ဘောလိဝုဒ်၏ အထင်ကရ ရုပ်ရှင်မင်းသမီးကြီး ပရီသီး ဇင်တာ မွန်ဘိုင်းမြို့ လူနေခန်းကို ရူပီး ၁၇ ကုဋေကျော် ဖြင့် ဝယ်ယူ

ဘောလိဝုဒ်၏ အထင်ကရ ရုပ်ရှင်မင်းသမီးကြီး ပရီသီး ဇင်တာ မွန်ဘိုင်းမြို့ လူနေခန်းကို ရူပီး ၁၇ ကုဋေကျော် ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
3 Nov 2023 10:41 am တွင် တင်ခဲ့သည်
881 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘောလိဝုဒ်၏ အထင်ကရ ရုပ်ရှင်မင်းသမီးကြီး ပရီသီး ဇင်တာ (Preity Zinta) သည် မွန်ဘိုင်းမြို့၊ ဘန်ဒရ ကမ်းခြေအရပ်ရှိ လူနေခန်းတစ်ခန်းကို ရူပီး ၁၇ ဒသမ ၀၁ ကုဋေဖြင့် ဝယ်ယူလိုက်သည်။

ပရီသီး ဇင်တာ (မွေး ၁၉၇၅) သည် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်၊ ရုပ်ရှင်မင်းသမီးကြီးဖြစ်သည်။

ဟိမဝန္တာတောင်ပေါ်ဒေသ ဟိမာချယ် ပရာဒက်ရှ်ပြည်နယ်၊ ရှင်းမလားခရိုင်ရှိ ဟိန္ဒူမိသားစုတွင် မွေးဖွားခဲ့ပြီး ဖခင်မှာ အိန္ဒိယတပ်မတော်မှ အရာရှိတစ်ဦး ဖြစ်သည်။

 

 

ပရီသီး ၁၃ နှစ်အရွယ်တွင် ဖခင်ကြီးမှာ ကားအက်ဆီးဒင့်ဖြင့် ကွယ်လွန်သွားခဲ့သည်။

ကားအက်ဆီးဒင့်တွင် မိခင်ကြီး နီးလ်ပရဘာ ပါဝင်ခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကာ ၂ နှစ်ခန့် အိပ်ယာထဲ တွင် လဲနေခဲ့သည်။

အဆိုပါ ကားအက်ဆီးဒင့်မှာ မိမိအတွက် ဘဝတစ်ဆစ်ချိုးဖြစ်ခဲ့ပြီး ရင့်ကျက်သူအဖြစ် လျင်မြန်စွာ ပြောင်းလဲ သွားစေခဲ့ကြောင်း ပရီသီးက ပြောသည်။

ပရီသီးတွင် အစ်ကိုတစ်ယောက်နှင့် မောင်တစ်ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ အိန္ဒိယတပ်မတော်မှ အရာရှိ တစ်ဦးဖြစ်ကာ မောင်ဖြစ်သူမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်လျက် ရှိသည်။

ကျောင်းသူဘဝက စာပေကို အထူးဝါသနာထုံခဲ့ပြီး အထူးသဖြင့် ဝီလျံရှိတ်စပီးယား၏ စာပေလက်ရာများနှင့် ကဗျာတို့ကို နှစ်သက်ခဲ့သည်။

ပရီသီးသည် ကျောင်းစာတော်သူတစ်ဦးဖြစ်ခဲ့ပြီး အားလပ်ချိန်များတွင် ဘတ်စ်ကက်ဘောကစားလေ့ရှိခဲ့သည်။

Kal Ho Naa Ho (၂၀၀၃) ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် Filmfare Award ဆုရရှိခဲ့သည်။

ပရီသီး ပါဝင်သရုပ်ဆောင်ခဲ့သော Koi…Mil Gaya (၂၀၀၃)နှင့် Veer-Zaara (၂၀၀၄) ဇာတ်ကားများမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်များအဖြစ် ၂ နှစ်ဆက်တိုက် အောင်မြင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ရုံတင်ခဲ့သော ကနေဒါ drama ဇာတ်ကား Heaven on Earth မှာ ပရီသီး၏ ပထမဆုံး နိုင်ငံတကာအဆင့် ရုပ်ရှင်ကားတစ်ခုဖြစ်ခဲ့ပြီး ထိုကားအတွက် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် Silver Hugo Award ရရှိခဲ့သည်။

ပရီသီးသည် အားလပ်ပါက သူ၏ ဇာတိမြို့ ရှင်းမလားသို့ သွားရောက်လည်ပတ်လေ့ရှိသည်။

၂၀၀၆ ခုနှစ်တွင် မွန်ဘိုင်းမြို့၌ အခြေချနေထိုင်ခဲ့သည်။

ပရီသီးက သူမည်သည့်ဘာသာဝင်ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

 

 

“ကျွန်မက အလုပ်ကောင်းရင် ကံကောင်းမယ်လို့ ယုံကြည်တယ်။ ဘုရားကျောင်းတွေ သွားတာကို မယုံကြည်ဘူး။”

ပရီသီးသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် အမေရိကန်နိုင်ငံသား Gene Goodenough နှင့် လော့စ်အိန်ဂျလိမြို့တွင် လက်ထပ်ခဲ့သည်။

Gene Goodenough သည် အမေရိကန်အခြေစိုက် ရေအားလျှပ်စစ်ကုမ္ပဏီ Nline Energy ၏ ဘဏ္ဍာရေးဆိုင်ရာ ဒုတိယဥက္ကဌ ဖြစ်သည်။

ပရီသီးသည် လက်ထပ်ပြီးနောက် လော့စ်အိန်ဂျလိသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အိန္ဒိယသို့ မကြာခဏ သွားရောက်လည်ပတ်လေ့ ရှိသည်။

ယခုအခါ ပရီသီးက မွန်ဘိုင်းမြို့ရှိ လူနေခန်းတစ်ခန်းကို ရူပီး ၁၇ ကုဋေကျော်ဖြင့် ဝယ်ယူလိုက်ကြောင်း IndexTap အိမ်ခြံမြေဝက်ဘ်ဆိုက်က ဖော်ပြသည်။

 

 

အဆိုပါ လူနေခန်းသည် မွန်ဘိုင်းမြို့၏ အထင်ကရ Pali Hill အရပ်တွင် တည်ရှိပြီး ကြမ်းခင်းဧရိယာ ၁၄၇၄ စတုရန်းပေ ရှိကာ ကားပါကင် ၂ နေရာစာ ပါဝင်သည်။

ရောင်းချသူမှာ Keystone Realtors Limited ဖြစ်ပြီး အရောင်းအဝယ် စာရွက်စာတမ်းများကို အောက်တိုဘာလ ၂၃ ရက်တွင် မှတ်ပုံတင်ခဲ့ကြသည်။

အဆိုပါ စာရွက်စာတမ်းများအရ ပရီသီးသည် တံဆိပ်ခေါင်းခွန် ရူပီး ၈၅ ဒသမ ၀၇ သိန်း ပေးခဲ့ရသည်ဟုဆိုသည်။

မကြာသေးမီကာလအတွင်း မွန်ဘိုင်းတွင် လူသိများသော အခြားအိမ်ခြံမြေအရောင်းအဝယ်မှာ ဘောလိဝုဒ် ရုပ်ရှင်မင်းသား မနော့ ဘာ့ဂျ်ပါယီးနှင့် ဇနီးဖြစ်သူ ရှားဘနား ဘာ့ဂျ်ပါယီးတို့က အောက်တိုဘာလ ၄ ရက်တွင် မွန်ဘိုင်းမြို့ အိုရှီဝါရာ အရပ်ရှိ စတုရန်းပေ ၇၆၂၀ ကျယ်ဝန်းသော ရုံးခန်း ၄ ခုကို ရူပီး ၃၂ ဒသမ ၉၄ ကုဋေဖြင့် ဝယ်ယူခဲ့မှု ဖြစ်သည်။

ဘောလိဝုဒ်ကြယ်ပွင့်များဖြစ်သော အမီတာဘဂျမ်း ၊ ကာတစ်အာရန်နှင့် ဆာရာအလီခန်းတို့သည်လည်း မွန်ဘိုင်းမြို့တွင် ရုံးခန်းများ ဝယ်ယူပိုင်ဆိုင်ထားသည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Preity Zinta buys Bandra apartment for Rs 17.01 crore (moneycontrol)

 

 

[Zawgyi]

ေဘာလိဝုဒ္၏ အထင္ကရ ရုပ္ရွင္မင္းသမီးၾကီး ပရီသီး ဇင္တာ မြန္ဘိုင္းျမိဳ႕ လူေနခန္းကို ရူပီး ၁၇ ကုေဋေက်ာ္ ျဖင့္ ဝယ္ယူ

 

ေဘာလိဝုဒ္၏ အထင္ကရ ရုပ္ရွင္မင္းသမီးၾကီး ပရီသီး ဇင္တာ (Preity Zinta) သည္ မြန္ဘိုင္းျမိဳ႕၊ ဘန္ဒရ ကမ္းေျခအရပ္ရွိ လူေနခန္းတစ္ခန္းကို ရူပီး ၁၇ ဒသမ ၀၁ ကုေဋျဖင့္ ဝယ္ယူလိုက္သည္။

ပရီသီး ဇင္တာ (ေမြး ၁၉၇၅) သည္ အိႏိၵယစီးပြားေရးလုပ္ငန္းရွင္၊ ရုပ္ရွင္မင္းသမီးၾကီးျဖစ္သည္။

ဟိမဝႏၱာေတာင္ေပၚေဒသ ဟိမာခ်ယ္ ပရာဒက္ရွ္ျပည္နယ္၊ ရွင္းမလားခရိုင္ရွိ ဟိႏၵဴမိသားစုတြင္ ေမြးဖြားခဲ့ျပီး ဖခင္မွာ အိႏိၵယတပ္မေတာ္မွ အရာရွိတစ္ဦး ျဖစ္သည္။

ပရီသီး ၁၃ ႏွစ္အရြယ္တြင္ ဖခင္ၾကီးမွာ ကားအက္ဆီးဒင့္ျဖင့္ ကြယ္လြန္သြားခဲ့သည္။

ကားအက္ဆီးဒင့္တြင္ မိခင္ၾကီး နီးလ္ပရဘာ ပါဝင္ခဲ့ျပီး ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရရွိကာ ၂ ႏွစ္ခန္႔ အိပ္ယာထဲ တြင္ လဲေနခဲ့သည္။

အဆိုပါ ကားအက္ဆီးဒင့္မွာ မိမိအတြက္ ဘဝတစ္ဆစ္ခ်ဳိးျဖစ္ခဲ့ျပီး ရင့္က်က္သူအျဖစ္ လ်င္ျမန္စြာ ေျပာင္းလဲ သြားေစခဲ့ေၾကာင္း ပရီသီးက ေျပာသည္။

ပရီသီးတြင္ အစ္ကိုတစ္ေယာက္ႏွင့္ ေမာင္တစ္ေယာက္ရွိျပီး အစ္ကုိျဖစ္သူမွာ အိႏိၵယတပ္မေတာ္မွ အရာရွိ တစ္ဦးျဖစ္ကာ ေမာင္ျဖစ္သူမွာ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေနထိုင္လ်က္ ရွိသည္။

ေက်ာင္းသူဘဝက စာေပကို အထူးဝါသနာထံုခဲ့ျပီး အထူးသျဖင့္ ဝီလ်ံရွိတ္စပီးယား၏ စာေပလက္ရာမ်ားႏွင့္ ကဗ်ာတို႔ကို ႏွစ္သက္ခဲ့သည္။

ပရီသီးသည္ ေက်ာင္းစာေတာ္သူတစ္ဦးျဖစ္ခဲ့ျပီး အားလပ္ခ်ိန္မ်ားတြင္ ဘတ္စ္ကက္ေဘာကစားေလ့ရွိခဲ့သည္။

Kal Ho Naa Ho (၂၀၀၃) ဇာတ္ကားျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးအျဖစ္ Filmfare Award ဆုရရွိခဲ့သည္။ ပရီသီး ပါဝင္သရုပ္ေဆာင္ခဲ့ေသာ Koi…Mil Gaya (၂၀၀၃)ႏွင့္ Veer-Zaara (၂၀၀၄) ဇာတ္ကားမ်ားမွာ ဝင္ေငြအေကာင္းဆံုးရုပ္ရွင္မ်ားအျဖစ္ ၂ ႏွစ္ဆက္တိုက္ ေအာင္ျမင္ခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္ ရုံတင္ခဲ့ေသာ ကေနဒါ drama ဇာတ္ကား Heaven on Earth မွာ ပရီသီး၏ ပထမဆံုး ႏိုင္ငံတကာအဆင့္ ရုပ္ရွင္ကားတစ္ခုျဖစ္ခဲ့ျပီး ထိုကားအတြက္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီးအျဖစ္ Silver Hugo Award ရရွိခဲ့သည္။

ပရီသီးသည္ အားလပ္ပါက သူ၏ ဇာတိျမဳိ႕ ရွင္းမလားသို႔ သြားေရာက္လည္ပတ္ေလ့ရွိသည္။

၂၀၀၆ ခုႏွစ္တြင္ မြန္ဘိုင္းျမိဳ႕၌ အေျခခ်ေနထုိင္ခဲ့သည္။

ပရီသီးက သူမည္သည့္ဘာသာဝင္ျဖစ္သည္ကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေခ်။

“ကၽြန္မက အလုပ္ေကာင္းရင္ ကံေကာင္းမယ္လို႔ ယံုၾကည္တယ္။ ဘုရားေက်ာင္းေတြ သြားတာကို မယံုၾကည္ဘူး။”

ပရီသီးသည္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၉ ရက္တြင္ အေမရိကန္ႏိုင္ငံသား Gene Goodenough ႏွင့္ ေလာ့စ္အိန္ဂ်လိျမဳိ႕တြင္ လက္ထပ္ခဲ့သည္။

Gene Goodenough သည္ အေမရိကန္အေျခစိုက္ ေရအားလွ်ပ္စစ္ကုမၸဏီ Nline Energy ၏ ဘ႑ာေရး ဆိုင္ရာ ဒုတိယဥကၠဌ ျဖစ္သည္။

ပရီသီးသည္ လက္ထပ္ျပီးေနာက္ ေလာ့စ္အိန္ဂ်လိသို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့ျပီး အိႏိၵယသို႔ မၾကာခဏ သြားေရာက္လည္ပတ္ေလ့ ရွိသည္။

ယခုအခါ ပရီသီးက မြန္ဘိုင္းျမဳိ႕ရွိ လူေနခန္းတစ္ခန္းကို ရူပီး ၁၇ ကုေဋေက်ာ္ျဖင့္ ဝယ္ယူလိုက္ေၾကာင္း IndexTap အိမ္ျခံေျမဝက္ဘ္ဆိုက္က ေဖာ္ျပသည္။

အဆိုပါ လူေနခန္းသည္ မြန္ဘိုင္းျမဳိ႕၏ အထင္ကရ Pali Hill အရပ္တြင္ တည္ရွိျပီး ၾကမ္းခင္းဧရိယာ ၁၄၇၄ စတုရန္းေပ ရွိကာ ကားပါကင္ ၂ ေနရာစာ ပါဝင္သည္။

ေရာင္းခ်သူမွာ Keystone Realtors Limited ျဖစ္ျပီး အေရာင္းအဝယ္ စာရြက္စာတမ္းမ်ားကို ေအာက္တိုဘာလ ၂၃ ရက္တြင္ မွတ္ပံုတင္ခဲ့ၾကသည္။

အဆုိပါ စာရြက္စာတမ္းမ်ားအရ ပရီသီးသည္ တံဆိပ္ေခါင္းခြန္ ရူပီး ၈၅ ဒသမ ၀၇ သိန္း ေပးခဲ့ရသည္ဟုဆိုသည္။

မၾကာေသးမီကာလအတြင္း မြန္ဘိုင္းတြင္ လူသိမ်ားေသာ အျခားအိမ္ျခံေျမအေရာင္းအဝယ္မွာ ေဘာလိဝုဒ္ ရုပ္ရွင္မင္းသား မေနာ့ ဘာ့ဂ်္ပါယီးႏွင့္ ဇနီးျဖစ္သူ ရွားဘနား ဘာ့ဂ်္ပါယီးတို႔က ေအာက္တိုဘာလ ၄ ရက္တြင္ မြန္ဘိုင္းျမဳိ႕ အိုရွီဝါရာ အရပ္ရွိ စတုရန္းေပ ၇၆၂၀ က်ယ္ဝန္းေသာ ရံုးခန္း ၄ ခုကို ရူပီး ၃၂ ဒသမ ၉၄ ကုေဋျဖင့္ ဝယ္ယူခဲ့မႈ ျဖစ္သည္။

ေဘာလိဝုဒ္ၾကယ္ပြင့္မ်ားျဖစ္ေသာ အမီတာဘဂ်မ္း ၊ ကာတစ္အာရန္ႏွင့္ ဆာရာအလီခန္းတို႔သည္လည္း မြန္ဘိုင္းျမဳိ႕တြင္ ရံုးခန္းမ်ား ဝယ္ယူပိုင္ဆိုင္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Preity Zinta buys Bandra apartment for Rs 17.01 crore (moneycontrol)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service