နာတာလီ ပေါ့တ်မန်းက ကယ်လီဖိုးနီးယားခြံကို တိတ်တဆိတ်ရောင်းချခဲ့

နာတာလီ ပေါ့တ်မန်းက ကယ်လီဖိုးနီးယားခြံကို တိတ်တဆိတ်ရောင်းချခဲ့ - Property News in Myanmar from iMyanmarHouse.com
10 Feb 2022 11:02 am တွင် တင်ခဲ့သည်
896 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရောင်းချသူ- နာတာလီ ပေါ့တ်မန်း

ဝယ်လက်- David Kalt

တည်နေရာ- မွန်တီစီတို၊ ကယ်လီဖိုးနီးယား

ဈေးနှုန်း- ကန်ဒေါ်လာ ၈ သန်း

ဆောက်လုပ်သည့်ခုနှစ်- ၂၀၀၈

ဗိသုကာပညာရှင်- Barton Myers

အသေးစိတ်- စံအိမ်အကျယ်အဝန်း ၃၉၉၁ စတုရန်းပေ၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်း

အော်စကာဆုရှင် ဟောလိဝုဒ်မင်းသမီး နာတာလီ ပေါ့တ်မန်းသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘရာ၏ အရှေ့ဘက် မွန်တီစီတိုအရပ်ရှိ ၁၀ ဧကကျယ်ဝန်းသော ခြံဝန်းကို တိတ်တဆိတ်ရောင်းချခဲ့ကြောင်း ပေါ်ပေါက်လာသည်။

အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ပြီးခဲ့သောနှစ်အတွင်းကဖြစ်သော်လည်း ယခုအချိန်တွင်မှ သတင်းပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

နာတာလီ ပေါ့တ်မန်း၏ အဆိုပါခြံဝန်းသည် အရောင်းဈေးကွက်သို့ တရားဝင်ရောက်ရှိလာခဲ့ခြင်း မရှိသော်လည်း မှတ်တမ်းများအရ အရောင်းအဝယ်ဖြစ်သွားပြီးဖြစ်ကြောင်း သိလာရသည်။

အဆိုပါ အရောင်းအဝယ်သတင်းကို Siteline Santa Barbara က ပထမဆုံး စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဝယ်လက်အချို့ဖြင့် သီးသန့်ဆက်သွယ်ပြသ ရောင်းချခဲ့ခြင်းဖြစ်နိုင်သလို နာတာလီ ပေါ့တ်မန်း မငြင်းနိုင်လောက်သည့် ကမ်းလှမ်းချက်မျိုးဖြင့် ဝယ်ယူသွားခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်သည်။

မည်သို့ဆိုစေ နာတာလီ ပေါ့တ်မန်းတို့ ဇနီးမောင်နှံအတွက် ယခုအရောင်းအဝယ်မှ ငွေကြေးမြတ်စွန်းခဲ့ဖွယ်ရာ ရှိသည်။

ဗိသုကာပညာရှင် Barton Myers ဒီဇိုင်းရေးဆွဲပေးခဲ့သော အဆိုပါစံအိမ်နှင့်ခြံဝန်းကို ၎င်းတို့စုံတွဲက ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရောင်းချမှုမှ နာတာလီပေါ့တ်မန်းအတွက် အသားတင် ကန်ဒေါ်လာ ၈ သန်း မြတ်စွန်းခဲ့သည်။

ငွေသားအားလုံးဖြင့် ပေးချေခဲ့သော အဆိုပါအရောင်းအဝယ်တွင် ဝယ်လက်မှာ ချီကာဂိုအခြေစိုက် နည်းပညာလုပ်ငန်း ရင်းနှီးမြှုပ်နှံသူ David Kalt ဖြစ်သည်။

သူသည် အွန်လိုင်း စတော့ရှယ်ယာ ရောင်းဝယ်ရေး ကုမ္ပဏီ OptionsXpress ၏ ပူးတွဲ တည်ထောင်သူလည်း ဖြစ်သည်။

နာတာလီ ပေါ့တ်မန်း၏ အဓိကအခြေချနေထိုင်သော စံအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ Los Feliz အရပ်ရှိ ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်သည်။

နာတာလီ ပေါ့တ်မန်းသည် အသက် ၁၂ နှစ်သမီးအရွယ်ကတည်းက Leon: The Professional (1994) တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Star Wars ဇာတ်လမ်းတွဲ Episode 1 ဖြစ်သော The Phantom Menace (၁၉၉၉) ဇာတ်ကားဖြင့် ကမ္ဘာသိ သရုပ်ဆောင်ဖြစ်လာသည်။

ဘဲလေး ကကွက်ဖန်တီးမှု ပညာရှင် Benjamin Millepied နှင့် လက်ထပ်ခဲ့ပြီး ရင်သွေး ၂ ဦး ထွန်းကားသည်။

၂၀၁၀ ပြည့်နှစ်တွင် ရုံတင်ခဲ့သော Black Swan ဇာတ်ကားအတွက် အကောင်းဆုံးဇာတ်ဆောင်မင်းသမီး အော်စကာဆု ရရှိခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Natalie Portman Quietly Sells 10-Acre Montecito Estate (dirt)

 

 

[Zawgyi]

နာတာလီ ေပါ့တ္မန္းက ကယ္လီဖုိးနီးယားျခံကို တိတ္တဆိတ္ေရာင္းခ်ခဲ့

ေရာင္းခ်သူ- နာတာလီ ေပါ့တ္မန္း

ဝယ္လက္- David Kalt

တည္ေနရာ- မြန္တီစီတို၊ ကယ္လီဖိုးနီးယား

ေစ်းႏႈန္း- ကန္ေဒၚလာ ၈ သန္း

ေဆာက္လုပ္သည့္ခုႏွစ္- ၂၀၀၈

ဗိသုကာပညာရွင္- Barton Myers

အေသးစိတ္- စံအိမ္အက်ယ္အဝန္း ၃၉၉၁ စတုရန္းေပ၊ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္း

ေအာ္စကာဆုရွင္ ေဟာလိဝုဒ္မင္းသမီး နာတာလီ ေပါ့တ္မန္းသည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္တာ ဘာဘရာ၏ အေရွ႕ဘက္ မြန္တီစီတိုအရပ္ရွိ ၁၀ ဧကက်ယ္ဝန္းေသာ ျခံဝန္းကို တိတ္တဆိတ္ေရာင္းခ်ခဲ့ေၾကာင္း ေပၚေပါက္လာသည္။

အေရာင္းအဝယ္ျဖစ္ခဲ့သည္မွာ ျပီးခဲ့ေသာႏွစ္အတြင္းကျဖစ္ေသာ္လည္း ယခုအခ်ိန္တြင္မွ သတင္းေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

နာတာလီ ေပါ့တ္မန္း၏ အဆိုပါျခံဝန္းသည္ အေရာင္းေစ်းကြက္သို႔ တရားဝင္ေရာက္ရွိလာခဲ့ျခင္း မရွိေသာ္လည္း မွတ္တမ္းမ်ားအရ အေရာင္းအဝယ္ျဖစ္သြားျပီးျဖစ္ေၾကာင္း သိလာရသည္။

အဆိုပါ အေရာင္းအဝယ္သတင္းကို Siteline Santa Barbara က ပထမဆံုး စတင္ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

ဝယ္လက္အခ်ဳိ႕ျဖင့္ သီးသန္႔ဆက္သြယ္ျပသ ေရာင္းခ်ခဲ့ျခင္းျဖစ္ႏိုင္သလို နာတာလီ ေပါ့တ္မန္း မျငင္းႏိုင္ေလာက္သည့္ ကမ္းလွမ္းခ်က္မ်ဳိးျဖင့္ ဝယ္ယူသြားခဲ့ျခင္းမ်ဳိးလည္း ျဖစ္ႏိုင္သည္။

မည္သို႔ဆိုေစ နာတာလီ ေပါ့တ္မန္းတို႔ ဇနီးေမာင္ႏွံအတြက္ ယခုအေရာင္းအဝယ္မွ ေငြေၾကးျမတ္စြန္းခဲ့ဖြယ္ရာ ရွိသည္။

ဗိသုကာပညာရွင္ Barton Myers ဒီဇိုင္းေရးဆြဲေပးခဲ့ေသာ အဆိုပါစံအိမ္ႏွင့္ျခံဝန္းကို ၎တို႔စံုတြဲက ၂၀၁၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၆ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေရာင္းခ်မႈမွ နာတာလီေပါ့တ္မန္းအတြက္ အသားတင္ ကန္ေဒၚလာ ၈ သန္း ျမတ္စြန္းခဲ့သည္။

ေငြသားအားလံုးျဖင့္ ေပးေခ်ခဲ့ေသာ အဆိုပါအေရာင္းအဝယ္တြင္ ဝယ္လက္မွာ ခ်ီကာဂိုအေျခစိုက္ နည္းပညာလုပ္ငန္း ရင္းႏွီးျမွဳပ္ႏွံသူ David Kalt ျဖစ္သည္။

သူသည္ အြန္လိုင္း စေတာ့ရွယ္ယာ ေရာင္းဝယ္ေရး ကုမၸဏီ OptionsXpress ၏ ပူးတြဲ တည္ေထာင္သူလည္း ျဖစ္သည္။

နာတာလီ ေပါ့တ္မန္း၏ အဓိကအေျခခ်ေနထုိင္ေသာ စံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Los Feliz အရပ္ရွိ ၁၉၃၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့သည့္ စံအိမ္ျဖစ္သည္။

နာတာလီ ေပါ့တ္မန္းသည္ အသက္ ၁၂ ႏွစ္သမီးအရြယ္ကတည္းက Leon: The Professional (1994) တြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

Star Wars ဇာတ္လမ္းတြဲ Episode 1 ျဖစ္ေသာ The Phantom Menace (၁၉၉၉) ဇာတ္ကားျဖင့္ ကမၻာသိ သရုပ္ေဆာင္ျဖစ္လာသည္။

ဘဲေလး ကကြက္ဖန္တီးမႈ ပညာရွင္ Benjamin Millepied ႏွင့္ လက္ထပ္ခဲ့ျပီး ရင္ေသြး ၂ ဦး ထြန္းကားသည္။

၂၀၁၀ ျပည့္ႏွစ္တြင္ ရံုတင္ခဲ့ေသာ Black Swan ဇာတ္ကားအတြက္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသမီး ေအာ္စကာဆု ရရွိခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Natalie Portman Quietly Sells 10-Acre Montecito Estate (dirt)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service