ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ နေအိမ်၊ သတင်းသမားဘဝဖြင့်ငွေစုဝယ်ယူသောအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ နေအိမ်၊ သတင်းသမားဘဝဖြင့်ငွေစုဝယ်ယူသောအိမ် - Property News in Myanmar from iMyanmarHouse.com
14 Feb 2022 11:20 am တွင် တင်ခဲ့သည်
1276 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်ဝန်ကြီးချုပ်ဘဝမရောက်သေးမီက သတင်းသမားဘဝ၊ မြို့တော်ဝန်ဘဝဖြင့် ဝင်ငွေများစွာရရှိခဲ့သည်။ ယခုအချိန်တွင် ဗြိတိန်ဝန်ကြီးချုပ်သည် ဒေါင်းနင်းလမ်း၊ ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်ခဲ့သောပါတီပွဲကို တက်ရောက်ခဲ့မှုဖြင့် ရာထူးမှ ဖယ်ရှားခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

အောက်လွှတ်တော်တွင် အတိုက်အခံပါတီမှ အမတ်များအပြင် သူ၏ပါတီမှ အမတ်များပါ ပါဝင်ကာ ဝန်ကြီးချုပ်အား ရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆိုမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်သည် လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း လော့ဒေါင်းချမှတ်ထားစဉ်ကာလအတွင်း ဝန်ကြီးချုပ်ရုံးဖြစ်သော လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ကျင်းပခဲ့သော ပါတီပွဲသို့ တက်ရောက်ခဲ့ခြင်းအတွက် တောင်းပန်မှုပြုရန် ဖိအားပေးခံနေရသည်။

(ဘောရစ်ဂျွန်ဆင်၏ ကြွယ်ဝမှု ဘယ်လောက်ရှိလဲ)

ဘောရစ်ဂျွန်ဆင်၏ အမည်ရင်းမှာ အလက်ဇန္ဒြား ဘောရစ် ဒီ ဖီဖယ်လ် ဂျွန်ဆင်ဖြစ်ပြီး Celebrity Net Worth တွင် ဖော်ပြချက်အရ ဂျွန်ဆင်၏ ကြွယ်ဝမှုမှာ ပေါင် ၁ ဒသမ ၄ သန်းဝန်းကျင်ခန့်ရှိသည်ဟု ဆိုသည်။

ကမ္ဘာကျော် အီတန်ကျောင်းတော်ကြီးနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်တို့မှ ကျောင်းပြီးချိန်တွင် ဘောရစ်ဂျွန်ဆင်သည် သတင်းသမားဘဝဖြင့် ၂၀၀၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင်ကား Henley-on-Thames မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် လန်ဒန်မြို့တော်ဝန်ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်လည်း မြို့တော်ဝန်အဖြစ် ထပ်မံရွေးကောက်ခံခဲ့ရသည်။

၂၀၁၆ ခုနှစ်တွင်ကား လွှတ်တော်အမတ်ဘဝသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဘောရစ်ဂျွန်ဆင်သည် ဒေးလီး တယ်လီဂရပ်ဖ် (the Daily Telegraph) သတင်းစာကြီးတွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်ခဲ့ရာ၌ နှစ်စဉ်ဝင်ငွေ ပေါင် ၂၅၀၀၀၀ ဝန်းကျင်ရရှိခဲ့သည်။

ဘောရစ်ဂျွန်ဆင်သည် မြို့တော်ဝန်ဘဝ တာဝန်ထမ်းဆောင်နေချိန်က တွဲဖက်အလုပ်တစ်ခုအနေဖြင့် သတင်းဆောင်းပါးရေးသားမှုများပြုလုပ်ရန် ကမ်းလှမ်းခဲ့စဉ်ကမူ အဆိုပါဝင်ငွေမျှကို ကလေးမုန့်ဖိုးဟု သရော်ခဲ့ဖူးသည်။

မြို့တော်ဝန်ဘဝနှင့် လွှတ်တော်အမတ်ဘဝများက စုစုပေါင်းဝင်ငွေ ပေါင် ၈၂၉၂၅၅ ခန့်ရရှိခဲ့ကြောင်း AJ Bell တွင် ဖော်ပြချက်အရသိရသည်။

လက်ရှိအချိန်တွင် သူ၏ ဝင်ငွေမှာ Uxbridge and South Ruislip မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ဝင်ငွေ ပေါင် ၈၁၉၃၂ နှင့် ဝန်ကြီးချုပ်အဖြစ် ဝင်ငွေ ပေါင် ၇၅၄၄၀ ရရှိရာ စုစုပေါင်း နှစ်စဉ်ဝင်ငွေ ပေါင် ၁၅၇၃၇၂ ခန့် ရရှိနေသည်။

(ဘောရစ်ဂျွန်ဆင်၏ အောက်စ်ဖို့ဒ်ရှိုင်းယား နေအိမ်)

The Spectator ၏ အယ်ဒီတာအဖြစ် လုပ်ကိုင်နေစဉ်ကာလအတွင်း ဘောရစ်ဂျွန်ဆင်သည် အောက်စ်ဖို့ရှိုင်းယားအရပ်ရှိ နေအိမ်ကို ပေါင် ၆၄၀၀၀၀ ဝန်းကျင်ဖြင့် ၂၀၀၃ ခုနှစ်အတွင်းတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဘောရစ်ဂျွန်ဆင်သည် လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း၊ အမှတ် ၁၁ ဝန်ကြီးချုပ်စံအိမ်တွင် နေထိုင်လျက်ရှိရာ အောက်စ်ဖို့ဒ်ရှိုင်းယားမှ နေအိမ်ကို လစဉ်ငှားရမ်းခ ပေါင် ၄၂၅၀ ဖြင့် အငှားချထားသည်။

အဆိုပါအိမ်၏ တန်ဖိုးမှာ ပေါင် ၁ ဒသမ ၂ သန်းခန့်ရှိကြောင်း ခန့်မှန်းရသည်။

မျက်စိပသာဒဖြစ်လှသော အဆိုပါနေအိမ်တွင် ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။

(ဘောရစ်ဂျွန်ဆင်၏ လန်ဒန်မှ နေအိမ်များ)

ဘောရစ်ဂျွန်ဆင်သည် နှစ်ပေါင်းများစွာ ကာလအတွင်း လန်ဒန်မြို့တွင် နေအိမ်အများအပြား၌ နေထိုင်ခဲ့သည်။

ဒုတိယအိမ်ထောင်ဖက် မရီနာ ဝှီလာ (Marina Wheeler) နှင့် လက်ထပ်ပြီးနောက် အစ္စလင်တန် (Islington) မှ စံအိမ်ကို ဝယ်ယူခဲ့ကြသည်။

ဝိတိုရိယဗိသုကာဟန် ၅ ထပ်အဆောက်အအုံသည် များစွာကျယ်ဝန်းလှပြီး လသာဆောင်တစ်ခုပါဝင်ကာ Regent အရပ်မှ တူးမြောင်းကို စီးမိုးတွေ့မြင်ရသည့် အခန်းများ ပါဝင်သည်။

အဆိုပါ အဆောက်အအုံကို ၂၀၁၉ ခုနှစ်အတွင်း ရောင်းချခဲ့ရာ ရာဖြတ်တန်ဖိုးဖြစ်သော ပေါင် ၃ ဒသမ ၇၅ သန်းအောက် နည်းပါးသည့်ဈေးနှုန်းဖြစ်သော ပေါင် ၄၀၀၀၀၀ မျှဖြင့် ရောင်းချခဲ့သည်။

ဝှီလာနှင့် ကွာရှင်းပြီးနောက်ပိုင်း ဘောရစ်ဂျွန်ဆင်သည် Camberwell မှ အခန်းတစ်ခန်းသို့ သူ၏ အချစ်သစ် (ယခုဇနီး) ကာရီ ဂျွန်ဆင် (Carrie Johnson ) နှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Boris Johnson's lavish country home, real name and massive earnings as journalist (mirror)

 

[Zawgyi]

ျဗိတိန္ဝန္ၾကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္၏ ေနအိမ္၊ သတင္းသမားဘဝျဖင့္ေငြစုဝယ္ယူေသာအိမ္

ေဘာရစ္ဂၽြန္ဆင္သည္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ဘဝမေရာက္ေသးမီက သတင္းသမားဘဝ၊ ျမိဳ႕ေတာ္ဝန္ဘဝျဖင့္ ဝင္ေငြမ်ားစြာရရွိခဲ့သည္။ ယခုအခ်ိန္တြင္ ျဗိတိန္ဝန္ၾကီးခ်ဳပ္သည္ ေဒါင္းနင္းလမ္း၊ ဝန္ၾကီးခ်ဳပ္ရံုးတြင္ ျပဳလုပ္ခဲ့ေသာပါတီပြဲကို တက္ေရာက္ခဲ့မႈျဖင့္ ရာထူးမွ ဖယ္ရွားခံရမည့္အေရးႏွင့္ ရင္ဆိုင္ေနရသည္။

ေအာက္လႊတ္ေတာ္တြင္ အတိုက္အခံပါတီမွ အမတ္မ်ားအျပင္ သူ၏ပါတီမွ အမတ္မ်ားပါ ပါဝင္ကာ ဝန္ၾကီးခ်ဳပ္အား ရာထူးမွႏႈတ္ထြက္ေပးရန္ ေတာင္းဆိုမႈႏွင့္ ရင္ဆိုင္ေနရျခင္း ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္သည္ လြန္ခဲ့ေသာ ၂၀၂၀ ျပည့္ႏွစ္၊ ေမလအတြင္း ေလာ့ေဒါင္းခ်မွတ္ထားစဥ္ကာလအတြင္း ဝန္ၾကီးခ်ဳပ္ရံုးျဖစ္ေသာ လန္ဒန္ျမိဳ႕၊ ေဒါင္းနင္းလမ္း အမွတ္ ၁၀ တြင္ က်င္းပခဲ့ေသာ ပါတီပြဲသို႔ တက္ေရာက္ခဲ့ျခင္းအတြက္ ေတာင္းပန္မႈျပဳရန္ ဖိအားေပးခံေနရသည္။

(ေဘာရစ္ဂၽြန္ဆင္၏ ၾကြယ္ဝမႈ ဘယ္ေလာက္ရွိလဲ)

ေဘာရစ္ဂၽြန္ဆင္၏ အမည္ရင္းမွာ အလက္ဇျႏၵား ေဘာရစ္ ဒီ ဖီဖယ္လ္ ဂၽြန္ဆင္ျဖစ္ျပီး Celebrity Net Worth တြင္ ေဖာ္ျပခ်က္အရ ဂၽြန္ဆင္၏ ၾကြယ္ဝမႈမွာ ေပါင္ ၁ ဒသမ ၄ သန္းဝန္းက်င္ခန္႔ရွိသည္ဟု ဆိုသည္။

ကမၻာေက်ာ္ အီတန္ေက်ာင္းေတာ္ၾကီးႏွင့္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္တို႔မွ ေက်ာင္းျပီးခ်ိန္တြင္ ေဘာရစ္ဂၽြန္ဆင္သည္ သတင္းသမားဘဝျဖင့္ ၂၀၀၁ ခုႏွစ္အထိ လုပ္ကိုင္ခဲ့သည္။

၂၀၀၁ ခုႏွစ္တြင္ကား Henley-on-Thames မဲဆႏၵနယ္ကိုယ္စားျပဳ လႊတ္ေတာ္အမတ္အျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္ လန္ဒန္ျမိဳ႕ေတာ္ဝန္ျဖစ္လာခဲ့ျပီး ၂၀၁၂ ခုႏွစ္တြင္လည္း ျမိဳ႕ေတာ္ဝန္အျဖစ္ ထပ္မံေရြးေကာက္ခံခဲ့ရသည္။

၂၀၁၆ ခုႏွစ္တြင္ကား လႊတ္ေတာ္အမတ္ဘဝသို႔ ျပန္လည္ဝင္ေရာက္ခဲ့ျပီး ၂၀၁၉ ခုႏွစ္တြင္ ဝန္ၾကီးခ်ဳပ္ ျဖစ္လာခဲ့ျခင္း ျဖစ္သည္။

ေဘာရစ္ဂၽြန္ဆင္သည္ ေဒးလီး တယ္လီဂရပ္ဖ္ (the Daily Telegraph) သတင္းစာၾကီးတြင္ ပင္တိုင္ေဆာင္းပါးရွင္အျဖစ္ လုပ္ကိုင္ခဲ့ရာ၌ ႏွစ္စဥ္ဝင္ေငြ ေပါင္ ၂၅၀၀၀၀ ဝန္းက်င္ရရွိခဲ့သည္။ ေဘာရစ္ဂၽြန္ဆင္သည္ ျမိဳ႕ေတာ္ဝန္ဘဝ တာဝန္ထမ္းေဆာင္ေနခ်ိန္က တြဲဖက္အလုပ္တစ္ခုအေနျဖင့္ သတင္းေဆာင္းပါးေရးသားမႈမ်ားျပဳလုပ္ရန္ ကမ္းလွမ္းခဲ့စဥ္ကမူ အဆိုပါဝင္ေငြမွ်ကို ကေလးမုန္႔ဖိုးဟု သေရာ္ခဲ့ဖူးသည္။

ျမိဳ႕ေတာ္ဝန္ဘဝႏွင့္ လႊတ္ေတာ္အမတ္ဘဝမ်ားက စုစုေပါင္းဝင္ေငြ ေပါင္ ၈၂၉၂၅၅ ခန္႔ရရွိခဲ့ေၾကာင္း AJ Bell တြင္ ေဖာ္ျပခ်က္အရသိရသည္။

လက္ရွိအခ်ိန္တြင္ သူ၏ ဝင္ေငြမွာ Uxbridge and South Ruislip မဲဆႏၵနယ္ကိုယ္စားျပဳ လႊတ္ေတာ္အမတ္အျဖစ္ ဝင္ေငြ ေပါင္ ၈၁၉၃၂ ႏွင့္ ဝန္ၾကီးခ်ဳပ္အျဖစ္ ဝင္ေငြ ေပါင္ ၇၅၄၄၀ ရရွိရာ စုစုေပါင္း ႏွစ္စဥ္ဝင္ေငြ ေပါင္ ၁၅၇၃၇၂ ခန္႔ ရရွိေနသည္။

(ေဘာရစ္ဂၽြန္ဆင္၏ ေအာက္စ္ဖို႔ဒ္ရႈိင္းယား ေနအိမ္)

The Spectator ၏ အယ္ဒီတာအျဖစ္ လုပ္ကိုင္ေနစဥ္ကာလအတြင္း ေဘာရစ္ဂၽြန္ဆင္သည္ ေအာက္စ္ဖို႔ရႈိင္းယားအရပ္ရွိ ေနအိမ္ကို ေပါင္ ၆၄၀၀၀၀ ဝန္းက်င္ျဖင့္ ၂၀၀၃ ခုႏွစ္အတြင္းတြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

လက္ရွိတြင္ ေဘာရစ္ဂၽြန္ဆင္သည္ လန္ဒန္ျမိဳ႕၊ ေဒါင္းနင္းလမ္း၊ အမွတ္ ၁၁ ဝန္ၾကီးခ်ဳပ္စံအိမ္တြင္ ေနထိုင္လ်က္ရွိရာ ေအာက္စ္ဖို႔ဒ္ရႈိင္းယားမွ ေနအိမ္ကို လစဥ္ငွားရမ္းခ ေပါင္ ၄၂၅၀ ျဖင့္ အငွားခ်ထားသည္။

အဆိုပါအိမ္၏ တန္ဖုိးမွာ ေပါင္ ၁ ဒသမ ၂ သန္းခန္႔ရွိေၾကာင္း ခန္႔မွန္းရသည္။

မ်က္စိပသာဒျဖစ္လွေသာ အဆိုပါေနအိမ္တြင္ ေရကူးကန္ႏွင့္ တင္းနစ္ကြင္းတို႔ ပါဝင္သည္။

(ေဘာရစ္ဂၽြန္ဆင္၏ လန္ဒန္မွ ေနအိမ္မ်ား)

ေဘာရစ္ဂၽြန္ဆင္သည္ ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း လန္ဒန္ျမိဳ႕တြင္ ေနအိမ္အမ်ားအျပား၌ ေနထုိင္ခဲ့သည္။

ဒုတိယအိမ္ေထာင္ဖက္ မရီနာ ဝွီလာ (Marina Wheeler) ႏွင့္ လက္ထပ္ျပီးေနာက္ အစၥလင္တန္ (Islington) မွ စံအိမ္ကို ဝယ္ယူခဲ့ၾကသည္။

ဝိတိုရိယဗိသုကာဟန္ ၅ ထပ္အေဆာက္အအံုသည္ မ်ားစြာက်ယ္ဝန္းလွျပီး လသာေဆာင္တစ္ခုပါဝင္ကာ Regent အရပ္မွ တူးေျမာင္းကို စီးမိုးေတြ႔ျမင္ရသည့္ အခန္းမ်ား ပါဝင္သည္။

အဆိုပါ အေဆာက္အအံုကို ၂၀၁၉ ခုႏွစ္အတြင္း ေရာင္းခ်ခဲ့ရာ ရာျဖတ္တန္ဖိုးျဖစ္ေသာ ေပါင္ ၃ ဒသမ ၇၅ သန္းေအာက္ နည္းပါးသည့္ေစ်းႏႈန္းျဖစ္ေသာ ေပါင္ ၄၀၀၀၀၀ မွ်ျဖင့္ ေရာင္းခ်ခဲ့သည္။

ဝွီလာႏွင့္ ကြာရွင္းျပီးေနာက္ပိုင္း ေဘာရစ္ဂၽြန္ဆင္သည္ Camberwell မွ အခန္းတစ္ခန္းသို႔ သူ၏ အခ်စ္သစ္ (ယခုဇနီး) ကာရီ ဂၽြန္ဆင္ (Carrie Johnson ) ႏွင့္အတူ ေျပာင္းေရႊ႕ေနထုိင္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Boris Johnson's lavish country home, real name and massive earnings as journalist (mirror)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service