အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ - Property News in Myanmar from iMyanmarHouse.com
26 Dec 2024 11:19 am တွင် တင်ခဲ့သည်
635 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် အိမ်ငှားနေထိုင်ရခြင်းသည် မလွယ်ကူဟူသော အချက်မှာ လျှို့ဝှက်ချက် မဟုတ်ချေ။

အခက်အခဲ တစ်မျိုးမဟုတ်တစ်မျိုး ကြုံရသည်။

ခေါင်ခိုက်လှသော အိမ်လခနှင့် ရင်မဆိုင်ရပါက ပြဿနာရှာတတ်သော အခန်းဖော်များ၊ မှိုစွဲခြင်း ပေါင်းသင်းဆက်ဆံရ ခက်ခဲသော အိမ်ရှင်နှင့် ကြုံရခြင်းတို့ ရင်ဆိုင်ကြရသည်။

Gen Z (၁၉၉၅ မှ ၂၀၁၀ ကြား မွေးဖွားသူများ) နှင့် Millennials (၁၉၈၁ မှ ၁၉၉၆ ခုနှစ်ကြား မွေးဖွားသူများ) တို့မှာ အိမ်ငှားမျိုးဆက်ဟု အမည်တွင်နေသည်။

လန်ဒန်တွင် လစာ၏ ၅၀ ရာခိုင်နှုန်းခန့်အထိကို အိမ်လစာအတွက် အသုံးပြုနေကြရသည်။

လန်ဒန်မြို့၏ ပျမ်းမျှအိမ်လခမှာ ၁၆၂၅ ပေါင်အထိ ရှိနေသည်။

♦ အိမ်ငှားအမည်-Jess (အသက် ၂၄) တည်နေရာ-လန်ဒန်မြို့ အိမ်လခ-၉၉၇ ပေါင် ခုနှစ်-၂၀၂၃

“ကျွန်တော့်ချစ်သူ ကောင်မလေးနဲ့ ကျွန်တော်ဟာ အမြဲအခြေချနေထိုင်ဖို့ နေရာတစ်ခု ရှာဖွေနေတဲ့ ကာလအတွင်းမှာ အခန်းတစ်ခန်းကို အိမ်လခ စပ်တူကျခံရင်း ၆ လလောက်နေထိုင်ခဲ့ကြပါတယ်”

“အခန်းငှားတဲ့စာချုပ်မှာ ပန်ကာတွေ မသုံးရဘူးလို့ ပါပါတယ်။ ပန်ကာသုံးမယ်ဆိုရင် တစ်ပတ်ကို ၁၀ ပေါင် ပေးရမယ်လို့လည်း ပါတယ်”

“ဒီစည်းကမ်းကို ကျွန်တော် ချိုးဖောက်တယ်၊ မချိုးဖောက်ခဲ့ဘူးဆိုတာ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် နွေရာသီမှာ အပူချိန်က ၃၀ ဒီဂရီစင်တီဂရိတ်ရှိနေပြီး ကျွန်တော့်အခန်းက sauna တစ်ခုလို ဖြစ်နေတယ်”

(အမျိုးသမီးတစ်ဦးကမူ ငှားရမ်းနေထိုင်သောအခန်းမှ စာချုပ်သက်တမ်းမပြည့်မီ ပြောင်းရွှေ့ခဲ့သည်။ ဓာတ်ပုံ-Getty Images)

♦ အိမ်ငှားအမည်- Laura (အသက် ၃၀ နှစ်) တည်နေရာ-လန်ဒန် အိမ်လခ-ပေါင် ၆၅၀ ခုနှစ်-၂၀၁၆

“တခါတုန်းက တိုက်ခန်းတစ်ခန်းမှာ မီးဖိုဆောင် ဘေစင်ကို တခြားလူ ၇ ယောက်နဲ့ မျှဝေသုံးခဲ့ရပါတယ်။ အဲဒီ ဘေစင်က ရေပေါက်ပိတ်သွားပြီး ရေညိုပုပ်ပုပ်တွေက တခန်းလုံး လျှံကျကုန်ပါတယ်။ နည်းလမ်းမျိုးစုံ လုပ်ခဲ့ပေမယ့် မရတာကြောင့် အိမ်ရှင်ကို ခေါ်ခဲ့ရတယ်”

“သူက ပေါင်းသင်းရတော်တော်ခက်တဲ့သူပါ။ ကျွန်မထင်တာက သူ့အနေနဲ့ နည်းနည်းပါးပါးတော့ ကူညီမယ်ထင်ခဲ့တာ။ အနည်းဆုံး သူ့အိမ်မပျက်စီးစေဖို့ပေါ့။ အဲ့လို မဟုတ်ပါဘူး။ သူက လာကြည့်ဖို့ ၊ ပြင်ပေးမယ့်သူ ခေါ်ပေးဖို့ ငြင်းခဲ့ပါတယ်။ ဆာလ်ဖြူရစ် အက်ဆစ်ဝယ်ပြီး ဘေစင်ပေါက်ထဲကို လောင်းထည့်ဖို့ပဲ ပြောပါတယ်”

“ဒီအက်ဆစ်က တော်တော်ပြင်းပါတယ်။ ရေနဲ့ထိတွေ့ရင် တော်တော်ဆိုးဆိုးရွားရွားတွေဖြစ်နိုင်တယ်။ ကျွန်မက ဓာတုဆေးတွေ အများကြီးလည်း သုံးခဲ့ပြီးပြီ။ ဒါကြောင့် ဒီနည်းလမ်းကို သဘောမကျဘူးလို့ သူ့ကို ပြောခဲ့တယ်”

“ဒီအခါမှာ သူအတော်ဒေါသထွက်သွားပြီး ကျွန်မကို သုံးစားမရဘူးလို့ ပြောပြီး ရက်အနည်းငယ်အတွင်း အိမ်မပြောင်းပေးဘူးဆိုရင် အိမ်ပေါ်က ဆွဲချမယ်။ သော့တွေပြောင်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ ကျွန်မကလည်း မိုက်မဲစွာနဲ့ အိမ်ငှားစာချုပ်ချုပ်မထားမိဘူး။ ဒါကြောင့် အိမ်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရတယ်”

“နောက်ပိုင်းကျ အဲဒီမှာ ကျန်ခဲ့သူတွေဆီက သတင်းကြားပါတယ်။ အိမ်ရှင်ရောက်လာပြီး ဘေစင်ပေါက်ထဲကို ဆာလ်ဖြူရစ် အက်ဆစ်တွေ လောင်းထည့်တာ မီးဖိုဆောင်တစ်ခုလုံး ပျက်ဆီးသွားတယ်တဲ့”

♦ အိမ်ငှားအမည်-Will (၂၃ နှစ်) တည်နေရာ-လန်ဒန် အိမ်လခ-၈၇၅ ပေါင် ခုနှစ်-၂၀၂၄

“ကျွန်တော် လန်ဒန်မှာ အခန်းငှားနေတော့ သတိပြုမိတာက ကျွန်တော့်အခန်းဖော်တွေထဲက မိန်းကလေးတစ်ဦးနဲ့အတူ သူ့ကောင်လေး တချိန်လုံးရှိနေတဲ့အချက်ပါ။”

“သူတို့က သူတို့အခန်းထဲမှာ သူတို့နေကြတာဆိုတော့ ကျွန်တော့်ကိစ္စတော့ မဟုတ်ပါဘူး။ တမနက်မှာ အိမ်ရှင်ဆီက ကျွန်တော်တို့ဆီကို မက်ဆေ့တစ်စောင်ဝင်လာတယ်။ ညအိပ်ညနေ တည်းခိုမယ့် ဧည့်သည်ရှိရင် သူ့ဆီကနေ ခွင့်ပြုချက်ယူရမယ့်အကြောင်း၊ ဧည့်သည်အတွက် တစ်ညကို ၁၀ ပေါင် ပေးရမယ့်အကြောင်း ပြောထားပါတယ်။”

“ကောင်မလေးဆီကို ဧည့်သည်လာတာ အိမ်ရှင်ဘယ်လိုသိသွားတယ်ဆိုတာ တွေးမရခဲ့ဘူး။ မိန်းကလေးက ကျွန်တော်ပြောတယ်လို့ ထင်သွားမှာ စိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် နောက်မှ သိလာတာက အထပ်တိုင်းရဲ့ လှေကားတွေမှာ ကင်မရာတွေ တပ်ထားတာကြောင့် အိမ်ရှင်အနေနဲ့ ဘယ်အခန်းကို ဧည့်သည်လာတယ် ဆိုတာ သိနေနိုင်ပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A £10 guest fee and a non-existent kitchen: 6 renters share their wildest UK landlord stories Photo Credit-Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service