ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း - Property News in Myanmar from iMyanmarHouse.com
22 Jul 2025 10:54 am တွင် တင်ခဲ့သည်
522 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့နေ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် အွန်လိုင်းမှတဆင့် ယွမ် ၂ သန်း (ကန်ဒေါ်လာ ၂၈၀၀၀၀) ဖိုးခန့် ဈေးဝယ်ကာ မဖွင့်ရသေးသော ပါကင်ထုပ်များ ထားစရာနေရာ မရှိအောင် များပြားလှသောကြောင့် တိုက်ခန်းတစ်ခန်း ငှားရမ်းထားရှိရသည့်ဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့ကြား သတင်းကြီးနေသည်။

မျိုးရိုးအမည် ဝမ်ဟုသိရသော အမျိုးသမီးကြီး၏ လုပ်ဆောင်မှုနှင့် စပ်လျဉ်းပြီး တရုတ်ပြည်မှ သက်ကြီးပိုင်းတို့၏ စိတ်ကျန်းမာရေးအခြေအနေအပေါ် အမျိုးမျိုးအဖုံဖုံ ဆွေးနွေးမှတ်ချက်ပြုမှုများ ရှိလာနေသည်။

ဝမ်သည် ရှန်ဟိုင်းမြို့၊ ကျာဒင်းခရိုင်ရှိ တိုက်ခန်းတစ်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ ဖြစ်သည်။

ဝမ်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အွန်လိုင်းမှတဆင့် ယွမ် ၂ သန်းကျော်ဖိုးရှိ ပစ္စည်းမျိုးစုံ မှာယူခဲ့ကြောင်း Kan Kan News သတင်းဌာနက ဖော်ပြသည်။

(အွန်လိုင်းတွင် ဈေးဝယ်ရခြင်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းသောကြောင့် များစွာဈေးဝယ်ဖြစ်ခဲ့ကြောင်း ဝမ်က ပြောသည်။ ဓာတ်ပုံ-Douyin)

ဝမ်သည် အများအားဖြင့် အွန်လိုင်းမှ မှာယူသော ပစ္စည်းများကို ဖွင့်ဖောက်မကြည့်ဘဲ သိမ်းဆည်းထားလေ့ရှိရာ ပစ္စည်းများ တင်းကြမ်းပြည့်ကာ မသေမသပ်ဖြစ်နေသည်။

အိမ်နီးချင်းတို့က ပြောသည်မှာ ဝမ်၏ တိုက်ခန်းအနီးတွင် အနံ့ဆိုးလှကာ ပိုးဟပ်များ၊ ယင်ကောင်များ မကြာခဏ တွေ့ရကြောင်း ပြောသည်။

ဝမ်က ပြောသည်မှာ အွန်လိုင်းတွင် ဈေးဝယ်ရသည်ကို စွဲလမ်းနေပြီး မိမိအတွက် စိတ်လှုပ်ရှားစရာဖြစ်သည်ဟု ဆိုသည်။

ဆွေမျိုးများနှင့် သူငယ်ချင်းများ ပိုက်ဆံလာမချေးစေရန် ငွေဖြုန်းပစ်နေခြင်းဖြစ်ကြောင်းလည်း ဝမ်က ပြောသည်။

(ဝမ်က အွန်လိုင်းမှ မှာယူထားသည့် ဖွင့်မကြည့်ဘဲထားသော ပါဆယ်ထုပ်များ ထားစရာ နေရာမရှိသောကြောင့် အခြားတိုက်ခန်းတစ်ခန်းပင် ငှားရမ်းထားရှိခဲ့ရသည်။ ဓာတ်ပုံ-Douyin)

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက မြို့ထဲမှာရှိတဲ့ တိုက်ခန်းကို ရောင်းလိုက်ပြီး ကျားဒင်ခရိုင်က အခုအခန်းကို ဝယ်လိုက်တာပါ။ ဒါကြောင့် ကျွန်မဆီမှာ ငွေပိုရှိနေလိ့မ်မယ်လို့ တခြားသူတွေက တွေးကြမှာပါပဲ” ဟု ဝမ်က ပြောသည်။

“တခြားသူတွေ ငွေလာမချေးအောင် ကျွန်မက ပစ္စည်းတွေ ဝယ်ပစ်တယ်။ ကျွန်မအိမ်ထဲမှာ ပစ္စည်းတွေ အပုံလိုက်တွေ့နေရင် သူတို့လည်း ငွေချေးဖို့ မသင့်တော်ဘူးလို့ သိသွားကြမှာပါပဲ”

ပုံမှန်အားဖြင့် အွန်လိုင်းတွင် live လွှင့် ဈေးရောင်းသူများထံမှ ဝယ်လေ့ရှိကြောင်း ဝမ်က ပြောသည်။

အများအားဖြင့် အလှကုန်ပစ္စည်းများ၊ ကျန်းမာရေး ဓာတ်စာများနှင့် ရွှေငွေလက်ဝတ်ရတနာများ ဝယ်လေ့ရှိသည်။

(ဝမ်၏ အခန်းမှာ အနံ့အသက်ဆိုးရွားပြီး ပိုးဟပ်များ၊ ယင်ကောင်များ တွေ့နေရကြောင်း အိမ်နီးချင်းတို့က ပြောသည်။ ဓာတ်ပုံ-Douyin)

ဝမ်မှာယူထားသော ပါဆယ်ထုပ်များမှာ အခန်းမျက်နှာကြက်သို့ ရောက်သည်အထိ များပြားလှသည်။

အိမ်ထဲတွင် အိပ်စရာနေရာပင် မရှိကြောင်း ဝမ်က ပြောသည်။

ဝမ်ပိုင်ဆိုင်ထားသော မြေအောက်ဂိုဒေါင်ခန်းတစ်ခုမှာလည်း အွန်လိုင်းမှ ဝယ်ယူထားသော ပါဆယ်ထုပ်များဖြင့်ပင် ပြည့်နေသည်။

လွန်ခဲ့သော လအနည်းငယ်ကမူ ဝမ်သည် သူ၏ ပါဆယ်ထုပ်များထားရန် တိုက်ခန်းတစ်ခန်း ငှားခဲ့သည်။

အိမ်ရာကော်မတီဝင်တစ်ဦးက ပြောပြသည်မှာ ဝမ်၏ သမီးမှာ နိုင်ငံခြားတွင် နေထိုင်နေပြီး ဆွေမျိုးများမှာလည်း ဝမ်၏အိမ်သို့ အရောက်အပေါက်နည်းသည်ဟု ဆိုသည်။

ပြီးခဲ့သောနှစ် မေလအတွင်းကမူ အိမ်ရာကော်မတီက ဝမ်၏ ခွင့်ပြုချက်ဖြင့် အခန်းသန့်ရှင်းရေး ပြုလုပ်ပေးခဲ့သော်လည်း မကြာမီတွင်ပင် ပါဆယ်ထုပ်များ စုပုံလာပြန်သည်။

(အိမ်ရာကော်မတီက သန့်ရှင်းရေးလုပ်ပေးသော်လည်း ဝမ်၏ အခန်းတွင် မကြာမီတွင်ပင် ပါဆယ်ထုပ်များ ပြည့်နှက်လာလေ့ရှိပြန်သည်။ ဓာတ်ပုံ-Douyin)

ရှန်ဟိုင်းအခြေစိုက် စိတ်ပညာရှင်တစ်ဦးဖြစ်သူ ရှီးယန်ဖုန်းက ပြောသည်မှာ စိတ်ဓာတ်ကျဆင်းမှုနှင့် လူမှုသောကတို့ကြောင့် ပစ္စည်းပစ္စယများ စုပုံသိမ်းဆည်းတတ်သည့် စိတ်ဝေဒနာခံစားရသူ များစွာရှိနေကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shopaholic Chinese woman splurges US$280,000, rents big flat to store unopened packages

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service