အမေရိကန်တွင် သက်ကြီးရွယ်အိုစုံတွဲ နှစ်ပေါင်း ၂၀ အရစ်ကျငွေများ ပေးသွင်းထားသောအိမ်မှ သားဖြစ်သူ ကြောင့် နှင်ထုတ်ခံရ

အမေရိကန်တွင် သက်ကြီးရွယ်အိုစုံတွဲ နှစ်ပေါင်း ၂၀ အရစ်ကျငွေများ ပေးသွင်းထားသောအိမ်မှ သားဖြစ်သူ ကြောင့် နှင်ထုတ်ခံရ - Property News in Myanmar from iMyanmarHouse.com
15 Sep 2023 10:30 am တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် သက်ကြီးရွယ်အို ဇနီးမောင်နှံ ၂ ဦးက ထုတ်ဖော် ပြောကြားလာသည်မှာ ၎င်းတို့ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုကြာ နေထိုင်ခဲ့ပြီး အိမ်ခြံမြေအရစ်ကျ ပေးသွင်းငွေ များ ပေးသွင်းထားသော အိမ်မှ နှင်ထုတ်ခံရကြောင်း၊ သားဖြစ်သူက နေအိမ်ပိုင်ဆိုင်မှုကို အခြားတစ်ဦးထံ လွှဲပေးလိုက်သောကြောင့် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

အစ္စမာရယ်နှင့် အန်ဂျလီတာ ရမီရက်ဇ်တို့ ဇနီးမောင်နှံသည် ကယ်လီဖိုးနီးယားပြည်နယ်၊ Fresno မြို့ရှိ နေအိမ်တွင် နှစ်ပေါင်း ၂၀ ကြာနေထိုင်ခဲ့ပြီး အိမ်ခြံမြေအရစ်ကျငွေများ ပေးသွင်းခြင်း ၊ မိသားစုကို ပြုစုပျိုးထောင်ခြင်းများ ပြုလုပ်ကာ နေထိုင်ခဲ့ကြသည်။

ယခုနှစ်ဧပြီလတွင် နေအိမ်မှ ထွက်ခွာပေးရန် နှင်ထုတ်သည့် သတိပေးစာ ရရှိချိန်တွင် အစ္စမာရယ်တို့ ဇနီးမောင်နှံ တုန်လှုပ်သွားခဲ့ကြသည်။

“လစဉ် ကျွန်တော်တို့ အိမ်အတွက် အရစ်ကျငွေ ဒေါ်လာ ၇၀၀ သွင်းခဲ့ရတယ်”ဟု အစ္စမာရယ် ရမီရက်ဇ်က Fox 26 သတင်းဌာနသို့ ပြောသည်။

“ဒီအိမ်ဟာ ကျွန်တော်တို့ရဲ့အိမ်လို့ သိရဲ့သားနဲ့ ကျွန်တော်တို့ကလေးက ကျွန်တော်တို့အပေါ် ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ တွေးခဲ့ကြပါတယ်။”

သို့သော် အဆိုပါအိမ်သည် တရားဝင်အားဖြင့် ရမီရက်ဇ်တို့ ဇနီးမောင်နှံ၏ အိမ်မဟုတ်ချေ။

အဘယ်ကြောင့်ဆိုလျှင် အရောင်းအဝယ် စာချုပ်တွင် ဖော်ပြထားသည်မှာ ၎င်းတို့ဇနီးမောင်နှံအမည် မဟုတ်။

၂၀၀၃ ခုနှစ်အတွင်း ရမီရက်ဇ်တို့ဇနီးမောင်နှံသည် နေအိမ်ဝယ်ယူရန် ရှာဖွေရာတွင် အင်္ဂလိပ်စကား မပြောတတ်သောကြောင့် သားဖြစ်သူ၏ အကူအညီဖြင့် ရှာဖွေခဲ့ရသည်။

၎င်းတို့ ကြိုက်နှစ်သက်သော အိမ်တစ်လုံး ရှာတွေ့ချိန်တွင် အရောင်းအဝယ်စာချုပ်၌ သားဖြစ်သူက ၎င်း၏ နာမည်ဖြင့် တစ်ဦးတည်းပိုင်ရှင်အဖြစ် လက်မှတ်ထိုးခဲ့သည်။

ရမီရက်ဇ်တို့ ဇနီးမောင်နှံက ကန့်ကွက်ခဲ့ပြီး အရောင်းအဝယ် စာချုပ်တွင် ၎င်းတို့၏ နာမည်များလည်း ပါဝင်လို ကြောင်း ပြောခဲ့သည်။

သို့သော် သားဖြစ်သူနှင့် အိမ်ရောင်းသူတို့က ထိုသို့ လုပ်ဆောင်ရန် မလိုကြောင်း ပြောခဲ့ကြသည်။

 

 

(အစ္စမာရယ်နှင့် အန်ဂျလီတာ ရမီရက်ဇ်တို့ ဇနီးမောင်နှံသည် ကယ်လီဖိုးနီးယားပြည်နယ်၊ Fresno မြို့ရှိ နေအိမ်တွင် နှစ်ပေါင်း ၂၀ ကြာနေထိုင်ခဲ့ပြီး အိမ်ခြံမြေအရစ်ကျငွေများ ပေးသွင်းခြင်း ၊ မိသားစုကို ပြုစုပျိုးထောင်ခြင်းများ ပြုလုပ်ကာ နေထိုင်ခဲ့ကြသည်။ ဓာတ်ပုံ-KMPH)

“သားက ကျွန်တော်တို့ကို ပြောခဲ့တယ်။ အဲဒီလို လုပ်ဖို့ မလိုဘူးလို့ အိမ်ရောင်းသူတွေက ပြောတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော်တို့က အင်္ဂလိပ်စာ မတတ်တာကြောင့် သူတို့က လိမ်ခဲ့ကြတယ် ”ဟု အစ္စမာရယ် ရမီရက်ဇ်က ပြောသည်။

သားဖြစ်သူက ၎င်းတို့၏ ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ဆောင်မည်ကို ရမီရက်ဇ်တို့ မသိခဲ့။

ယခုနှစ်အစောပိုင်းတွင် သားဖြစ်သူက မိဘများကို မပြောဘဲ နေအိမ်ပိုင်ဆိုင်မှုကို အမျိုးသမီးတစ်ဦးအား လွှဲပြောင်းပေးခဲ့သည်။

ထိုအမျိုးသမီးက ရမီရက်ဇ်တို့ ဇနီးမောင်နှံအား နေအိမ်မှ နှင်ထုတ်သည့် သတိပေးအကြောင်းကြားစာ ပေးပို့ခဲ့ပြီး သူမက အိမ်ရောင်းတော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ရမီရက်ဇ်တို့ စုံတွဲသည် တရားဥပဒေ၏ အကာအကွယ်ရရှိရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်။

ရှေ့နေများ ငှားရမ်းရာတွင်လည်း အိမ်ပိုင်ဆိုင်မှုမှာ သားဖြစ်သူ၏ အမည်ပေါက်ဖြစ်နေသဖြင့် အမှုလိုက်ပေးရန် ရှေ့နေများက ငြင်းဆိုခဲ့ကြသည်။

 

(“လစဉ် ကျွန်တော်တို့ အိမ်အတွက် အရစ်ကျငွေ ဒေါ်လာ ၇၀၀ သွင်းခဲ့ရတယ်။ ဒီအိမ်ဟာ ကျွန်တော်တို့ရဲ့အိမ်လို့ သိရဲ့သားနဲ့ ကျွန်တော်တို့ကလေးက ကျွန်တော်တို့အပေါ် ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ တွေးခဲ့ကြပါတယ်။ ”ဟု အစ္စမာရယ် ရမီရက်ဇ်က Fox 26 သတင်းဌာနသို့ ပြောသည်။ ဓာတ်ပုံ-KMPH)

 

“ကျွန်တော်တို့ ခေါင်းပေါ်ကို ကောင်းကင်ကြီးပြိုကျသလို ခံစားခဲ့ရတယ်။ အဲဒီကတည်းက ကျွန်တော် လမ်းမလျှောက်နိုင်တော့ဘူး။ ဇနီးဖြစ်သူလည်း စိတ်ဓာတ်တွေကျပြီး အမြဲတမ်း သွေးတွေတိုးနေပါတယ်။”

((ရမီရက်ဇ်တို့ ဇနီးမောင်နှံကို ကူညီကြပါ))

 

 

(သားဖြစ်သူကြောင့် ရမီရက်ဇ်တို့ ဇနီးမောင်နှံမှာ အိမ်ယာမဲ့ ဖြစ်ခဲ့ရပြီ ဖြစ်သည်။ ယခုအခါ သမီးဖြစ်သူနှင့် နေထိုင်ရလျက် ရှိသည်။ အခြားသော သားသမီးများက ရမီရက်ဇ်တို့ ဇနီးမောင်နှံအတွက် GoFundMe ဝက်ဘ်ဆိုက်တွင် အလှူငွေ ကောက်ခံအကူအညီတောင်းထားသည်။ ဓာတ်ပုံ- GoFundMe)

 

ငွေပမာဏ ဒေါ်လာ ၄၅၀၀၀ ရရှိရန် ရည်မှန်းထားပြီး ဗုဒ္ဓဟူးနေ့ မနက်အထိ ဒေါ်လာ ၂၄၀၀၀ နီးပါး ရရှိနေပြီ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elderly couple evicted after they claim own son transferred home they’ve been making payments on for 20 years (nypost)

 

 

 

 

[Zawgyi]

အေမရိကန္တြင္ သက္ၾကီးရြယ္အိုစံုတြဲ ႏွစ္ေပါင္း ၂၀ အရစ္က်ေငြမ်ား ေပးသြင္းထားေသာအိမ္မွ သားျဖစ္သူ ေၾကာင့္ ႏွင္ထုတ္ခံရ

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ သက္ၾကီးရြယ္အို ဇနီးေမာင္ႏွံ ၂ ဦးက ထုတ္ေဖာ္ ေျပာၾကားလာသည္မွာ ၎တို႔ လြန္ခဲ့ေသာ ဆယ္စုႏွစ္ ၂ ခုၾကာ ေနထိုင္ခဲ့ျပီး အိမ္ျခံေျမအရစ္က် ေပးသြင္းေငြ မ်ား ေပးသြင္းထားေသာ အိမ္မွ ႏွင္ထုတ္ခံရေၾကာင္း၊ သားျဖစ္သူက ေနအိမ္ပိုင္ဆိုင္မႈကို အျခားတစ္ဦးထံ လႊဲေပးလိုက္ေသာေၾကာင့္ ႏွင္ထုတ္ခံရျခင္းျဖစ္ေၾကာင္း ေျပာသည္။

အစၥမာရယ္ႏွင့္ အန္ဂ်လီတာ ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံသည္ ကယ္လီဖိုးနီးယားျပည္နယ္၊ Fresno ျမိဳ႕ရွိ ေနအိမ္တြင္ ႏွစ္ေပါင္း ၂၀ ၾကာေနထိုင္ခဲ့ျပီး အိမ္ျခံေျမအရစ္က်ေငြမ်ား ေပးသြင္းျခင္း ၊ မိသားစုကို ျပဳစုပ်ဳိးေထာင္ျခင္းမ်ား ျပဳလုပ္ကာ ေနထိုင္ခဲ့ၾကသည္။ ယခုႏွစ္ဧျပီလတြင္ ေနအိမ္မွ ထြက္ခြာေပးရန္ ႏွင္ထုတ္သည့္ သတိေပးစာ ရရွိခ်ိန္တြင္ အစၥမာရယ္တုိ႔ ဇနီးေမာင္ႏွံ တုန္လႈပ္သြားခဲ့ၾကသည္။

“လစဥ္ ကၽြန္ေတာ္တို႔ အိမ္အတြက္ အရစ္က်ေငြ ေဒၚလာ ၇၀၀ သြင္းခဲ့ရတယ္”ဟု အစၥမာရယ္ ရမီရက္ဇ္က Fox 26 သတင္းဌာနသုိ႔ ေျပာသည္။

“ဒီအိမ္ဟာ ကၽြန္ေတာ္တို႔ရဲ႕အိမ္လုိ႔ သိရဲ႕သားနဲ႔ ကၽြန္ေတာ္တုိ႔ကေလးက ကၽြန္ေတာ္တို႔အေပၚ ဘာေၾကာင့္ ဒီလိုလုပ္တယ္ဆိုတာ ေတြးခဲ့ၾကပါတယ္။”

သို႔ေသာ္ အဆုိပါအိမ္သည္ တရားဝင္အားျဖင့္ ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံ၏ အိမ္မဟုတ္ေခ်။

အဘယ္ေၾကာင့္ဆုိလွ်င္ အေရာင္းအဝယ္ စာခ်ဳပ္တြင္ ေဖာ္ျပထားသည္မွာ ၎တို႔ဇနီးေမာင္ႏွံအမည္ မဟုတ္။

၂၀၀၃ ခုႏွစ္အတြင္း ရမီရက္ဇ္တို႔ဇနီးေမာင္ႏွံသည္ ေနအိမ္ဝယ္ယူရန္ ရွာေဖြရာတြင္ အဂၤလိပ္စကား မေျပာတတ္ေသာေၾကာင့္ သားျဖစ္သူ၏ အကူအညီျဖင့္ ရွာေဖြခဲ့ရသည္။

၎တု႔ိ ၾကိဳက္ႏွစ္သက္ေသာ အိမ္တစ္လံုး ရွာေတ႔ြခ်ိန္တြင္ အေရာင္းအဝယ္စာခ်ဳပ္၌ သားျဖစ္သူက ၎၏ နာမည္ျဖင့္ တစ္ဦးတည္းပိုင္ရွင္အျဖစ္ လက္မွတ္ထုိးခဲ့သည္။

ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံက ကန္႔ကြက္ခဲ့ျပီး အေရာင္းအဝယ္ စာခ်ဳပ္တြင္ ၎တို႔၏ နာမည္မ်ားလည္း ပါဝင္လုိ ေၾကာင္း ေျပာခဲ့သည္။ သို႔ေသာ္ သားျဖစ္သူႏွင့္ အိမ္ေရာင္းသူတို႔က ထိုသုိ႔ လုပ္ေဆာင္ရန္ မလိုေၾကာင္း ေျပာခဲ့ၾကသည္။

(အစၥမာရယ္ႏွင့္ အန္ဂ်လီတာ ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံသည္ ကယ္လီဖိုးနီးယားျပည္နယ္၊ Fresno ျမိဳ႕ရွိ ေနအိမ္တြင္ ႏွစ္ေပါင္း ၂၀ ၾကာေနထိုင္ခဲ့ျပီး အိမ္ျခံေျမအရစ္က်ေငြမ်ား ေပးသြင္းျခင္း ၊ မိသားစုကို ျပဳစုပ်ဳိးေထာင္ျခင္းမ်ား ျပဳလုပ္ကာ ေနထိုင္ခဲ့ၾကသည္။ ဓာတ္ပံု-KMPH)

“သားက ကၽြန္ေတာ္တုိ႔ကို ေျပာခဲ့တယ္။ အဲဒီလုိ လုပ္ဖု႔ိ မလိုဘူးလုိ႔ အိမ္ေရာင္းသူေတြက ေျပာတယ္ဆိုျပီး ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔က အဂၤလိပ္စာ မတတ္တာေၾကာင့္ သူတုိ႔က လိမ္ခဲ့ၾကတယ္ ”ဟု အစၥမာရယ္ ရမီရက္ဇ္က ေျပာသည္။

သားျဖစ္သူက ၎တို႔၏ ဘဝကို ေဇာက္ထိုးမုိးေမွ်ာ္ျဖစ္ေအာင္ လုပ္ေဆာင္မည္ကို ရမီရက္ဇ္တို႔ မသိခဲ့။

ယခုႏွစ္အေစာပိုင္းတြင္ သားျဖစ္သူက မိဘမ်ားကို မေျပာဘဲ ေနအိမ္ပိုင္ဆုိင္မႈကို အမ်ဳိးသမီးတစ္ဦးအား လႊဲေျပာင္းေပးခဲ့သည္။

ထိုအမ်ဳိးသမီးက ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံအား ေနအိမ္မွ ႏွင္ထုတ္သည့္ သတိေပးအေၾကာင္းၾကားစာ ေပးပို႔ခဲ့ျပီး သူမက အိမ္ေရာင္းေတာ့မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။

ရမီရက္ဇ္တို႔ စံုတြဲသည္ တရားဥပေဒ၏ အကာအကြယ္ရရွိရန္ ၾကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္။

ေရွ႕ေနမ်ား ငွားရမ္းရာတြင္လည္း အိမ္ပိုင္ဆုိင္မႈမွာ သားျဖစ္သူ၏ အမည္ေပါက္ျဖစ္ေနသျဖင့္ အမႈလုိက္ေပးရန္ ေရွ႕ေနမ်ားက ျငင္းဆိုခဲ့ၾကသည္။

(“လစဥ္ ကၽြန္ေတာ္တို႔ အိမ္အတြက္ အရစ္က်ေငြ ေဒၚလာ ၇၀၀ သြင္းခဲ့ရတယ္။ ဒီအိမ္ဟာ ကၽြန္ေတာ္တို႔ရဲ႕အိမ္လုိ႔ သိရဲ႕သားနဲ႔ ကၽြန္ေတာ္တုိ႔ကေလးက ကၽြန္ေတာ္တို႔အေပၚ ဘာေၾကာင့္ ဒီလိုလုပ္တယ္ဆိုတာ ေတြးခဲ့ၾကပါတယ္။ ”ဟု အစၥမာရယ္ ရမီရက္ဇ္က Fox 26 သတင္းဌာနသုိ႔ ေျပာသည္။ ဓာတ္ပံု-KMPH)

“ကၽြန္ေတာ္တို႔ ေခါင္းေပၚကို ေကာင္းကင္ၾကီးျပိဳက်သလို ခံစားခဲ့ရတယ္။ အဲဒီကတည္းက ကၽြန္ေတာ္ လမ္းမေလွ်ာက္ႏိုင္ေတာ့ဘူး။ ဇနီးျဖစ္သူလည္း စိတ္ဓာတ္ေတြက်ျပီး အျမဲတမ္း ေသြးေတြတိုးေနပါတယ္။”

((ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံကို ကူညီၾကပါ))

(သားျဖစ္သူေၾကာင့္ ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံမွာ အိမ္ယာမဲ့ ျဖစ္ခဲ့ရျပီ ျဖစ္သည္။ ယခုအခါ သမီးျဖစ္သူႏွင့္ ေနထုိင္ရလ်က္ ရွိသည္။ အျခားေသာ သားသမီးမ်ားက ရမီရက္ဇ္တို႔ ဇနီးေမာင္ႏွံအတြက္ GoFundMe ဝက္ဘ္ဆိုက္တြင္ အလွဴေငြ ေကာက္ခံအကူအညီေတာင္းထားသည္။ ဓာတ္ပုံ- GoFundMe)

ေငြပမာဏ ေဒၚလာ ၄၅၀၀၀ ရရွိရန္ ရည္မွန္းထားျပီး ဗုဒၶဟူးေန႔ မနက္အထိ ေဒၚလာ ၂၄၀၀၀ နီးပါး ရရွိေနျပီ ျဖစ္သည္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elderly couple evicted after they claim own son transferred home they’ve been making payments on for 20 years (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service