စိတ်ကူးခဲ့တဲ့ အိမ်ပုံစံလေးက မှိုပွင့်ပုံစံအိမ်လေးတစ်လုံးပါလို့ ပြောပြတဲ့ သင်ဇာမြင့်မိုရ် - Celebrity Interview on Property from iMyanmarHouse.com
1844 ကြိမ် ကြည့်ရှု့ပြီး

စိတ်ကူးခဲ့တဲ့ အိမ်ပုံစံလေးက မှိုပွင့်ပုံစံအိမ်လေးတစ်လုံးပါလို့ ပြောပြတဲ့ သင်ဇာမြင့်မိုရ်

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

သရုပ်ဆောင် သင်ဇာမြင့်မိုရ် တွေ့ဆုံပြီး အိမ်ဆိုတဲ့ဝေါဟာရအပေါ်သူမခံယူ ထားတဲ့ ခံယူချက်၊ စိတ်ကူးထဲက သူရည်ရွယ်ထားတဲ့ အိမ်လေး အကြောင်း သူရဲ့အနုပညာလူပ်ရှားမူတွေကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် မေးမြန်းထားပါတယ်။

မေး - အိမ်ဆိုတဲ့ဝေါဟာရအပေါ် ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။

အိမ်ဆိုတာ အဆောက်အအုံတစ်ခုထဲမှာ နွေးထွေး ကြင်နာမှုတွေ စည်းလုံးမှု ချစ်ခြင်းမေတ္တာတွေနဲ့ ရိုင်းပင်းကူညီမှုတွေပါ အခိုင်အမာ တည်ဆောက်ထားရတဲ့ မိသားစုကမ္ဘာငယ်တစ်ခုပါ။

မေး - စိတ်ကူးထဲကအိမ်ပုံစံကဘယ်လိုပုံစံမျိုးဖြစ်မလဲ။

ကလေးဘ၀ကတည်းက စိတ်ကူးခဲ့တဲ့ အိမ်ပုံစံလေး က မှိုပွင့်ပုံစံအိမ်လေးတစ်လုံးပါ။ ခြံထဲမှာ ခူးစားစရာအသီးအပင်တွေရယ် နှင်းဆီတွေရယ် စိုက်ထားချင်တယ်။

မေး -သဘောကျတဲ့ အိမ်ပုံစံကကော ဘယ်လိုမျိုးလဲ။

သဘောကျတဲ့အိမ်ပုံစံက ကိုယ့်အ၀တ်အစား အဆောင်အယောင်တွေ စနစ်တကျထားလို့ရမယ့် သပ်သပ်ယပ်ယပ်ဖြစ်မယ့် အိမ်ပုံစံလေးပါ။

မေး - Decorations ဆင်တာသဘောကျလား၊ အရောင်ကို ဘယ်လိုအရောင်လေးတွေကြိုက်လဲ။

Decorations ကို ကြည့်လိုက်ရင် ရှင်းရှင်းလေးနဲ့ သန့်သန့်လေးဖြစ်နေမယ့် ပုံစံလေး ကြိုက်တယ်၊ အရောင်က လည်း အဖြူ(သို့) ပန်းနုလေးကြိုက်တယ်။

မေး -နေရာဒေသရွေးချယ်ခွင့်ရရင် ဘယ်လိုနေရာဒေသမှာ နေချင်လဲ၊ ဥပမာ တောင်ပေါ်ဒေသ၊ ကမ်းခြေ တစ်ခုခုပေါ့။

တောင်ပေါ်ဒေသလေးမှာ နေချင်တယ်၊ လေကောင်း လေသန့်လေးတွေနဲ့ လူတွေအရမ်းမများတဲ့နေရာမျိုးတွေကို သဘောကျတယ်။

မေး - လက်ရှိအိမ်ပုံစံကိုရောသဘောကျလား။

အရမ်းတော့ သဘောမကျသေးဘူး။ ကိုယ့်ပစ္စည်းတွေအရမ်းများပြီး နေရာတွေအနှံ့ယူထားရလို့ တခြားမိသားစုဝင်တွေကို အားနာမိတယ်။

မေး - အိမ်ဆိုတဲ့ခေါင်းစဉ်အောက်က ဖြည့်စွက်ပြောပြချင်တာ ရှိရင်ပြောပြပေးပါဦး။

အိမ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ညီမပြောချင်တာ ကတော့ ကိုယ့်မိဘအိမ်၊ ကိုယ့်အိမ်လောက် လွတ်လပ်ပြီး လုံခြုံတဲ့နေရာမရှိဘူး၊ ဖွချင်တဲ့အချိန် ဖွထားလို့ရတယ်၊ ရှင်းချင်တဲ့အချိန်မှ ထရှင်းလို့ ရတယ်လေ၊ အဲဒါကြောင့် ကိုယ့်အိမ်လေးက ကိုယ့်အတွက်နွေးထွေးလုံခြုံမှုတွေ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခုလို့ ဆိုချင်ပါတယ်။

မေး- လတ်တလောအနုပညာလှုပ်ရှားမှုလေးတွေလည်း ပြောပြ ပေးပါဦး။

လတ်တလောအနုပညာလှုပ်ရှားမှုကတော့ မဂ္ဂဇင်း ကာဗာလေးတွေရိုက်ဖြစ်တယ်၊ ရုပ်ရှင်ကားကြီးအနေနဲ့တော့ ဦးဝင်းထွန်း (ဒါရိုက်တာ ၀င်းထွန်းထွန်း) ရိုက်တဲ့ “တစ်ခါက ဆတ်သေချောင်း” ဇာတ်ကားမှာ ညီမ ပါဝင်ထားပါတယ်။ အဲဒီ့ မှာ ကိုအောင်ရဲလင်းပါတယ်၊ ဦးမင်းဦး၊ ကိုရဲလေး၊ ကိုမိုးယံဇွန်၊ ကိုပြေဇင်နဲ့ မကြီးစိုး(စိုးမြတ်သူဇာ) ရယ်၊ မသင်ဇာဝင့်ကျော် ရယ်၊ ဆုမြတ်နိုးဦးနဲ့ ညီမပေါ့နော်။ အဲဒီကားက သရုပ်ဆောင် တွေလည်း တော်တော်လေးများပါတယ်။


အိမ့်မှူးခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
စိတ်ကူးခဲ့တဲ့ အိမ်ပုံစံလေးက မှိုပွင့်ပုံစံအိမ်လေးတစ်လုံးပါလို့ ပြောပြတဲ့ သင်ဇာမြင့်မိုရ် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)