ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ခန့်က ကမ္ဘာ့တိုက်ကြီးများ ရွေ့လျားမျောပါမှုဖြစ်ပွားရာတွင် အိန္ဒိယတိုက်ငယ် သည် အာရှကုန်းမကြီးနှင့် တိုးတိုက်မိရာမှတဆင့် ဟိမဝန္တာတောင်ကြောကြီး တွန့်ခေါက် ဖြစ်ပေါ်လာခဲ့သည်။
ထိုသို့ ကြီးမားပြင်းထန်သည့် တိုးတိုက်မှုကြီး၏ အပူနှင့် ဖိအားကြောင့် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ အညံ့ပန်းနှင့် ကမ္ဘာပေါ်တွင် အရှားပါးဆုံးဖြစ်သော ချောသူးအိုက် (Khawthuite) ကဲ့သိို့ တန်ဖိုးကြီး ကျောက်မျက်ရတနာများ ဖြစ်တည်လာခဲ့သည်။
ချောသူးအိုက်သည် အလွန်တရာရှားပါးသော ကျောက်မျက်ဖြစ်ပြီး လက်ရှိအချိန်အထိ မိုးကုတ်မှထွက်သော တစ်ပွင့်တည်းသာ ကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိထားကာ အခြားမည်သည့်နေရာတွင်မှ မထွက်ရှိချေ။
(လော့စ်အိန်ဂျလိ သဘာဝသမိုင်းပြတိုက်တွင် အခြားကျောက်မျက်ရတနာများစွာနှင့်အတူ ချောသူးအိုက်ကို ပြသထားပုံ။ ပုံထဲတွင်တွေ့ရသော အသေးဆုံးကျောက်မှာ ချောသူးအိုက် ဖြစ်သည်။ ဓာတ်ပုံ-Wikimedia Commons.)
လိမ္မော်နီရောင်ရှိပြီး အလေးချိန် ၁ ဒသမ ၆၁ ကာရက်သာရှိကာ လက်ရှိအားဖြင့် အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိခရိုင်ရှိ သဘာဝသမိုင်းပြတုက်တွင် ပြသထားသည်။
မြန်မာနိုင်ငံ၊ မိုးကုတ်မြို့ရှိ စမ်းချောင်းတစ်ခုတွင် နီလာရှာဖွေသူများက ၂၀၁၀ ပြည့်နှစ်အတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကနဦးတွင် ပယင်း (သို့မဟုတ်) ဥဿဖရားဟု ထင်ခဲ့ကြသည်။
သို့သော် ရန်ကုန်တက္ကသိုလ်မှ Ph.D ဘွဲ့ရထားသူ ကျောက်မျက်ပညာရှင် ဒေါက်တာ ကျော်သူက အဆိုပါကျောက်ကို ချောင်းကြီးဈေးတွင် ဝယ်ယူခဲ့ပြီး လေ့လာစစ်ဆေးကြည့်ရာ အခြားမည်သည့် ကျောက်မျက်နှင့်မှ မတူသော တမူထူးသည့် ကျောက်တစ်မျိုးဖြစ်နေသည်ကို တွေ့ရှိလာသည်။
နိုင်ငံတကာ တွင်းထွက်ပစ္စည်းများ အသင်းကလည်း ယခုကျောက်မှာ ကမ္ဘာပေါ်တွင် အတည်ပြုထားသည့် အခြား တွင်းထွက်ပစ္စည်း ၆၀၀၀ ကျော်နှင့် မတူညီသော တွင်းထွက်ရတနာအသစ်တစ်မျိုးဖြစ်နေကြောင်း အတည်ပြုခဲ့သည်။
ထို့နောက် ဒေါက်တာကျော်သူအား ဂုဏ်ပြုသောအနေဖြင့် ထိုကျောက်ကို kyawthuite ဟု ၂၀၁၅ ခုနှစ်တွင် အမည်ပေးခဲ့ပြီး အင်္ဂလိပ်ဘာသာတွင် ချောသူးအိုက်ဟု အသံထွက်သည်။
ချောသူးအိုက်၏ မှာ ပတ္တမြားထက် ၂ ဆပိုသော သိပ်သည်းဆ ရှိသည်။
ထိုသို့ သိပ်သည်းဆ မြင့်မားခြင်းမှာ ချောသူးအိုက်ကို ဖွဲ့စည်းထားသည့် အဓိက ဒြပ်စင် ၃ မျိုးအနက် Bismuth (ကြွပ်) ကြောင့် ဖြစ်သည်။
အခြား ဒြပ်စင် ၂ ခုမှာ ခနောက်စိမ်းနှင့် အောက်ဆီဂျင်တို့ဖြစ်ပြီး တန်တလမ် ပါဝင်မှုရှိကြောင်းလည်း တွေ့ရသည်။
(တစ်ကမ္ဘာလုံးတွင် တစ်ပွင့်တည်းသာရှိသော ချောသူးအိုက်၏ အနီးကပ်မြင်ကွင်း။ ဓာတ်ပုံ-Kampf et al.)
နိုင်ငံတကာ ကျောက်မျက်ပညာရှင်တို့က ကမ္ဘာပေါ်တွင် အဘယ်ကြောင့် ချောသူးအိုက် တစ်ပွင့်တည်းရှိရသည်ကို အံ့သြမကုန် ဖြစ်နေကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kyawthuite Is So Rare That Only One Specimen Exists in the Whole World Photo Credit- Wikimedia Commons, Kampf et al