Warren Buffett က ဘဝအောင်မြင်မှုကို တိုင်းတာရာတွင် လူဘယ်လောက်များများက ကိုယ့်အပေါ် တကယ်ချစ်ခင်သလဲဟူသော ပေတံဖြင့်သာ တိုင်းတာရမည်ဖြစ်ကြောင်း၊ အချမ်းသာဆုံးပုဂ္ဂိုလ်အချို့ဆိုလျှင် ၎င်းတို့ကို ချစ်ခင်သူတစ်ဦးမှမရှိကြောင်း ပြောကြား
Warren Buffett က ဘဝအောင်မြင်မှုကို တိုင်းတာရာတွင် လူဘယ်လောက်များများက ကိုယ့်အပေါ် တကယ်ချစ်ခင်သလဲဟူသော ပေတံဖြင့်သာ တိုင်းတာရမည်ဖြစ်ကြောင်း၊ အချမ်းသာဆုံးပုဂ္ဂိုလ်အချို့ဆိုလျှင် ၎င်းတို့ကို ချစ်ခင်သူတစ်ဦးမှမရှိကြောင်း ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2024 11:03 am တွင် တင်ခဲ့သည်
561 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကမ္ဘာကျော် သူဌေးကြီး Warren Buffett သည် ဘဝနှင့်ဆိုင်သည့် အသိပညာကြွယ်သော ဗဟုသုတ ရတနာသိုက်ကြီးလည်း ဖြစ်သည်။
Warren Buffett သည် စတော့ရှယ်ယာများ ဝယ်ယူခြင်း၊ ကုမ္ပဏီများ၏ တန်ကြေးအကဲဖြတ်ခြင်းတို့တွင် သူမတူအောင် တဖက်ကမ်းခတ်ကျွမ်းကျင်သူအဖြစ် ကျော်ကြားသည်။
သူ၏ အမြော်အမြင်ကြီးမှုမှာ ဘဏ္ဍာရေးနယ်ပယ်တစ်ခုတည်းတွင်သာ မဟုတ်ချေ။
Warren Buffett သည် ဘဝ၏ အနှစ်သာရနှင့် လူမှုဆက်ဆံရေးတို့အကြောင်း နက်ရှိုင်းစွာ ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး အထူးသဖြင့် ချစ်ခြင်းမေတ္တာ၏ အကြောင်းနှင့် ပတ်သက်သည့်နယ်ပယ်တွင် ဖြစ်သည်။
ကျောင်းသူကျောင်းသားတို့နှင့် အပြန်အလှန်ဆွေးနွေးပွဲတစ်ခုတွင် Warren Buffett က ၎င်း၏ တန်ဖိုးမဖြတ်နိုင်ဆုံး ပိုင်ဆိုင်မှုကို ပြောပြခဲ့ရာ ဘဝအောင်မြင်မှုကို တိုင်းတာရာတွင် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သည့် မိမိ၏ သဘောထားဖြစ်ကြောင်း ပြောခဲ့သည်။
ဂျော်ဂျီယာ နည်းပညာတက္ကသိုလ်မှ ကျောင်းသားတို့က Warren Buffett ကို ၎င်း၏ ဘဝတွင် အကြီးမားဆုံး အောင်မြင်မှုနှင့် ရှုံးနိမ့်မှုတို့နှင့် စပ်လျဉ်းပြီး မေးမြန်းခဲ့သည်။
သူ၏ အဖြေမှာ အများမျှော်လင့်မထားသည့် အဖြေတစ်ခုဖြစ်နေသည်။
“ကျွန်တော့်ရဲ့ အသက်အရွယ်ကို ရောက်လာတဲ့အချိန်ကျရင် သားတို့၊ သမီးတို့အနေနဲ့ အောင်မြင်မှုကို တကယ်တိုင်းတာမယ့်နည်းလမ်းကတော့ ကိုယ့်အပေါ်ချစ်ခင်စေချင်တဲ့သူ ဘယ်လောက်များများက ကိုယ့်ကို တကယ်ချစ်ခင်သလဲဆိုတဲ့ ပေတံပါပဲ” ဟု Warren Buffett က ပြောသည်။
မိမိသိကျွမ်းသူအချို့သည် ဓနအင်အားဘက်တွင် ကျိကျိတက်ချမ်းသာသော်လည်း ချစ်ခြင်းမေတ္တာနယ်ပယ် တွင်ကား ဒေဝါလီခံနေသူများဖြစ်ကြောင်း Warren Buffett က ဆက်လက်ရှင်းပြသည်။
“ကျွန်တော်သိတဲ့ တချို့သူတွေဟာ ငွေတွေတော့ အများကြီးရှိကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ သူတို့ကို တကယ်ချစ်ခင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒါဟာ ဘဝမှာ ကိုယ်ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာကို တိုင်းတာနိုင်မယ့် နောက်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်”
Warren Buffett က ပြဿနာကို ဖော်ထုတ်ပြရုံမျှမက အဖြေကိုပါ ရှာပေးခဲ့သည်။
“ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကတော့ အဲဒါက ဝယ်လို့မရတာပါ။ ချစ်ခြင်းခံရဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်စရာကောင်းအောင် နေဖို့ပါ။ ကိုယ်က မေတ္တာတရား ပေးလေလေ အချစ်ခံရလေပါပဲ”
မေတ္တာတရားတွင် အသွားအပြန်ရှိသည့် သဘောတရားကို Warren Buffett ၏ ဒဿနတွင် ဖော်ပြနေသည်။
Warren Buffett အတွက် ချစ်ခြင်းမေတ္တာသည် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်၏။ မေတ္တာတရားနယ်ပယ်တွင် အသုံးပြုသော ငွေကြေးမှာ ပိုက်ဆံမဟုတ်။ ကြင်နာမှု၊ နားလည်မှုနှင့် ရက်ရောတတ်မှုတို့သာ မေတ္တာနယ်၏ ငွေကြေးဖြစ်လေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warren Buffett On Life's Ultimate Test: 'When You Get To My Age, You'll Really Measure Your Success By How Many Of The People You Want To Have Love You Actually Do Love You' — Some Of The Richest People Find 'Nobody In The World Loves Them' (finance)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service