မိသားစု စုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်ဆိုတဲ့ မြနှင်းရည်လွင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
7046 ကြိမ် ကြည့်ရှု့ပြီး

မိသားစု စုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်ဆိုတဲ့ မြနှင်းရည်လွင် နှင့် တွေ့ဆုံခြင်း

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

နွေကန္တာဦး ရုပ်သံဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှု ရရှိထားသည့်အပြင် Toxic (အဆိပ်သွေး) ၊ ဇနီးချောများကွန်ယက် ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ် ဆောင်ထားပြီး အခြားဇာတ်လမ်းတွဲပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံထားရသည့် အနုပညာရှင်မှာ သရုပ်ဆောင် မြနှင်းရည်လွင်ဖြစ်သည်။ သူနှင့်တွေ့ ဆုံစဉ် သူ၏ စိတ်ကူးကမ်္ဘာထဲမှ သူတည်ဆောက်ချင်သည့် အိမ်လေးအကြောင်းကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် ပြန်လည်ရေးသားဖော်ပြလိုက်သည်။

မေး - အိမ်ဆိုတဲ့ ဝေါဟာရအပေါ် ဘယ်လို အဓိပ္ပာယ်ဖွင့်ဆို ချင်လဲ ။

ကိုယ့်အိမ်ကတော့ အကောင်းဆုံးပဲပေါ့ ၊ ဘယ်လောက် ကြီးပဲခရီးတွေသွားသွား ၊ ဟိုတယ်အကောင်းစားမှာပဲတည်း တည်း၊ ကိုယ့်အိမ် ကိုယ်ပြန်လာရင် ကိုယ့်အိပ်ရာလေးမှာ အိပ်လိုက်ရတဲ့ ဖီလင်က မတူဘူးပေါ့ ၊ အိမ်ကကိုယ့်ဘ၀အတွက် နွေးထွေးမှုပေးတဲ့ အလုံခြုံဆုံး နေရာလို့ ခံယူထားပါတယ် ။

မေး - လက်ရှိအိမ်လေးကိုရောသဘောကျလား။

အခုလက်ရှိကတော့ မြနှင်းတို့ မိဘအိမ်ပေါ့ ၊ အရင် ပုံစံကိုပဲ renovation ပြန်လုပ်ထားတယ်၊ မေမေတို့ လိုချင်တဲ့ ပုံစံလေးပြင်ထားတာပေါ့ ၊ လူကြီးတွေဆိုတော့ တစ်ထပ် ကလေးကိုပဲ ကျယ်ကျယ်ဝန်းဝန်းလေးဆောက်ထားတယ်၊ မြနှင်း အကြိုက်တော့မဟုတ်ဘူးပေါ့။

မေး - မြနှင်းက ဘယ်လိုအိမ်ပုံစံမျိုးလေးနေချင်တာလဲ။

မြနှင်းက မော်ဒန် ဒီဇိုင်း၊ Contemporary ပုံစံမျိုး သဘောကျတယ်။ မှန်တွေအများကြီး နဲ့  အချွန်အတက်တွေ နဲ့  ကြည့်လိုက်ရင်လေးထောင့်ပုံစံ၊ အထဲမှာလည်း မှန်တွေ အရမ်းများတဲ့ ပုံစံမျိုးကြိုက်တယ်။ ငယ်ငယ်ကတည်းကလည်း မော်ဒန် ဒီဇိုင်းတွေကြိုက်တယ်။ အဲလိုပုံစံက နိုင်ငံခြားမှာ ပို အတွေ့များတယ်။ အခုနောက်ပိုင်း ရန်ကုန်မှာလည်း အဆောက်များလာတယ်။ နောက်ပြီး မြနှင်းကလောမှာတွေ့ဖူးတဲ့  အိမ်ပုံစံမျိုးလည်း သဘောကျတယ်။ ထူးထူးဆန်းဆန်း ကျောက်တွေ နဲ့ လုပ်ထားတာ၊ အပင်တွေအုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေတာ၊ အဲလို ပုံစံမျိုးနဲ့လည်း နေချင်တယ်။

မေး - ရိုးရိုးတစ်ထပ်ကြိုက်လား၊ အထပ်မြင့်တွေကြိုက်လား။

မြနှင်းက နှစ်ထပ်အိမ်တွေကြိုက်တယ်။ ထပ်ခိုးပါ တာမျိုး၊ ကြောင်လိမ်လှေကားပါတာမျိုး၊ ရေကူးကန်ပါတာမျိုး ကြိုက်တယ်။ အိမ်ထဲမှာ ဘားထားတာမျိုးလည်းကြိုက်တယ်။

မေး - အိမ်အလှဆင်တာရော သဘောကျလား။ အရောင်တွေ ဆိုရင်ရော ဘယ်လိုအရောင်သဘောကျလဲ။

အဖြူ ရောင်ကြိုက်တယ်။ Decoration ကိုတော့ သူများတွေလို အစီအစဉ်တကျတော့ မထားချင်ဘူး။ အစပ် အဟပ်မရှိတဲ့ စိတ္တဇဆန်တဲ့ပုံစံထားရတာကြို က်တယ်။ သိပ်ပြီး ရိုးရှင်းတာမျိုးနဲ့ ရှုပ်ယှက်ခတ်နေတာကို တွဲပြီးထားတာမျိုး လုပ်ချင်တယ်။

မေး - ကိုယ်အနေချင်ဆုံးဒေသဆိုရင်ရော ဘယ်ဒေသမှာ နေထိုင်ချင်လဲ။

ဒေသကတော့ မြနှင်းက အင်္ဂလန်လို ဒေသမျိုးမှာ နေချင်တယ်။ အုံ့မှိုင်းတဲ့ ဖီလင်မျိုးကို မြနှင်းကြိုက်တယ်။စိမ်းလန်းတဲ့နေရာမျိုးဆိုရင် ဟောလိဝုဒ်လိုနေရာမျိုးမှာလည်း နေချင်တယ်။ နေပူနေပေမယ့် အရမ်းကြီး မပူဘူး။ အလှမပျက် သွားတဲ့ ရာသီဥတုမျိုးကို ကြိုက်တယ် ။

မေး - လက်ရှိမိသားစုဘ၀ကိုရော ကျေနပ်လား။ ကိုယ်တည် ဆောက်ချင်တဲ့ မိသားစုပုံစံကရော ဘယ်လိုပုံစံဖြစ်မလဲ။

အခုလက်ရှိဘ၀လေးကို မြနှင်းပျော်တယ်။ ကလေး တော့ မယူဘူးလို့ ဆုံးဖြတ်ထားတယ်။ မြနှင်းတို့  မွေးထားတဲ့ ခွေးလေးတစ်ကောင်ရှိတယ်။ သူ့ကိုပဲ ကိုယ့်သားသမီးလေးလို ချစ်ခင်တယ်။ တကယ့်ကို မိသားစုပုံစံလေးပါပဲ။ အဲဒီဘ၀ လေးကိုလည်း ကျေနပ်တယ်။ အရမ်းကြီးလောဘလည်း မထား ဘူး။ ပုံမှန်ကြိုးစားတယ်။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတာ ယုံကြည်တယ်။ အေးအေးချမ်းချမ်းလေးပဲ မြနှင်း ဖြတ်သန်းချင်တယ်။

မေး - အိမ်ထောင်တစ်ခု ခိုင်မြဲဖို့ ဘယ်လိုအရာတွေ ချည်နှောင် သင့်တယ်လို့ ထင်လဲ။

မြနှင်းတို့ကတော့ ဘာအလုပ်ပဲ လုပ်လုပ်တစ်ယောက် နဲ့ တစ်ယောက် တိုင်ပင်ဆွေးနွေးတယ်။ မြနှင်းတို့နှစ်ယောက် ကြားမှာ နားလည်မှု၊ လေးစားမှုတွေနဲ့ အပြန်အလှန် တည် ဆောက်ထားတဲ့အတွက် ပြဿနာ ကြီးကြီးမားမားမရှိဘူး။နောက်တစ်ခုက သစ္စာရှိမှုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု၊ သစ္စာရှိမှုကအရေးကြီးဆုံးပါပဲ။

မေး - အိမ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မြနှင်း ဖြည့်စွက် ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။

ကိုယ့်အိမ်ကတော့ အကောင်းဆုံးပါပဲ။ ကိုယ်က အိမ်ထောင်ပြုပြီဆိုရင် တစ်အိုးတစ်အိမ်ထူထောင်ကြတာလည်း ရှိတယ်။ မိသားစုနဲ့မခွဲဘဲ အတူတူနေကြလည်းရှိတယ်။ မြနှင်းတို့ နှစ်ယောက်ကျတော့ မိသားစုစုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံး ထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်။ ကိုယ့်ဘာသာ ခွဲနေရင် အရမ်းပျင်းစရာကောင်းတယ်။ မြနှင်းတို့နှစ်ယောက် လုံးက လူများများနဲ့ နေရတာကြို က်တယ်။ မိသားစုခံယူချက် တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးပေါ့။ ဘယ်သူမဆို ကိုယ့်မိသားစုခံယူချက်နဲ့  ကိုယ်အေးချမ်းနေပြီ ဆိုရင်တော့ မိသားစုဘ၀လေးက အဆင်ပြေမှာပါပဲ။


အိမ့်မှူးခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
မိသားစု စုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်ဆိုတဲ့ မြနှင်းရည်လွင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
မိသားစု စုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်ဆိုတဲ့ မြနှင်းရည်လွင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
မိသားစု စုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်ဆိုတဲ့ မြနှင်းရည်လွင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
မိသားစု စုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်ဆိုတဲ့ မြနှင်းရည်လွင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
မိသားစု စုစုစည်းစည်းနဲ့ အိမ်ကြီးတစ်လုံးထဲမှာ အတူတူနေကြရတာ ပိုသဘောကျတယ်ဆိုတဲ့ မြနှင်းရည်လွင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)