Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ? - Property News in Myanmar from iMyanmarHouse.com
853 Views
Iron Man ရုပ်ရှင်သရုပ်ဆောင် Robert Downey Jr ရဲ့ ထူးဆန်းလှပတဲ့ လေရဟတ်ပုံစံ နွေရာသီအပန်းဖြေအိမ်ထဲ ဘာတွေများရှိသလဲ?
[Unicode]
ဈေးကြီးတဲ့ စံအိမ်ကြီးတွေကိုမှ ဝယ်စုရတာနှစ်ခြိုက်ကြတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ကြယ်ပွင့်များရဲ့ထုံးစံအတိုင်းပါပဲ။ Iron Man ရုပ်ရှင်ဇာတ်ကားများနဲ့ကမ္ဘာကျော်ခဲ့သူ Robert Downey Jr မှာလည်း ‌ဒေါ်လာ 11.9 သန်း တန်ကြေးရှိတဲ့ လေရဟတ် နွေရာသီအပန်းဖြေအိမ်တစ်လုံးရှိခဲ့ပါတယ်။
ဇနီးဖြစ်သူ ဟောလီဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ Susan Downey နဲ့အတူဝယ်ယူခဲ့တာဖြစ်ပြီး 1885 ခုနှစ်ထဲက တည်ဆောက်ထားတဲ့ လေရဟတ်အိမ်ဖြစ်ပါတယ်။
အိမ်ကြီးရဲ့အတွင်းဒီဇိုင်းကို ပြန်လည်ရေးဆွဲဆောက်လုပ်ပေးခဲ့တဲ့အဖွဲ့ဟာ လေရဟတ်ရဲ့အောက်ခြေအခန်းကို ဧည့်ခန်းအဖြစ်ပုံဖော်ခဲ့ပြီး အနားယူ၊တ‌ရေးအိပ်နိုင်ဖို့ ဆိုဖာကြီးများ ထည့်သွင်းပေးခဲ့ပါတယ်။ ထိုနေရာဟာ Robert ဇနီး တရားထိုင်ဖို့အတွက်အလွန်အဆင်ပြေတယ်လို့ဆိုပါတယ်။ ‌
ဟောလီဝုဒ်အကျော်အမောစုံတွဲကိုယ်တိုင် Home Tour လုပ်ပြခဲ့တဲ့အထဲ မြင်ရတဲ့ မီးဖိုခန်းကိုတော့ ပန်းနုရောင်နဲ့ပူရှိန်းရောင်နှစ်မျိုးကိုအသုံးပြုထားပြီး အမြင်အေး စိတ်လန်းဆန်းစေပါမယ်။
အနုပညာဆန်ဆန်ပုံ‌ဖော်ထားတဲ့ Fireplace ပါဝင်ပြီး Master Bedroom ကျယ်ကိုလည်း အနုပညာဆန်ဆန်ပုံဖော်ပေးထားပါတယ်။
Robert Downey Jr ရဲ့လေရဟတ်စံအိမ်ဟာ အိပ်ခန်း ၇ ခန်း၊ရေချိုးခန်း ၁၁ ခန်း၊ လေရဟတ်ခေါင်းပိုင်းမှာ ထည့်သွင်းထားတဲ့ အလုပ်ခန်းတစ်ခန်းအပြင် စာကြည်ခန်းတစ်ခန်းပါဝင်ပါတယ်။ Robert မိသားစုကတော့ လေရဟတ်အိမ်တွင်းမှာ အချိန်ကုန်ဆုံးရတာထက် အိမ်အပြင်ဘက်မှာ အပန်းဖြေတာ များတယ်လို့ဆိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Upcoming Property Events
From 24 May To 25 May
The Rich Villa
CarsDB
The Rich Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service