အိမ်က ကိုယ့်အတွက် နွေးထွေးလုံခြုံမှုပေးတဲ့ နေရာလေးပါဆိုတဲ့ ရုပ်သံမင်းသမီး ပိုးကြာဖြူခင် - Celebrity Interview on Property from iMyanmarHouse.com
5453 ကြိမ် ကြည့်ရှု့ပြီး

အိမ်က ကိုယ့်အတွက် နွေးထွေးလုံခြုံမှုပေးတဲ့ နေရာလေးပါဆိုတဲ့ ရုပ်သံမင်းသမီး ပိုးကြာဖြူခင်

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေက တဆင့် ပရိသတ် အားပေးမှု အပြည့်အ၀ ရရှိထားတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်နဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ် ခဲ့သမျှကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီး အတွက် ပြန်လည် ရေးသားဖော်ပြလိုက်သည်။

မေး - အိမ်ဆိုတဲ့ ဝေါဟာရအပေါ်ဘယ်လို အဓိပ္ပာယ်ဖွင့် ချင်လဲ။

အိမ်ဆိုတဲ့ဝေါဟာရက ဘယ်လောက်ကောင်းတဲ့နေရာ ပဲ သွားသွား၊ ဘယ်လိုနေရာမျိုးပဲဖြစ်ဖြစ်၊ နောက်ဆုံးတော့ ကိုယ့်အိမ်ကိုပဲ တမ်းတတယ်၊ အိမ်က ကိုယ့်အတွက် နွေးထွေး လုံခြုံမှုပေးတဲ့နေရာလေးပေါ့။

မေး - လက်ရှိအိမ်ပုံစံကိုလည်းမိတ်ဆက်ပေးပါဦး၊ ဒီအိမ်လေး ကိုရော သဘောကျလား။

လက်ရှိနေတဲ့အိမ်က လုံးချင်းအိမ်လေးပါ၊ နှစ်ထပ်တိုက်လေးဖြစ်တဲ့အတွက် သဘောကျပါတယ်၊ ဒီအိမ်လေးက ညီမ အသက်ငါးနှစ်အရွယ် ကတည်းက နေခဲ့တဲ့အိမ်လေးပါ၊ အဲဒီအတွက် အရမ်းသဘောကျတယ်၊

မေး - Decoration ဆင်ရတာကြိုက်လား၊ ဘယ်လိုအပြင် အဆင်လေးတွေကြိုက်လဲ

Decoration ဆင်ရတာကြိုက်ပါတယ်၊ ချစ်စရာ ကောင်းတဲ့ ပုံလေးဖြစ်အောင်ပြင်ချင်တယ်၊ အိမ်ကို ညီမက ပစ္စည်းတွေအများကြီးနဲ့ ရှုပ်နေတာမျိုးမကြိုက်ဘူး၊ ရှင်းရှင်းလေးနဲ့ သန့်သန့်ပြန့်ပြန့် ပုံစံမျိုးပဲကြိုက်တယ်၊ ကန့်လန့်ကာ တွေကအစ အရောင်နုနုလေးတွေ ကြိုက်တယ်၊ အရောင်တောက်တောက်ကြီးတွေ မကြိုက်ဘူး။

မေး - လက်ရှိအိမ်ကိုပြန်ပြင်ဆောက်မယ်ဆိုရင် ဘယ်လိုပုံစံ ပြင်ဆောက်ချင်လဲ၊ စိတ်ကူးထဲက အိမ်ပုံစံဆိုရင် ဘယ်လိုပုံစံ ဖြစ်မလဲ။

လက်ရှိအိမ်ကို လေးထပ်တိုက်ပုံစံ ပြန်ပြင်ဆောက်ဖို့ လည်း ရှိပါတယ်၊ စိတ်ကူးထဲက အိမ်ဆိုရင် ညီမက အရမ်းကြီး ခမ်းခမ်းနားနား အကြီးကြီးတွေ သဘောမကျဘူး၊ ကိုယ့်မိသားစု သိုက်သိုက်ဝန်းဝန်းလေးနဲ့ နွေးထွေးတဲ့ပုံစံလေးကို သဘောကျတယ်၊ ပြီးတော့ အပင်လေးတွေစိုက်ရတာကြိုက်တယ်၊ ခြံစည်းရိုးမှာ အပင်လေးတွေစိုက်မယ်၊ ကံကောင်းစေတဲ့ အပင်လေးတွေစိုက်မယ်၊ အပင်လေးတွေနဲ့ စိမ်းစိမ်းစိုစိုလေးတွေဖြစ် ချင်တယ်။

မေး -ရန်ကုန်မဟုတ်တဲ့ အခြားဒေသဆိုရင် ဘယ်လို ဒေသ မှာ နေထိုင်ချင်လဲ။

ညီမအနုပညာအလုပ်တွေလုပ်မယ်ဆိုရင် ရန်ကုန်က ပိုအဆင်ပြေတယ်၊ အပန်းဖြေနေဖို့ ဆိုရင်တော့ ကလောဘက်၊ ဒါမှမဟုတ် မေမြို့ဘက်ဖြစ်ဖြစ် အေးတဲ့တောင်ပေါ်ဒေသ တစ်ခုခုမှာ ခြံလေးနဲ့ လုံးချင်းအိမ်သေးသေးလေးနဲ့ နေချင်တယ်။

မေး -အိမ်နဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုခုရှိခဲ့ဖူးလား။

အမှတ်တရရှိဖူးပါတယ်၊ ညီမ ၈ တန်းနှစ်မှာ အခုအိမ် ကို စပြောင်းတယ်၊ အဲဒီအချိန်မှာ အိမ်က မဆောက်ရသေးဘူး၊ ၈ တန်းနှစ်မှာ အိမ်ဆောက်တယ်၊ ညီမ ၁၀ တန်းဖြေပြီးတဲ့နှစ် မှာ နာဂစ်မုန်တိုင်းဖြစ်တော့ ညီမတို့အိမ် သစ်ပင်ပိတယ်၊ ဆောက် ပြီးကာစ အိမ်သစ်လေးကို သစ်ပင်ပိသွားတော့ နောက်တစ်ခေါက်ပြန်ဆောက်ရတယ်၊ အခုနဲ့ဆိုရင် သုံးခါ ရှိပြီပေါ့။

ပြီးတော့ ဒီအိမ်လေးမှာ ညီမနေခဲ့တာ အနှစ် ၂၀ လောက်ရှိပြီပေါ့၊ အိမ်စပြောင်းကတည်းက အမှတ်တရတွေ အများကြီးရှိတယ်၊ နောက်ပြီးတော့ မောင်နှမတွေ စုစုစည်းစည်းနဲ့ နေထိုင်နေတဲ့ အိမ်လေးဖြစ်တဲ့အတွက် အမှတ်တရတွေ အများကြီးရှိပါတယ်။

မေး -လတ်တလော အနုပညာလှုပ်ရှားမှုတွေ ရှိရင် ပြောပြပေးပါဦး။

လတ်တလောကကတော့ ကြယ်ကလေးရဲ့ ကောင်းကင် ဇာတ်လမ်းတွဲရိုက်ထားပါတယ်၊ ဧပြီလထဲမှာ ဇာတ်လမ်းတွဲ နောက်တစ်ခုရိုက်ဖို့ရှိပါတယ်၊ နယ်ဘက်တွေမှာ ဖျော်ဖြေရေး အနေနဲ့ သီချင်းဆိုဖို့လည်းရှိပါတယ်။

ဟုတ်ကဲ့ပါ။ အခုလို ဖြေကြားပေးတဲ့အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကလည်း အများ ကြီးကျေးဇူးတင်ပါတယ်။


အိမ့်မှူးခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်က ကိုယ့်အတွက် နွေးထွေးလုံခြုံမှုပေးတဲ့ နေရာလေးပါဆိုတဲ့ ရုပ်သံမင်းသမီး ပိုးကြာဖြူခင် - Celebrity Interview on Property from iMyanmarHouse.com
အိမ်က ကိုယ့်အတွက် နွေးထွေးလုံခြုံမှုပေးတဲ့ နေရာလေးပါဆိုတဲ့ ရုပ်သံမင်းသမီး ပိုးကြာဖြူခင် - Celebrity Interview on Property from iMyanmarHouse.com
အိမ်က ကိုယ့်အတွက် နွေးထွေးလုံခြုံမှုပေးတဲ့ နေရာလေးပါဆိုတဲ့ ရုပ်သံမင်းသမီး ပိုးကြာဖြူခင် - Celebrity Interview on Property from iMyanmarHouse.com
အိမ်က ကိုယ့်အတွက် နွေးထွေးလုံခြုံမှုပေးတဲ့ နေရာလေးပါဆိုတဲ့ ရုပ်သံမင်းသမီး ပိုးကြာဖြူခင် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App