ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည်တွင် မိန်းကလေးများ စိတ်ဝင်စားစေရန်အတွက် လည်ပင်းတွင် ဆိုင်းဘုတ်ချိတ်ဆွဲကာ လှေပြိုင်ပွဲသို့ သွားခဲ့သော အမျိုးသားတစ်ဦးမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်များတွင် နာမည်ကြီးနေသည်။
သူ၏ လည်ပင်းမှ ဆိုင်းဘုတ်တွင် အိမ် ၂လုံးပိုင်ကြောင်း ရေးသားထားသည်။
ထိုအမျိုးသား၏ အမည်မှာ လင်းဟုခေါ်ပြီး အသက် ၃၅ နှစ်အရွယ်ဖြစ်သည်။
၎င်းသည် လွန်ခဲ့သော မေလ ၃၁ ရက်က တရုတ်ပြည်၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့တွင် ကျင်းပသော နဂါးလှေပွဲတော်သို့ သွားရောက်ခဲ့ရာတွင် လည်ပင်း၌ ဆိုင်းဘုတ်ချိတ်ကာ သွားခဲ့ခြင်း ဖြစ်သည်။
မေလ ၃၁ ရက်တွင် ကျင်းပခဲ့သော နဂါးလှေပွဲတော်အကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီး တွင် မေလ ၃၀ ရက်က ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
(ဆက်စပ်သတင်း)
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း
https://www.iMyanmarHouse.com/news/read/1148004
လင်း၏ လည်ပင်းမှ ဆိုင်းဘုတ်တွင် ရေးသားထားသည်မှာ “အိမ်ထောင်မရှိ၊ ဟိုင်ကျူးခရိုင် (ကွမ်ကျိုးမြို့)၊ အိမ် ၂ လုံး” ဟု ဖော်ပြထားပြီး သူ၏ လူမှုကွန်ရက်အကောင့်ကို ရည်ညွှန်းသည့် QR code တစ်ခုလည်း ဆိုင်းဘုတ်တွင် ဖော်ပြထားကြောင်း South China Morning Post သတင်းဌာနက ဖော်ပြသည်။
အွန်လိုင်းတွင် ဂယက်ရိုက် ကျော်ကြားခဲ့ပြီးနောက်ပိုင်း မိမိကို ဆက်သွယ်လာသော မိန်းကလေး ၁၀၀၀ ကျော် ရှိကြောင်း လင်းက ပြောသည်။
လင်းသည် ချစ်သူမိန်းကလေးနှင့် လမ်းခွဲကာ single ဖြစ်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ဆက်သွယ်လာသူ များထဲမှ အလျင်စလို ရွေးချယ်သွားမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်နဲ့ ဆက်သွယ်ချင်တဲ့သူ အများကြီးရှိလာပါတယ်။ ဒါပေမယ့် တချို့ကိုပဲ လက်ခံထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စကားမပြောဆိုခင်မှာ သူတို့အကြောင်း ပိုပြီးသိထားဖို့ လိုတာကြောင့်ပါ” ဟု လင်းက ပြောသည်။
မိမိကို အသောဖောက်ကာ ဆက်သွယ်ပြောဆိုလာသူအချို့နှင့် စကားပြောကြည့်မည်ဖြစ်ကြောင်း လင်းက ပြောသည်။
အိမ်ထောင်ဖက်ရှာဖွေရေးအတွက် မိမိကိုယ်ကို အရောင်းကြော်ငြာတင်ခဲ့သော လင်း၏ ထူးခြားသည့်နည်းလမ်းမှာ အွန်လိုင်းတွင် နာမည်ကြီးသွားခဲ့သည်။
ထိုသို့ လုပ်ဆောင်ခဲ့မှုအတွက် ရရှိလာသည့် ထူးခြားမှုကို လင်းက ပြောပြရာတွင် အပြင်ထွက်သည်နှင့် ရုပ်ရှင်မင်းသားသဖွယ် လူတိုင်းက မှတ်မိနေကြသည်ဟု ဆိုသည်။ မိမိ၏ လက်တွဲဖော် မိန်းကလေးသည် မိသားစုကို အလေးထားသူဖြစ်ရမည်ဟု လင်းက ပြောသည်။
လင်းက အိမ်များနှင့် ပတ်သက်ပြီး ရှင်းပြသည်မှာ ထိုအိမ် ၂ လုံးသည် ကွမ်းကျိုးမြို့၊ ဟိုင်ကျူးခရိုင်တွင် တည်ရှိကာ မိခင်ကြီး၏ နာမည်ဖြင့် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်မှုမှာ အိမ်ငှားရှာဖွေခြင်း မဟုတ်ကြောင်း၊ ထိုအိမ်များတွင် လက်ရှိအိမ်ငှားများရှိနေကြောင်း ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chinese Man Wears Placard Flaunting His Wealth To Attract Women In Guangzhou