ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ - Property News in Myanmar from iMyanmarHouse.com
13 Feb 2025 1:45 pm တွင် တင်ခဲ့သည်
1150 ကြိမ် ကြည့်ရှု့ပြီး

တောင်ကိုရီးယား လူငယ်ပေါ့ပ်အဖွဲ့ဖြစ်သော BTS မှ ကင်တေးယောင် (အနုပညာအမည် V) သည် ကမ္ဘာ့အချောမောဆုံးလူငယ်အဖြစ် မကြာခဏရွေးချယ်ခံရပြီး တောင်ကိုရီးယားတွင်လည်း အချောဆုံးဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။

K-pop အကျော်အမော် V သည် ယခုအခါတွင်လည်း ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် ရွေးချယ်ခံလိုက်ရပြန်သည်။

V သည် ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ဘရက်ပစ်၊ ရောဘတ်ပက်တင်ဆန်၊ ခရစ္စ အီဗန်စ်နှင့် ဘောလိဝုဒ် ကြယ်ပွင့် ရီသစ် ရိုရှန်တို့ကို ဖြတ်ကျော်ကာ နံပါတ် ၁ နေရာတွင် ရွေးချယ်ခံရခြင်း ဖြစ်သည်။

ကမ္ဘာ့အချောဆုံးအမျိုးသားများစာရင်းကို ရွေးချယ်ဖော်ပြသည်မှာ Techno Sports မှဖြစ်ပြီး V ၏ ကမ္ဘာတစ်လွှားမှ ပရိသတ်များက ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြသည်။

V သည် ၂၀၂၂ ခုနှစ်အတွင်းကလည်း ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် ရွေးချယ်ခံရဖူးသည်။

(ဆက်စပ်သတင်း)

၂၀၂၂ ကမ္ဘာ့အချောမောဆုံးလူငယ် ကင်တေးယောင်၏ စံအိမ်

https://www.imyanmarhouse.com/news/read/1007192

လက်ရှိအားဖြင့် V သည် BTS အဖွဲ့သား အများစုနည်းတူ တောင်ကိုရီးယားစစ်တပ်ထဲတွင် တာဝန်ထမ်းဆောင် နေပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း BTS အဖွဲ့သားများအားလုံး ပြန်လည်ဆုံစည်းကြဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံးအမျိုးသား ၁၀ ဦးအဖြစ် ရွေးချယ်ခံရသူများမှာ

၁။ ကင်တေးယောင် (V- BTS)

 

၂။ ဘရက်ပစ် (Brad Pitt)

 

 

၃။ Twilight မင်းသား ရောဘတ်ပက်တင်ဆန် (Robert Pattinson) ။ လက်ရှိအားဖြင့် သူ၏ Mickey 17 အမည်ရှိ ရုပ်ရှင်ထွက်နိုင်ရန် စီစဉ်နေသည်။

 

၄။ ကနေဒါ ရုပ်ရှင်မင်းသား Noah Mills ။ 2 Broke Girls, The Falcon and the Winter Soldier, Sex and The City 2 ဇာတ်ကားများဖြင့် လူသိများသည်။

 

၅။ ဘောလိဝုဒ်နတ်ဘုရား ရီသစ် ရိုရှန် (Hrithik Roshan)။ docu-series ဖြစ်သော The Roshans တွင် နောက်ဆုံး ပါဝင်သရုပ်ဆောင်မှုများ ပြုလုပ်ထားသည်။

 

၆။ ကနေဒါဝန်ကြီးချုပ် Justin Trudeau မှာ ကမ္ဘာ့အချောဆုံးအမျိုးသားများစာရင်းတွင် ပါဝင်လာသည်။

 

၇။ Marvel Universe ၏ Captain America ဖြစ်သော Chris Evans လည်းပါလာသည်။

 

၈။ Man of Steel တွင် စူပါမန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကျော်ကြားသော ဗြိတိန်မင်းသား Henry Cavill လည်း ကမ္ဘာအချောဆုံးအမျိုးသားများစာရင်းတွင် ရွေးချယ်ခံရသည်။

 

၉။ ဟောလိဝုဒ်ထိပ်သီး တွမ်ခရုစ်လည်း အချောဆုံးအမျိုးသားအဖြစ် ထည့်သွင်းရွေးချယ်ခံရသည်။ အခြားရွေးချယ်ခံရသူများမှာ Bradley Cooper နှင့် ဒေးဗစ်ဘက်ခမ်းတို့ ဖြစ်သည်။

 

 

((V ၏ နေအိမ်))

BTS အဖွဲ့ဝင် ကင်တေးယောင် (သို့) V သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၊ ဂမ်နမ်ခရိုင်မှ Peal Complex ရှိ duplex ခန်းတစ်ခုတွင် နေထိုင်သည်။

The Peak သည် luxury လူနေအိမ်ရာတစ်ခုဖြစ်ပြီး ကမ္ဘာကျော်ဗိသုကာအဖွဲ့ဖြစ်သော Herzog & de Meuron က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

 

((ပရိသတ်များကို ချပြလာ))

BTS ၏ Docu-series ဖြစ်သော BTS Monuments: Beyond The Star တွင် V က ပရိသတ်များကို သူ၏နေအိမ်တွင်း မြင်ကွင်းများ ချပြခဲ့သည်။

(V –BTS ။ ဓာတ်ပုံ- @thv/Instagram)

 

ပရိသတ်များမှာ V ၏ ဧည့်ခန်းမှသည် မီးဖိုဆောင်အထိ တစ်အိမ်လုံးကို မြင်ခွင့်ရခဲ့ကြသည်။

(V က သူ၏နေအိမ်ခန်းအပြင် သူ၏ ဝါသနာများကိုပါ ပရိသတ်များအား ပြောပြခဲ့သည်။ BTS အဖွဲ့သားများနှင့် တက်ကြွစွာ ရှင်သန်နေထိုင်မှုနှင့် တစ်ဦးတည်းနေထိုင်မှု အခြေအနေတို့ကိုလည်း V က နှိုင်းယှဉ်ပြောပြသည်။)

 

“ပျင်းနေတယ်လို့ပဲ ပြောရမလား။ ကျွန်တော်တို့အဖွဲ့ အတူတူ နေကြတာ အတော်သိုက်သိုက်ဝန်းဝန်းရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တစ်ယောက်တည်း ဒီအခန်းမှာ နေနေတယ်။ ကျွန်တော်က စကားသိပ်မပြောဘူး။ တစ်ယောက်တည်းနေရတာကို သဘောကျပါတယ်။ ဒါပေမယ့် တော်တော်ပျင်းဖို့ကောင်းပါတယ်”

(သို့သော် သူ့တွင် လုပ်ဆောင်စရာ အများအပြားရှိနေသဖြင့် တစ်ဦးတည်းနေထိုင်ရခြင်းကိုလည်း V က နှစ်သက်ပြန်သည်။)

 

(V က ဧည့်ခန်းတွင်ထိုင်ကာ ဗွီဒီယိုဂိမ်းများ ကစားခြင်းဖြင့်လည်း အချိန်ကုန်လွန် ဖြတ်သန်းလေ့ရှိသည်။)

 

(…သို့မဟုတ်ပါကလည်း သီချင်းနားထောင်ကာ အချိန်ကုန်လွန်လေ့ရှိသည်)

 

(V ၏အိမ်တွင် သူဝါသနာပါသောအရာများအပြင် အနုပညာပစ္စည်းများလည်း များပြားစွာရှိသည်)

 

(V က ၎င်းစုဆောင်းထားသော ပန်းချီကားအချို့ကိုလည်း ပရိသတ်များအား ပြသခဲ့သည်)

 

(ထို့အပြင် သူ၏ vibe ကို တောက်ပစေမည့် အလှဆင်မှုများ………..)

 

(ကျွန်တော်က အိမ်တွင်းမွမ်းမံဖို့ ကိုယ့်ဟာကိုယ် ဒီဇိုင်းဆွဲပါတယ်။ interior design ကို ကျွန်တော် ၆ လလောက် လေ့လာခဲ့ရတယ်)

(အထက်ပါအချက်များကြောင့် V ၏ အိမ်မှာ သူ၏ထူးခြားသောအကြိုက်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေသည်)

 

(ဆက်စပ်သတင်း)

BTS အဖွဲ့သားများ အတူနေထိုင်သည့် ဒေါ်လာ ၆ သန်းကျော်တန် လူနေခန်းနှင့် တစ်ဦးချင်း၏ နေအိမ်များ

https://www.imyanmarhouse.com/news/read/1041475

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BTS’ V crowned Most Handsome Man in the World; beats Hrithik Roshan, Chris Evans and more

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service