ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
19 Apr 2025 2:54 pm တွင် တင်ခဲ့သည်
619 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျစီမံခန့်ခွဲစေရန် ရည်ရွယ်၍ ငွေရေးကြေးရေး အဖွဲ့ အစည်းဥပဒေနှင့် ဗဟိုဘဏ်ဥပဒေသို့ ထွက်ရှိထားပါသည်။ နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်း၊ ဘဏ်ခွဲ တစ်ခုခုမှ နိုင်ငံအတွင်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လိုပါက ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ - ၁၄ အရ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားရန်လိုပါသည်။ လုပ်ငန်း လိုင်စင်ရရှိပြီး တစ်နှစ်အတွင်း ခွင့်ပြုသည့် ငွေရေးကြေးရေး လုပ်ငန်းများအား စတင်အကောင်အထည် ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့သို့ လုပ်ဆောင်ပါက မတည်ရင်းနှီးငွေရင်း အပြည့်အဝကို ဗဟိုဘဏ်ထံ အတိအကျ ဖော်ပြပေးရမည် ဖြစ်ပြီး မတည်ရင်းနှီးငွေ၏ ( ၀.၁% ) နှင့် ညီမျှသော လိုင်စင်ကြေးကို ထမ်းဆောင်ပေးရမည် ဖြစ်ပါသည်။ ထို့ပြင် ဒေသနှင့် လုပ်ငန်းအမျိုးအစား ပေါ်မှုတည်ပြီး မတည်ရင်းနှီးငွေကို ဗဟိုဘဏ်မှ သတ်မှတ်ပေးနိုင်ပါသည်။

မတည်ရင်းနှီးငွေရင်းအား သတ်မှတ်ကာလအတွင်း ထည့်ဝင်ရန် ပျက်ကွက်ခြင်း၊ တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်း၊ မိမိဆန္ဒဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းကာ လူမွဲအဖြစ်ခံယူခြင်း၊ မူလတရားဝင်ခွင့်ပြုချက်များအတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ ဖြစ်ပေါ်ပါက ဗဟိုဘဏ်မှ လုပ်ငန်းလုပ်ကိုင်ခွင် လိုင်စင်အား ပြန်လည် ရုပ်သိမ်းမည်ဖြစ်ပါသည်။ မတည်ရင်းနှီးငွေ (၁၅%) ထက်ပိုသော ငွေအား တစ်ကြိမ်ထဲဖြစ်စေ၊ တစ်ကြိမ်တစ်ခါ ထက်ပို၍ဖြစ်စေ၊ လွှဲပြောင်းခြင်းပြုလျှင် ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။ ရုံးတည်နေရာ ပြောင်းလဲခြင်း၊ ကိုယ်စားလှယ်ရုံး၊ ရုံးခွဲများ ထားရှိမှုပြုခြင်း၊ ပိတ်ခြင်းများ ဆောင်ရွက်လျှင်လဲ ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက်လိုပါသည်။

ငွေရေးကြေးရေးအဖွဲ့အစည်း လိုင်စင်ရရှိသူသည် ငွေချေးယူခြင်း (သို့) ငွေကြေးရှာဖွေစုစည်းခြင်း၊ အာမ ခံဖြင့်ဖြစ်စေ၊ အာမခံမဲ့ဖြင့်ဖြစ်စေ၊ ချေးငွေထုတ်ပေးခြင်း၊ ကြိုတင်ငွေထုတ်ပေးခြင်း၊ ငွေလွှဲလက်မှတ်များ၊ ငွေပေး ကတိစာချုပ်များ၊ ငွေပေးအမိန့်လက်မှတ်များ၊ ဒီဘင်ချာများ၊ ပိုင်ဆိုင်ခွင့် စာရွက်စာတမ်းများ ကြွေးမြီဆိုင်ရာ ငွေချေးသက်သေခံ လက်မှတ်များကို ထုတ်ပေးခြင်း၊ လက်ခံခြင်း၊ လျှော့နှုန်းဖြင့် လဲလှယ်ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း ကောက်ခံခြင်း ရောင်းဝယ်ဖောက်ကားခြင်း၊ ခရီးသွားလက်မှတ်များ ထုတ်ပေးခြင်းလုပ်ငန်းတို့ ဆောင်ရွက်ခွင့် ရှိပါသည်။

ဗဟိုဘဏ်သည် ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးသည့်အခါတိုင်း (သို့) ထုတ်ပယ်သည့် အခါတိုင်း သတင်းစာတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။ ငွေရေးကြေးရေး အဖွဲ့အစည်းများသည့် အဖွဲ့ အစည်း၏ စီမံရေးရာ၊ လုပ်ငန်းရေးရာ အခြေအနေ၊ ငွေကြေး လွယ်ကူမှု၊ ငွေရေးကြေးရေး အခြေအနေခိုင်မာမှု၊ အကျိုးအမြတ်ရရှိမှုတို့အား ဗဟိုဘဏ်က သတ်မှတ်ပုံစံများအတိုင်း အချိန်ကာလအလိုက် အစီရင်ခံစာများ တင်ပြ ပေးရပါသည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများသည့် ချေးငွေ ထုတ်ပေးခြင်း၊ အပ်ငွေများ လက်ခံသည့်အခါတွင်လဲ ဗဟိုဘဏ်က သတ်မှတ်သည့် စည်းကမ်းချက်များနှင့် ညီညွှတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service