကွန်ရက်တွင် အသက် ၂၅၀ အထိ အသက်ရှည်စေမည့်ဆေးအဖြစ် နာမည်ကြီးနေသည်။

အဆိုပါဆေးကို သုတေသနပြုလုပ်ရန် ကိုရီးယား အမျိုးသားသုတေသန ဖောင်ဒေးရှင်း (NRF) ၏ အခြေခံသိပ္ပံပညာသုတေသန စီမံကိန်းမှ ကမကထပြုခဲ့ကာ ကိုရီးယား ပညာရေး၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ရန်ပုံငွေ ချထားပေးခဲ့ခြင်း ဖြစ်သည်။

ဇရာသည် ရှောင်လွှဲမရနိုင်သောတရားသဘောတစ်ခုဖြစ်ပြီး ဇရာ၏နောက်တွင် ဗျာဓိဟုခေါ်သော အနာရောဂါ အမျိုးမျိုး ကပ်ပါလာသည်။

ဇရာမှာ မလွဲမသွေ ကြုံရမည်ဖြစ်သော်လည်း သိပ္ပံပညာရှင်တို့က ဇရာကို နှေးကွေးစေမည့် နည်းလမ်းအဖုံဖုံ ကြံဆခဲ့ကြ၊ ကြံဆနေကြသည်။

အိုနာသေဘေးဟုဆိုသည့်အတိုင်း အိုခြင်းနှင့်အတူ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အမျိုးမျိုးအဖုံဖုံ ဖောက်ပြန်ချို့ယွင်းလာသည်။

ထိုသို့ လူ့ခန္ဓာကိုယ် ဖောက်ပြန်ချို့ယွင်းခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ပရိုတိန်း မျှခြေထိန်းညှိစနစ် (protein homeostasis or ‘proteostasis’ ) ယိုယွင်းမှုကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ ဆဲလ်တို့တွင် လုပ်ငန်းဆောင်တာ များစွာရှိရာ ပျက်စီးနေသော (သို့မဟုတ်) ပုံပျက်နေသော ပရိုတိန်းများကို ရှာဖွေချေမှုန်းရသည့် တာဝန်လည်း ပါဝင်သည်။

အသက်ရလာသည်နှင့်အမျှ ကျန်းမာသော ပရိုတိန်းများကို ထိန်းသိမ်းထားနိုင်သည့်စွမ်းရည် ကျဆင်းလာကာ ဇရာကြောင့်ဖြစ်သည့် ရောဂါဘယမျိုးစုံ ဖြစ်ပွားလာသည်။

ပရိုတိန်းအရည်အသွေး ထိန်းချုပ်စနစ်မှာ ချို့ယွင်းချက်ရှိသော ပရိုတိန်းများ စုပုံမလာစေရန် ကာကွယ်ပေးထားခြင်း ဖြစ်သည်။

ထို့ကြောင့် ပရိုတိန်းမျှခြေထိန်းသည့် proteostasis mechanism မပျက်ယွင်းစေရန် ထိန်းသိမ်းခြင်းမှာ လူ့သက်တမ်းရှည်စေရေးအတွက် အဖြေတစ်ခုဖြစ်လာနိုင်သည်။

တောင်ကိုရီးယား သိပ္ပံပညာရှင်အဖွဲ့တစ်ခုသည် proteasomes နှင့် autophagy ဟုခေါ်သော ပရိုတိန်းအရည်အသွေး ထိန်းချုပ်စနစ် ၂ ခုကြားမှ ဆက်နွှယ်မှုကို လေ့လာခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ၊ Chung-Ang တက္ကသိုလ်မှ ပါမောက္ခ Seogang Hyun က ထိုသုတေသနအဖွဲ့ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အဖွဲ့က ပရိုတိန်းမျှခြေထိန်းယန္တရား၏ လုပ်ဆောင်ချက်ကို ထိန်းထားနိုင်သည့် ဆေးတစ်မျိုး ဖော်ထုတ်နိုင်ခဲ့ရာ ဇရာ၏ နောက်ဆက်တွဲ ပြဿနာများကို တိုက်ဖျက်နိုင်သည့် စိတ်ဝင်စားဖွယ် အာနိသင်ရှိကြောင်း ပြသနိုင်ခဲ့ကြသည်။

ပါမောက္ခ Seogang Hyun နှင့် အဖွဲ့၏ လေ့လာတွေ့ရှိချက်ကို Autophagy တွင် ကမ္ဘာသို့ ချပြထားခဲ့ပြီး ဖြစ်သည်။

Proteasomes တို့သည် ချို့ယွင်းနေသော ပရိုတိန်းတို့ကို peptide အစိတ်အပိုင်းငယ်များအဖြစ် ဖြိုခွဲပေးသော protein complex များဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း autophagy မှာ ဆဲလ်များကို degrade ပြုလုပ်ကာ ပိုမိုကြီးမားသော ဖွဲ့စည်းပုံဖြင့် recycle ပြုလုပ်ပေးသည်။

ထိုစနစ် ၂ ခုလုံး၏ ရည်ရွယ်ချက်မှာ proteostasis ကို ထိန်းထားရန်ဖြစ်သည်။ သို့သော် ဇရာ၏ အကျိုးဆက်များကို ကျဆင်းလျော့ပါးစေရန် ၎င်းတို့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားကိုမူ ကောင်းစွာ သိရှိနားလည်ထားကြခြင်း မရှိသေး။

ပါမောက္ခ Hyun က ပြောသည်မှာ ပညာရပ်ပိုင်းဆိုင်ရာ ကွန်ဖရင့်တစ်ခုတွင် IU1 အမည်ရှိ ဆေးအကြောင်း သိလာကြောင်း၊ ထိုဆေးမှာ ချွတ်ယွင်းနေသော ပရိုတိန်းများကို ဖယ်ရှားသည့် ဆဲလ်တွင်း မော်လီကျူးယန္တရားဖြစ်သော proteasome တို့၏ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည့် ဆေးဖြစ်ကြောင်း ပြောသည်။

ထိုဆေးကို ၎င်းတို့က ဇရာတိုက်ဖျက်ရေးတွင် စမ်းသပ်ကြည့်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

သုတေသနပညာရှင်တို့က ထိုဆေးကို Drosophila မျိုးစိတ် သစ်သီးထိုးယင်ကောင်တို့တွင် စမ်းသပ်ကြည့်ခဲ့ကြသည်။

ထိုယင်ကောင်တို့မှာ အလွန်သက်တမ်းတိုလှပြီး တစ်လကျော် ၂ လနီးပါးသာ သက်တမ်းရှိသည်။

၎င်းတို့က သစ်သီးထိုးယင်ကောင်တို့ကို IU1 ဆေးဖြင့် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ယင်ကောင်တို့၏ အပြုအမူနှင့် Proteostasis တို့ကို လေ့လာခဲ့ကြသည်။

ရလဒ်မှာ အလွန်ကောင်းကြောင်း ပါမောက္ခ Hyun က ပြောသည်။

IU1 သည် proteasome လှုပ်ရှားမှုသာမက autophagy လှုပ်ရှားမှုကိုလည်း တိုးတက်လာစေကြောင်း ပါမောက္ခ Hyun က ပြောသည်။

သစ်သီးထိုုးယင်ကောင်တို့၏ အသက်အရွယ်ကြောင့်ဖြစ်သော ကြွက်သားအားနည်းမှုကို ကုစားနိုင်သည့်အပြင် သက်တမ်းလည်း ရှည်လာသည်ကို တွေ့ရကြောင်း၊ လူသားတို့၏ ဆဲလ်များတွင်လည်း အလားတူ အခြေအနေများ တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

IU1 မှာ လူတို့၏ သက်တမ်းကို နှစ် ၂၅၀ အထိ ဆွဲဆန့်နိုင်သည်ဟူသည့်အချက်မှာ ယခုလေ့လာချက်ကို အခြေခံကာ မှန်းဆတွက်ချက်ထားမှုသာ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 1.Chung-Ang University researchers identify a potential anti-aging drug 2. doi.org/10.1080/15548627.2024.2389607

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်...
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ တွေ့ရှိ...
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service