အိမ်တော့ ရူးသွပ်တယ် အိမ်လှလှလေးနဲ့ နေချင်တယ်ဆိုတဲ့ အဆိုတော် ပိုပို - Celebrity Interview on Property from iMyanmarHouse.com
3517 ကြိမ် ကြည့်ရှု့ပြီး

အိမ်တော့ ရူးသွပ်တယ် အိမ်လှလှလေးနဲ့ နေချင်တယ်ဆိုတဲ့ အဆိုတော် ပိုပို

Posted by ဖူးဖူး (iMyanmarHouse.com)

မေး။ ပိုပို အခုတည်ဆောက်နေတဲ့ အိမ်ပုံစံလေးကို သိချင်ပါတယ်။

အိမ်လေးကတော့ သုံးထပ်အိမ်ပေါ့။ စတူရီယိုပါမယ်၊ အဓိကတော့ အိမ်ကို Classic ပုံစံလေးဖြစ်ပြီးတော့ ဘိုဆန် ဆန်လေးဖြစ်အောင် လုပ်ထားတယ်။ တစ်အိမ်လုံးကို Classic ပုံစံလေးဖြစ်အောင် လုပ်ထားတယ်။ အပင်လေးတွေ စိုက်ထား တယ်။ Box လေးတွေနဲ့ အပင်လေးတွေစိုက်တဲ့ဟာလေးတွေ ပါတယ်။ စတူရီယိုဆိုလည်း သဘာဝထဲရောက်သွားသလို ပုံစံ မျိုးလေးဖြစ်အောင် တည်ဆောက်ထားပါတယ်။


မေး။ ဒီအိမ်လေးကို ဘယ်အချိန်တည်းက တည်ဆောက်မယ်လို့ စဉ်းစားထားခဲ့တာလဲ။

အိမ်ဆောက်တာတော့ ပိုပို ငယ်ငယ်လေးကတည်း က ဆောက်ချင်တာပါ။ ငယ်ငယ်လေးကတည်းက အိမ်တစ် အိမ် လိုချင်တာပါ။ အဖွားပြောဖူးတဲ့ စကားတစ်ခုရှိတယ် အိမ် တစ်အိမ်ရှိလို့ရှိရင် ကိုယ့်အိမ်ထဲမှာ ထမင်းကို ငပိရည်နဲ့ စားနေ ရင်တောင်မှ ဘယ်သူမှ မသိဘူး၊ အိမ်ရှိဖို့ပဲလိုတယ် ကျန်တာ ဘာမှမလိုဘူးဆိုပြီး အဘွားကပြောခဲ့ဖူးတယ်။ ငယ်ငယ်လေး ကတည်း အိမ်ဆောက်ဖို့က ပိုပို စိတ်ထဲမှာ ရှိတယ်။ အဲဒီအတွက် ကိုလည်း သုံးလေးနှစ်လောက် ကြိုးစားပြီး စိတ်ထဲမှာ နစ်ထား တယ်။ အဓိက,ကတော့ အိမ်ကောင်းကောင်းနဲ့တော့ နေချင် တယ်။ ကားအကောင်းစားကြီးတွေကို သိပ်မရူးသွပ်ဘူး အိမ် တော့ ရူးသွပ်တယ်။ အိမ်လှလှလေးနဲ့ နေချင်တယ်။ အခုဆောက် ထားတဲ့ အိမ်လေးဆိုလည်း ပိုပို စိတ်ကူးထဲကအတိုင်း အိမ် အဖြူရောင်လေးပေါ့။


မေး။ ဒီအိမ်လေးက ငယ်ငယ်လေးကတည်းက ကိုယ်ဆောက်ချင်တဲ့ အိမ်ပုံစံနဲ့ ထပ်တူကျရဲ့လား။

အမှန်တိုင်းပြောရင်တော့ ဖြစ်တော့ဖြစ်တယ်။ ဒါပေ မယ့် သိပ်မဖြစ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ပိုပိုက ခြံကျယ် တာကို ကြိုက်တယ်။ ခြံကျယ်ကျယ်လေး လိုချင်ခဲ့တယ်။ အခု အိမ်လေးကတော့ မြေကသေးတော့ ခြံမကျယ်ဘူး။ အိမ်ကိုနေရာ ယူဆောက်ထားတော့ ခြံမကျယ်ဘူး။ ပိုပို ဆောက်ချင်တဲ့ပုံစံက ခြံကျယ်ကျယ် လေး မြက်ခင်းပြင်လေးနဲ့ အပင်လေးတွေရှိပြီး တော့ ခွေးလည်း
မွေးချင်တယ်။ အဲ့လိုမျိုး ကိုယ်လိုချင်တာနဲ့ နည်းနည်းလေးတော့ လွဲနေသေးတာပေါ့။ လူတွေက လောဘ မသတ်နိုင်ဘူးဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ကိုယ့်ရှိ တာလေးကိုပဲ ကျေနပ်ရမယ်။ ရောင့်ရဲ တင်းတိမ်ရမယ်ဆိုတော့ အခုလောလောဆယ်တော့ ကျေနပ်ပါတယ်။


မေး။ အခုအိမ်လေးဆောက်နေတာ ဘယ်လောက်ထိ ပြီးနေပြီလဲ။

ပြီးတောင်ပြီးတော့မယ် နောက်နှစ်လလောက်ဆိုရင် တော့ ပြီးပါပြီ။ အိမ်ဆောက်ရတာ စိတ်ထဲမှာ ပျော်တာ မပျော် တာတော့ မသိဘူး မှန်တွေ ဈေးသက်သာအောင် ဘယ်လိုဝယ် ရမလဲ ၊ ဘာတွေသုံးရမလဲ၊ Colour တွေ ဘယ်လို သုံးရမလဲ၊ လိုက်ကာတွေ ဘယ်လိုထည့်ရမလဲ၊ အဲကွန်းတွေ CCTV တွေ ရေတူးဖို့ကိစ္စတွေ ၊ တစ်အိမ်လုံးသုံးလို့ရှိရင် မီးတွေက ကုန်မှာ ဆိုးလို့
အစိုးရမီးလျှောက်ဖို့ကိစ္စတွေ အများကြီးပဲ စဉ်းစားရ တယ်။ အပင်စိုက်မယ့်ဟာတွေဆိုလည်း အင်ဂျင်နီယာက ပိုက် တွေမထုတ်ပေးသွားလို့ တိုင်ပတ်တွေကို IT နဲ့ ညှိပြီးတော့ ခြံ တွေတူးဖို့ ၊ ရေသန့်တွေ တပ်ဖို့ အများကြီးပဲ လုပ်နေရတာ ပေါ့။ ကိုယ့်ကိုယ်ကိုယ် အိမ်ဆောက်နိုင်လို့ ပျော်မပျော်တော့ မသိဘူး လောလောဆယ်တော့ တော်တော်ပင်ပန်းတယ်။


မေး။ ကိုယ်တိုင် အပင်ပန်းခံပြီး လုပ်နေတာက ကိုယ့် စိတ်တိုင်းကျဖြစ် စေချင်လို့လား။

ဟုတ်တယ် ။ စိတ်တိုင်းကျလည်း ဖြစ်စေချင်တယ်။ နောက်ပြီးပိုပိုက ပိုက်ဆံလည်း အရမ်းအကုန် မခံနိုင်ဘူးလေ။ ကိုယ်က ပိုက်ဆံရှိနေတဲ့ သူဆိုရင်တော့ ပိုက်ဆံကို အပုံလိုက် ပေးပြီးတော့ စိတ်တိုင်းကျ အကုန်လုပ်လို့ရတယ်လေ ။ အခုကျ တော့ ကိုယ်ကလည်း အများကြီးလည်း ပိုက်ဆံမတတ်နိုင်ဘူး ဆိုတော့ ကိုယ်တတ်နိုင်သမျှနဲ့ သေချာဆောက်ရတယ်၊ ဖြည်း ဖြည်းချင်းဆောက်ရတဲ့ သဘောပါ။ တတ်နိုင်သမျှ ဈေးသက်သာအောင်တော့ ကိုယ်လျှောက်လုပ်ရတယ်။ ကြိုးစားပြီးတော့ စုံစမ်းတယ်၊ သူငယ်ချင်းတွေကိုလည်း အကူအညီတောင်းတာတွေ လုပ်ရတာပေါ့။


မေး။ သုံးထပ်ဆောက်ထားတယ်ဆိုတော့ ကိုယ်က အထပ်မြင့်တိုက်တွေနဲ့ နေရာတာကို သဘောကျလို့လား။

မြေကလည်း အရမ်းမကြီးဘူး။ ပေ ၃၀ ပေ ၅၀ ဆိုတော့ မြေကလည်း အရမ်းမကြီးတော့ သုံးထပ်မဆောက်ရင် မလောက်ဘူး ။ ပိုပိုတစ်ယောက်တည်းနဲ့တင် တစ်ထပ်ကုန် သွားမှာပေါ့။ ဒုတိယတစ်ထပ်ကကျတော့ ဧည့်ခန်းနဲ့ အိမ်မှာ နေမယ့် အိမ်အကူတွေနေမယ်။ အဒေါ်တွေနေမယ်။ ပြီးရင် ဧည့်ခန်းနဲ့ ဧည့်သည်လာမယ့် နေရာလေးပေါ့။ အပေါ်ဆုံး အထပ်မှာတော့ ဘယ်သူမှ မရှိစေချင်ဘူး ကိုယ်တစ်ယောက်တည်းပဲ နေမယ်လို့ စီစဉ်ထားတယ်။ အောက်ဆုံးထပ်ကလည်း တစ်ထပ်တည်း စတူရီယိုသေချာလုပ်ထားတယ်။ အောက်ဆုံး ထပ်ကိုတော့ စတူရီယိုအတွက်ပဲ သုံးမယ်ဆိုပြီးတော့ စဉ်းစားပြီး သုံးထပ်ဆောက်ဖြစ်တာပါ။


မေး။ အဆိုတော်စဖြစ်ကတည်းက အိမ်လေးမှာ စတူရီယို ထည့်ဆောက် မယ်ဆိုတဲ့ အိုင်ဒီယာက ရှိခဲ့တာလား။

အဆိုတော်မဖြစ်ခင်ကတည်းက ရှိခဲ့တယ်လို့ ပြောရ မှာပေါ့။ အဲဒီကတည်းကိုက စတူရီယိုကို ကိုယ်ကပိုင်ချင်တာပါ။ အဆိုတော်ဖြစ်သွားတော့ ပိုဆိုးသွားတာပေါ့။ အဆိုတော်ဖြစ် သွားပြီးကတည်းက စတူရီယိုလေးနဲ့ဖြစ်ရင်တော့ ငါကြိုက်တဲ့ အချိန်သီချင်းသွင်းလို့ရမှာပဲလို့ တွေးမိတယ်။ နောက်ပိုင်းကျ တော့ အခြားအဆိုတော်တွေ၊ အခြားအနုပညာရှင်တွေက စီးပွား ရေးလုပ်ကြတယ်။ ကိုယ်ကျတော့ စီးပွားရေးလုပ်ရင် သိပ်မဖြစ်လောက်ဘူး၊ ကိုယ်လည်းမစဉ်းစားနိုင်ဘူး ၊ ကိုယ်လည်း လိုက်မလုပ်နိုင်ဘူးဆိုတော့ စတူရီယိုနဲ့ပဲ စီးပွားရေးလုပ်မယ်လို့ စဉ်းစားခဲ့တယ်။ ကိုယ်တိုင်လည်း အသုံးဝင်သလို အခြားသူ တွေအတွက်လည်း အသုံးဝင်တယ်။ ကိုယ့်ရဲ့ စီးပွားရေးအတွက်လည်း အဆင်ပြေတယ်ဆိုတော့ စတူရီယိုကို သေချာရှယ်ဆောက် နေတယ်။ စတူရီယို ဆောက်တာချည်းပဲကို အမိုက်စားဆောက် နေတာပေါ့။ ပစ္စည်းတွေ မပါသေးတာတောင် သိန်း ၆၀ ကျော် တယ်။ ဒါတောင် နှစ်ခန်းတည်းရှိသေးတာပေါ့။

မေး။ အိမ်မှာ စတူရီယိုရှိသွားပြီဆိုတော့ ပိုပိုသီချင်းတွေကို ပရိသတ် တွေက အများကြီး နားဆင်ခံစားရတော့မှာပေါ့။

အများကြီးဆိုတာထက်ကို ပိုပြီးတော့ အရည်အသွေး ကောင်းလာမှာပေါ့။ အရင်တုန်းကထွက်တဲ့ သီချင်းတွေကလည်း ကောင်းတဲ့သီချင်းတွေချည်းပါပဲ။ ဒါပေမယ့် အခုက အချိန်ပိုယူလို့
ရသွားတာပေါ့။ မကြိုက်ဘူးဆိုရင် ပြန်တီးလည်း ရတယ်လေ။ သူများစတူရီယိုမှာကျတော့ ကိုယ်က ပိုက်ဆံနဲ့ အချိန်လည်း ကြည့်ရသေးတာလည်း ရှိသေးတာပေါ့။ အခုက ကျတော့ Mood နဲ့ ပိုပြီးတော့ အလုပ်လုပ်လို့ရတာပေါ့။ အရင် တုန်းကကျတော့ Mood နဲ့ အလုပ်လုပ်လို့မရဘူး။


မေး။ အိမ်ကိုရော ဘာအရောင်လေးတွေ သုံးမယ်လို့ စဉ်းစားထားလဲ။

အိမ်လေးကိုတော့ အဖြူရောင်လေးပဲ သုတ်ထား ပါတယ်။ ပိုပိုနေမယ့် အထပ်ဆိုရင် အကုန်လုံး အဖြူတွေချည်း ပဲ အခန်းတွေအကုန်လုံးကို အဖြူရောင်လေးပါ။အဖြူလေးတွေ နဲ့ ကြမ်းပြင်ကိုတော့ အညိုရောင်လေးပေါ့ အဖြူနဲ့ အညို ရောင်ဘက်ကို သွားမှာပေါ့။ ဒုတိယထပ်မှာဆိုရင်တော့ ခဲရောင် လေးတွေ၊ နက်ပြာနဲ့ အဖြူနဲ့ စပ်ထားတာလေးတွေကို သွား မယ်။ အောက်ထပ်စတူရီယိုကိုတော့ ဘဲခေါင်းစိမ်းရောင်ကို သွားမယ်။ စတူရီယိုခန်းကိုတော့ သဘာဝပုံစံလေးလုပ်မယ် ဆိုတော့ ကာလာလေးတော့ နည်းနည်းစုံမယ်။ အ၀ါစပ်ထားတာ လေးတော့ နည်းနည်းသုံးမယ်။ ဒါပေမယ့် အရမ်းဝါတဲ့ အရောင် ကိုတော့ မကြိုက်တဲ့အတွက် အရမ်းကြီးဝါနေတဲ့အရောင်မျိုး ကိုတော့ မသုံးပါဘူး။ ကြယ်ပုံစံလေးတွေ လုပ်ချင်တာဆိုတော့ ကြယ်ပုံစံကို မီးလုံးတွေ အများကြီးတပ်ပြီးတော့ အောက်က ကျောက်စရစ်ခဲတွေနဲ့ သစ်သားတွေ ပုံစံမျိုးသွားမှာပါ။ အဲဒါ ကတော့ အိမ်ထဲမှာကို အဲ့လိုပုံစံမျိုးလေးလုပ်မှာပါ။ စတူရီယို ကို ၀င်လိုက်တိုင်း စိတ်က စိတ်အပန်းဖြေစေမယ့် ပုံစံမျိုးလေး ဖြစ်စေချင်တယ်။


မေး။ ကိုယ့်နေမယ့် အခန်းလေးကိုရော ဘယ်လိုပုံစံလေး ဆောက်မယ် လို့ စဉ်းစားထားသေးလဲ။

ပိုပိုလည်း ကိုယ့်အခန်းကို ကိုယ် ရှယ်ဆောက်မှာပါ။ ပိုပိုတစ်ခန်းလုံးကတော့ အဖြူလေးပဲ ဆောက်မယ်။ ပိုပိုက ရေချိုးခန်းကို အကြိုက်ဆုံးပဲဆိုတော့ ရေချိုးခန်းကိုတော့ သေချာ လေးပြင်ဆင်ပြီးတော့ကို ဆောက်သွားမှာပါ။


မေး။ Decoration ပိုင်းအတွက် ဘယ်လိုပစ္စည်းလေးတွေ သုံးမှာလဲ။

ပိုပိုက ပန်းပုအရုပ်အကြီးကြီးတွေကို မကြိုက်ဘူး။ ပိုပိုက ရှင်းရှင်းလေးတွေ ကြိုက်တယ်။ အရုပ်သေးသေးလေး တွေ ကြိုက်တယ်။ အဲ့လိုမျိုးပစ္စည်းလေးတွေပဲ ကြိုက်တယ်။အကြီးကြီးတွေကိုထားရတာ မကြိုက်ဘူး။ အဓိက, ကတော့ စာအုပ်တွေ ကြိုက်တယ်။ စာအုပ်တွေကိုတော့ အိမ်မှာ သေချာ စာအုပ်စင်နဲ့ သေချာလုပ်ဖြစ်မှာပါ။ အားလပ်ချိန်တွေမှာ စာအုပ် ဖတ်မယ်လေ။ ပြီးတော့ ပန်းလေးတွေ ကြိုက်တယ်။ ပန်းလေး တွေနဲ့ သေချာအလှဆင်မယ်။


မေး။ ရန်ကုန်မြို့မှာ အိမ်တစ်အိမ်ရဖို့ ဆိုတာ မလွယ်ကူတဲ့အခြေအနေ တစ်ခုဆိုတော့ အိမ်လေးအတွက် ကိုယ့်ဘက်က ကြိုးစားခဲ့ရတဲ့ အပိုင်းလေးတွေ ရှိရင်သိချင်ပါတယ်။

ပိုပို ဆို အဆိုတော် လုပ်နေတာပဲ ခြောက်နှစ်လောက် ရှိနေပြီလေ။ ခြောက်နှစ်အတွင်းမှာ အိမ်တစ်လုံးလောက် ပိုင်ရမယ်ဆိုပြီးတော့ ရည်မှန်းချက်ထားခဲ့ရတယ်။ အဲဒီအိမ်လေးကို ပိုင်ဖို့အတွက်လည်း ပိုပို သီချင်းတွေဆိုပြီး ကြိုးစားခဲ့ရတာပေါ့။


မေး။ ကိုယ့်အတွက် အိမ်ဆိုတာက ဘယ်လိုနေရာမျိုးဖြစ်မလဲ။

ဟုတ်တာပေါ့။ အိမ်က လူတိုင်းအတွက် နားခိုရာ ပဲလေ။ ဘယ်နေရာမှာ ဘယ်လောက်လှနေပါစေ။ ကိုယ့်အိမ် ရောက်လို့ရှိရင် စိတ်ချမ်းသာသွားရတာပါပဲ။ အဲဒီခံစားချက်ကတော့ အမြဲတမ်း ဖြစ်မိပါတယ်။


မေး။ အိမ်ဆိုတဲ့ စကားလုံးလေးကို ကိုယ်ရည်ညွှန်းပြောဆိုချင်တဲ့ စကားလေးတစ်ခုရှိမလား။

အိမ်ဆိုတာက ကိုယ့်ကို စိတ်ညစ်နေတဲ့ အချိန်ဖြစ်ဖြစ်၊ အပူကို ရှောင်ချင်တဲ့ အချိန်ပဲဖြစ်ဖြစ်၊ အေးတာကို ရှောင်ချင် တဲ့ အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကို ကာကွယ်ထားတဲ့ ရင်ဘတ်တစ်ခု လို့ပဲ ခံစားရပါတယ်။


မေး။ ရန်ကုန်မဟုတ်တဲ့ အခြားနေရာမှာနေရမယ်ဆိုရင်ရော ဘယ်နေရာမှာနေချင်တာလဲ။

အကုန်ကြိုက်ပါတယ်။ အကုန်ုလုံးကလည်း လှတာ ကို ပြင်ဦးလွင်ဆိုရင်လည်း တောင်တွေရှိတယ်။ ပန်းတွေလည်း အရမ်းလှတယ်။ ဒါပေမယ့်သူကရေမရှိဘူး။ အင်းလေး၊ တောင်ကြီး ဘက်ကိုတော့ ပိုကြိုက်တယ်။ အင်းလေးကို ပိုကြိုက်တယ် အင်းလေးမှာ ရေလည်းရှိတယ်။ သစ်ပင်ပန်းမန်တွေလည်း ရှိတယ်။ အေးလည်း အေးတယ်ဆိုတော့ အင်းလေးဘက်ကိုတော့ ပိုကြိုက်တယ်။ ကလောဘက်ကို ပိုကြိုက်တယ်။


မေး။ ခြောက်နှစ်တာလုံး ပိုပို ဘက်ကအမြဲရပ်တည်ပြီး ချစ်ခင် အားပေး နေတဲ့ ပရိသတ်တွေကိုရော ဒီကနေတဆင့် ဘာများပြောချင်သေးလဲ။

သူတို့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက် ပိုပြီးတော့ လေးနက်တဲ့ စကားရှိရင်ပြောချင်ပါတယ်။


ဖူးဖူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်တော့ ရူးသွပ်တယ် အိမ်လှလှလေးနဲ့ နေချင်တယ်ဆိုတဲ့ အဆိုတော် ပိုပို - Celebrity Interview on Property from iMyanmarHouse.com
အိမ်တော့ ရူးသွပ်တယ် အိမ်လှလှလေးနဲ့ နေချင်တယ်ဆိုတဲ့ အဆိုတော် ပိုပို - Celebrity Interview on Property from iMyanmarHouse.com
အိမ်တော့ ရူးသွပ်တယ် အိမ်လှလှလေးနဲ့ နေချင်တယ်ဆိုတဲ့ အဆိုတော် ပိုပို - Celebrity Interview on Property from iMyanmarHouse.com
အိမ်တော့ ရူးသွပ်တယ် အိမ်လှလှလေးနဲ့ နေချင်တယ်ဆိုတဲ့ အဆိုတော် ပိုပို - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)