အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့

အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
19 Nov 2024 11:40 am တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

Tata Group ၏ ပဲ့ကိုင်ရှင် ကမ္ဘာ့အထင်ကရ အိန္ဒိယသူဌေးကြီး ရာတန် တာတာ ကွယ်လွန်ချိန်တွင် ညီအကို မောင်နှမများကို အမွေအနည်းငယ်သာ ပေးခဲ့ပြီး သူ၏ အချစ်ရဆုံး ဂျာမန်သိုးထိန်းခွေးကလေး တီတိုးကို ဒေါ်လာ သန်းရာချီ အမွေပေးခဲ့ကြောင်း dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သူဌေးကြီးတာတာ၏ သေတမ်းစာတွင် ရူပီး ကုဋေ ၁၀,၀၀၀ ကို အမွေခွဲဝေပေးခဲ့ရာ၌ ခွေးကလေး တီတိုးကို အများဆုံးပေးခဲ့ပြီး မိမိကွယ်လွန်ပြီးနောက်ပိုင်းတွင် တီတိုးကို အထူးစောင့်ရှောက်ပေးရန် မှာကြားသွားခဲ့သည်။

တာတာသည် Tata Group ကို ကမ္ဘာသိကုမ္ပဏီကြီးဖြစ်လာစေရန် ပြောင်းလဲပေးခဲ့သူဖြစ်ပြီး မွမ်ဘိုင်းမြို့တွင် ယခုနှစ်အတွင်း ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။

အိန္ဒိယ၏ ထုံးစံအတိုင်းဆိုလျှင် အိမ်ထောင်မရှိ၊ သားသမီးမရှိသူ လုပ်ငန်းရှင်တစ်ဦး ကွယ်လွန်ပါက မွေးချင်းများကို အမွေပေးခဲ့လေ့ရှိသည်။

သို့သော် Tata Group ၏ ဥက္ကဌဟောင်း တာတာကမူ ညီဖြစ်သူ ဂျင်မီတာတာ၊ ညီမဝမ်းကွဲများဖြစ်သော Shireen နှင့် Deanna Jejeebhoy တို့ကို ဖြတ်ကျော်ကာ သူ၏ အချစ်တော် ခွေးကလေး တီတိုးကို မျက်နှာသာ ပေးခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ တာတာက သူ၏ သေတမ်းစာတွင် ခွေးကလေး တီတိုး၊ အထွေထွေ လက်ထောက်အကူ Konar Subbiah နှင့် စားတော်ကဲကြီး Rajan Shaw တို့မှာ မိမိ၏ ပိုင်ဆိုင်မှုမှာ များစွာရသင့်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

သူ၏ မွေးချင်း ဆွေမျိုးများမှာမူ အမွေ အနည်းငယ်မျှသာ ရခဲ့ကြသည်။

 

(ရာတန်တာတာကို သူ၏အချစ်ရဆုံး ဂျာမန်သိုးထိန်းခွေးလေး တီတိုးနှင့်အတူ တွေ့ရပုံ)

 

(တီတိုးကို အထူးစောင့်ရှောက်ပေးရန် မှာကြားသွားခဲ့သည်။ တာတာကွယ်လွန်ချိန်တွင် ဘေး၌ ခွေးလေးတီတိုး ရှိနေခဲ့သည်)

အိန္ဒိယတွင် အိမ်မွေးတိရ စ္ဆာန်များနှင့် ဝန်ထမ်းများကို ဤမျှရက်ရောစွာ အမွေပေးခဲ့ခြင်းမှာ အလွန်ရှားပါးသည်။

များပြားလှသော ဓနစည်းစိမ်တို့ကို ဆွေမျိုးမိသားစုများသာ ဆက်ခံကြလေ့ရှိသည်။

တာတာသည် တိရ စ္ဆာန်လေးများကို ချစ်မြတ်နိုးသူအဖြစ် ဘဝတလျှောက် လူသိများခဲ့သူ ဖြစ်သည်။

Tata Group ၏ ရုံးများတွင် လေလွင့်တိရ စ္ဆာန်လေးများကို တွေ့ပါက မည်သည့်အခါမှ မောင်းမထုတ်ရန် တာတာက တံခါးစောင့်များကို ညွှန်ကြားထားသည်။

တာတာ၏ မိတ်ဆွေရင်းဖြစ်သူ Suhel Seth က ပြောသည်မှာ တာတာက ဘဏ္ဍာထိန်းနှင့် ထမင်းချက်တို့အတွက် အမွေပေးခဲ့သောငွေမှာ အလွန်များပြားလှကြောင်း၊ ထို ၂ ဦးမှာ အသက် ၅၀ ကျော် အရွယ်များဖြစ်ပြီး တာတာမရှိသည့်နောက်ပိုင်း ခွေးလေးတီတိုးကို ကြည့်ရှုစောင့်ရှောက်ပေးနေကြောင်း ပြောသည်။

“တာတာက သူတို့ကို တကယ့်ကို ရက်ရက်ရောရာ ပေးသွားခဲ့တာပါ။ သူတို့တစ်ဘဝလုံး အလုပ်လုပ်စရာ မလိုတော့ပါဘူး” ဟု Seth က ပြောသည်။

(တာတာသည် လေလွင့်ခွေးလေးတစ်ကောင်ကို ဂိုအာဟု အမည်ပေးကာ မွေးထားသည်။)

(တာတာ၏ ဈာပနတွင် ခွေးလေး ဂိုအာကို တွေ့ရပုံ)

(အိန္ဒိယ၏ ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ကြီး တာတာ ကွယ်လွန်မှုအပေါ် ကြေကွဲဝမ်းနည်းသူများ ဈာပနအခမ်းအနားသို့ တက်ခဲ့ကြပုံ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Indian tycoon Ratan Tata leaves majority of $118M inheritance to dog rather than siblings (dailymail) Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service