အင်္ဂလန်တွင် အိမ်နံပါတ် ၁၃ နေအိမ်တို့၏ ဈေးနှုန်းမှာ အခြားအိမ်များအောက် ပေါင် ၅၀၀၀ (မြန်မာကျပ်ငွေ ၁၂၈ သိန်း) ခန့် ဈေးသက်သာ

အင်္ဂလန်တွင် အိမ်နံပါတ် ၁၃ နေအိမ်တို့၏ ဈေးနှုန်းမှာ အခြားအိမ်များအောက် ပေါင် ၅၀၀၀ (မြန်မာကျပ်ငွေ ၁၂၈ သိန်း) ခန့် ဈေးသက်သာ - Property News in Myanmar from iMyanmarHouse.com
25 Oct 2023 10:05 am တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗြိတိန်တွင် အချို့သော အိမ်နံပါတ်ပါ နေအိမ်များကို ဝယ်ယူလိုပါက ပေါင် ၅၀၀၀ (မြန်မာကျပ်ငွေ ၁၂၈ သိန်း) ခန့် ပိုမိုဈေးသက်သာကြောင်း The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

(မှတ်ချက်။ အောက်တိုဘာ ၂၄ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၅၆၂ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်)

အိမ်ခြံမြေ အကျပ်အတည်း ၊ လူနေမှုစရိတ် ကြီးမြင့်မှုတို့နှင့် ရင်ဆိုင်ရလျက်ရှိသော ယနေ့ကာလတွင် လူသိနည်းသော အဆိုပါအချက်မှာ ငွေကုန်ကြေးကျ သက်သာမှုအချို့ ရနိုင်မည့် သတင်းလည်း ဖြစ်သည်။

 

 

 

(အချို့သော အိမ်နံပါတ်များကို ဝယ်ယူပါက ပေါင် ၅၀၀၀ ဝန်းကျင် သက်သာမည်ဖြစ်သည်။ ဓာတ်ပုံ-Getty)

 

Rightmove က ပြုလုပ်ခဲ့သော သုတေသနအရ နံပါတ် ၁၃ နေအိမ်များသည် ၀ မှ ၁၀၀ အထိ အခြားအိမ် နံပါတ်များနှင့် ယှဉ်လျှင် အိမ်တန်ဖိုးအနည်းပါးဆုံးဖြစ်ကြောင်း တွေ့ရသည်။

ကံမကောင်းသော ဂဏန်းဟု လူသိများသည့် ၁၃ ဂဏန်းတွင် ရှည်လျားသော သမိုင်းကြောင်းရှိနေပြီး ကမ္ဘာပေါ် ရှိ လူသန်းပေါင်းများစွာတို့သည် ၁၃ ရက်နှင့် သောကြာနေ့ တိုက်ဆိုင်သောရက်ကို လွန်စွာ ကြောက်ရွံ့ကြ သည်။

ယခုနှစ်အတွင်း ၁၃ ရက် သောကြာနေ့ ၂ ကြိမ်သာ ကျရောက်ရာ ပထမအကြိမ်မှာ ဇန်နဝါရီလအတွင်း ကျရောက်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ အယူသီးမှုတို့မှာ ခရစ်တော်၏ နောက်ဆုံးညစာစားပွဲနှင့် ဆက်နွယ်နေသည်။

ထိုညစာစားပွဲသို့ တက်ရောက်ခဲ့သူ ၁၃ ဦးရှိပြီး ယေရှုနှင့် သူ၏သာဝက ၁၂ ပါးဖြစ်သည်။

စင်စစ်အားဖြင့် ၁၃ ဂဏန်းမှာ နေ့စဉ်လူနေမှုဘဝတွင် ထိတွေ့ရမှု နည်းပါးသည်။

၁၃ လမြောက်ဟူ၍မရှိ ၊ ၁၃ လက်မ ပေတံမရှိ ၊ ၁၃ နာရီဟု ပြောလေ့မရှိ။

အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာ အက်ဒ်ဝါ့ဒ် သွမ်ဆင်က Birmingham Live သတင်းဌာနသို့ “အိမ်နံပါတ် ၁၃ မှာ နေရတာ မကြောက်ဘူးဆိုရင် ဈေးကွက်ထဲမှာ ဈေးနည်းနည်း ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

Rightmove သည် အိမ်ခြံမြေပေါင်း ၁၀ သန်းကျော်ကို လေ့လာခဲ့ရာတွင် အိမ်နံပါတ် ၁၃ တို့၏ ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် ပေါင် ၅၃၃၃ ခန့် ပိုမိုသက်သာကြောင်း တွေ့ရှိရသည်။

အိမ်နံပါတ် ၁ တို့မှာ အခြားနံပါတ်များနှင့် ယှဉ်လျှင် ပိုမိုဈေးကြီးသည်။

အိမ်နံပါတ် ၇ ကဲ့သို့ ကံကောင်းသည်ဟု သတ်မှတ်ကြသော အိမ်နံပါတ်များမှာလည်း အခြားအိမ်နံပါတ်များ ထက် ပျှမ်းမျှအားဖြင့် ဈေးနှုန်းမြင့်မားလေ့ရှိသည်။

၁၃ ဂဏန်းအပေါ် အယူသီးမှုများ ပြင်းထန်လှသောကြောင့် အိမ်ခြံမြေ developer များစွာမှာ အိမ်ရာသစ်များ ဆောက်လုပ်ရာတွင် ၁၃ ဂဏန်းကို ချန်လှပ်ထားလေ့ရှိကြသည်။

လန်ဒန်မြို့တော်ရှိ ချာလ်တန်ဟိုတယ်ကဲ့သို့ ဟိုတယ်များနှင့် အဆောက်အအုံများတွင် ၁၃ ထပ်မြောက်တစ်ခုလုံးကို ချန်လှပ်ထားကြသည်။

အိမ်ခြံမြေများ ရောင်းချသောအခါ ၁၃ ဂဏန်းမှာ စကားပြောစရာတစ်ခုဖြစ်လာလေ့ရှိကြောင်း Rightmove မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင် Tim Bannister က ပြောသည်။

အချို့သော အရောင်းအဝယ်များတွင် အိမ်ခြံမြေ၏ တန်ဖိုး ၃၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းစေမှုများ ရှိသည်။

 

 

(အိမ်နံပါတ် ၁၃ တို့သည် ၁ မှ ၁၀၀ အထိ အခြားအိမ်နံပါတ်များအောက် ဈေးနှုန်း နည်းပါးသည်။ ဓာတ်ပုံ-Getty)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: MAGIC NUMBER You could score a house for £5k LESS by picking a property with a specific door number (thesun)

 

 

 

 

[Zawgyi]

အဂၤလန္တြင္ အိမ္နံပါတ္ ၁၃ ေနအိမ္တို႔၏ ေစ်းႏႈန္းမွာ အျခားအိမ္မ်ားေအာက္ ေပါင္ ၅၀၀၀ (ျမန္မာက်ပ္ေငြ ၁၂၈ သိန္း) ခန္႔ ေစ်းသက္သာ

 

ျဗိတိန္တြင္ အခ်ဳိ႕ေသာ အိမ္နံပါတ္ပါ ေနအိမ္မ်ားကို ဝယ္ယူလိုပါက ေပါင္ ၅၀၀၀ (ျမန္မာက်ပ္ေငြ ၁၂၈ သိန္း) ခန္႔ ပိုမိုေစ်းသက္သာေၾကာင္း The Sun သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

(မွတ္ခ်က္။ ေအာက္တိုဘာ ၂၄ ရက္ သတ္မွတ္ေငြလဲႏႈန္း ျဗိတိန္ ၁ ေပါင္လွ်င္ ျမန္မာက်ပ္ေငြ ၂၅၆၂ ျဖင့္ တြက္ခ်က္ထားျခင္း ျဖစ္ပါသည္)

အိမ္ျခံေျမ အက်ပ္အတည္း ၊ လူေနမႈစရိတ္ ၾကီးျမင့္မႈတို႔ႏွင့္ ရင္ဆိုင္ရလ်က္ရွိေသာ ယေန႔ကာလတြင္ လူသိနည္းေသာ အဆိုပါအခ်က္မွာ ေငြကုန္ေၾကးက် သက္သာမႈအခ်ဳိ ႔ ရႏုိင္မည့္ သတင္းလည္း ျဖစ္သည္။

(အခ်ဳိ႕ေသာ အိမ္နံပါတ္မ်ားကို ဝယ္ယူပါက ေပါင္ ၅၀၀၀ ဝန္းက်င္ သက္သာမည္ျဖစ္သည္။ ဓာတ္ပံု-Getty)

Rightmove က ျပဳလုပ္ခဲ့ေသာ သုေတသနအရ နံပါတ္ ၁၃ ေနအိမ္မ်ားသည္ ၀ မွ ၁၀၀ အထိ အျခားအိမ္ နံပါတ္မ်ားႏွင့္ ယွဥ္လွ်င္ အိမ္တန္ဖုိးအနည္းပါးဆံုးျဖစ္ေၾကာင္း ေတြ႔ရသည္။

ကံမေကာင္းေသာ ဂဏန္းဟု လူသိမ်ားသည့္ ၁၃ ဂဏန္းတြင္ ရွည္လ်ားေသာ သမိုင္းေၾကာင္းရွိေနျပီး ကမၻာေပၚ ရွိ လူသန္းေပါင္းမ်ားစြာတို႔သည္ ၁၃ ရက္ႏွင့္ ေသာၾကာေန႔ တုိက္ဆုိင္ေသာရက္ကို လြန္စြာ ေၾကာက္ရြံ႕ၾက သည္။

ယခုႏွစ္အတြင္း ၁၃ ရက္ ေသာၾကာေန႔ ၂ ၾကိမ္သာ က်ေရာက္ရာ ပထမအၾကိမ္မွာ ဇန္နဝါရီလအတြင္း က်ေရာက္ခဲ့ျပီး ျဖစ္သည္။

အဆုိပါ အယူသီးမႈတို႔မွာ ခရစ္ေတာ္၏ ေနာက္ဆံုးညစာစားပြဲႏွင့္ ဆက္ႏြယ္ေနသည္။

ထိုညစာစားပြဲသို႔ တက္ေရာက္ခဲ့သူ ၁၃ ဦးရွိျပီး ေယရႈႏွင့္ သူ၏သာဝက ၁၂ ပါးျဖစ္သည္။

စင္စစ္အားျဖင့္ ၁၃ ဂဏန္းမွာ ေန႔စဥ္လူေနမႈဘဝတြင္ ထိေတြ႔ရမႈ နည္းပါးသည္။

၁၃ လေျမာက္ဟူ၍မရွိ ၊ ၁၃ လက္မ ေပတံမရွိ ၊ ၁၃ နာရီဟု ေျပာေလ့မရွိ။

အိမ္ျခံေျမအက်ဳိးေဆာင္ ကုမၸဏီတစ္ခုမွ ဒါရိုက္တာ အက္ဒ္ဝါ့ဒ္ သြမ္ဆင္က Birmingham Live သတင္းဌာနသို႔ “အိမ္နံပါတ္ ၁၃ မွာ ေနရတာ မေၾကာက္ဘူးဆိုရင္ ေစ်းကြက္ထဲမွာ ေစ်းနည္းနည္း ပိုမိုသက္သာတဲ့ ေစ်းႏႈန္းနဲ႔ ဝယ္ယူႏုိင္မွာျဖစ္ပါတယ္” ဟု ေျပာသည္။

Rightmove သည္ အိမ္ျခံေျမေပါင္း ၁၀ သန္းေက်ာ္ကို ေလ့လာခဲ့ရာတြင္ အိမ္နံပါတ္ ၁၃ တုိ႔၏ ေစ်းႏႈန္းမွာ ပ်မ္းမွ်အားျဖင့္ ေပါင္ ၅၃၃၃ ခန္႔ ပိုမိုသက္သာေၾကာင္း ေတြ႔ရွိရသည္။

အိမ္နံပါတ္ ၁ တို႔မွာ အျခားနံပါတ္မ်ားႏွင့္ ယွဥ္လွ်င္ ပိုမိုေစ်းၾကီးသည္။

အိမ္နံပါတ္ ၇ ကဲ့သို႔ ကံေကာင္းသည္ဟု သတ္မွတ္ၾကေသာ အိမ္နံပါတ္မ်ားမွာလည္း အျခားအိမ္နံပါတ္မ်ား ထက္ ပွ်မ္းမွ်အားျဖင့္ ေစ်းႏႈန္းျမင့္မားေလ့ရွိသည္။

၁၃ ဂဏန္းအေပၚ အယူသီးမႈမ်ား ျပင္းထန္လွေသာေၾကာင့္ အိမ္ျခံေျမ developer မ်ားစြာမွာ အိမ္ရာသစ္မ်ား ေဆာက္လုပ္ရာတြင္ ၁၃ ဂဏန္းကို ခ်န္လွပ္ထားေလ့ရွိၾကသည္။

လန္ဒန္ျမိဳ႕ေတာ္ရွိ ခ်ာလ္တန္ဟိုတယ္ကဲ့သို႔ ဟိုတယ္မ်ားႏွင့္ အေဆာက္အအံုမ်ားတြင္ ၁၃ ထပ္ေျမာက္တစ္ခုလံုးကို ခ်န္လွပ္ထားၾကသည္။

အိမ္ျခံေျမမ်ား ေရာင္းခ်ေသာအခါ ၁၃ ဂဏန္းမွာ စကားေျပာစရာတစ္ခုျဖစ္လာေလ့ရွိေၾကာင္း Rightmove မွ အိမ္ျခံေျမကၽြမ္းက်င္ပညာရွင္ Tim Bannister က ေျပာသည္။

အခ်ဳိ႕ေသာ အေရာင္းအဝယ္မ်ားတြင္ အိမ္ျခံေျမ၏ တန္ဖိုး ၃၀ ရာခိုင္ႏႈန္းခန္႔အထိ က်ဆင္းေစမႈမ်ား ရွိသည္။

(အိမ္နံပါတ္ ၁၃ တို႔သည္ ၁ မွ ၁၀၀ အထိ အျခားအိမ္နံပါတ္မ်ားေအာက္ ေစ်းႏႈန္း နည္းပါးသည္။ ဓာတ္ပံု-Getty)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: MAGIC NUMBER You could score a house for £5k LESS by picking a property with a specific door number (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service