““x x x အရင်လိုပါပဲ x x x ငါစိတ်က မင်းဆီပဲရောက်နေတယ် x x x ဘယ်ဆီကိုများ နင်ထွက်လို့သွားပြီလဲ အချစ်ရယ် x x x အမှတ်တမဲ့များဟာ အမှတ်တရအဖြစ်နဲ့ ရင်မှာထင်ကျန်ဆဲ x x ငါရူးနိုင်တယ်””ဆိုတဲ့ အရင်လိုပါပဲ သီချင်းလေးကို ပရိသတ်ကြီးကြားဖူးမှာပါ
ဒီသီချင်းလေးအပြင် ကိုယ်တိုင်ရေးအသည်းကွဲသီချင်းတွေနဲ့ ပရိသတ်ကြား ရေပန်းစားအောင် မြင်ခဲ့သူက တေးသံရှင် ပိုပိုပါ။ တေးအယ်လ်ဘမ် လေးခု ထွက်ရှိထားတဲ့သူက လက်ရှိအချိန်မှာ တေးသံ ရှင်တစ်ဦးအဖြစ်သာမက သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ မြင်တွေ့နေရပါပြီ။ သူ့အတွက်တော့ အိမ်ဆို တာ ဘ၀ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းပါတဲ့လေ။ မိဘ၊ မောင်နှမ မရှိတော့တဲ့အတွက် ပရိသတ် တွေကို အချစ်ဆုံးလို့ဆိုခဲ့လေရဲ့။
သူနဲ့တွေ့ဆုံပြီး iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် သူရဲ့အချစ်ရေးကိုလည်း တစ်စိတ်တစ်ပိုင်း မေးဖြစ်ခဲ့ပါတယ်
မေး - အိမ်ဆိုတဲ့ စကားလုံးအပေါ် ပိုအနေနဲ့ဘယ်လိုခံစားမိ လ
အိမ်ကတော့ ဘ၀ပေါ့ ၊ ဘ၀မှာ အရေးအကြီးဆုံးအစိတ် အပိုင်းပေါ့။ ငြိမ်းချမ်းရာပေါ့ ၊ အိမ်လေး ဘယ်လောက်ပဲသေးသေး၊ ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ၊ ကိုယ်နေထိုင်ရတဲ့ ကိုယ့်အိမ်ဆိုတော့ လုံခြုံမှုရှိတယ်၊ အဲဒါ ပို ခံယူထားတဲ့အိမ်ပေါ့
မေး - လက်ရှိနေထိုင်နေတဲ့ အိမ်လေးကိုရော သဘောကျ လား
ပို့ အိမ်လေးကို ပို သဘောကျပါတယ်။ ပို့စိတ်ကြိုက် ပြင်ဆင်ထားတာလည်းဖြစ်တယ်။ ပရိသတ်တွေအားပေးမှုက နေ၀ယ်နိုင်ခဲ့တဲ့အိမ်လေးဖြစ်တာမို့ ပိုအရမ်းနှစ်သက်ပါတယ်။ အခုလည်း ထပ်ပြီးတော့အိမ်လေးကို အကောင်းဆုံးပြင်ဆင်ဖို့ ပိုက်ဆံတွေစုနေပါတယ်။
မေး - ပို့အနေနဲ့ ဒီအိမ်လေးအပြင် နောက်ထပ်ကော နေချင်တဲ့ နေရာမျိုးရှိသေးလား။
ဇွဲကပင်တောင်ခြေကို သဘောကျနေတယ်။ လူတွေနဲ့ ဝေးတဲ့နေရာပေါ့။ သစ်ပင်တွေ၊ တောတောင်တွေ၊ တိမ်တွေနဲ့ စိတ်ချမ်းသာဖို့ကောင်းတယ်။ ပြီးတော့ အဲဒီမှာ မှန်တွေနဲ့ အလှဆင်ထားတဲ့မှန်အိမ်လေးမှာ နံရံတွေကို အဖြူ ရောင်ဆေးတွေသုတ် ထားမယ်။ ဖြူဖွေးလှပနေတဲ့အိမ်လေးမှာ အတွင်းဒီဇိုင်းကို ပို့ စိတ်ကြိုက် ပိုနှစ်သက်တဲ့ အရာလေးတွေနဲ့ ဖန်တီးအလှဆင် ချင်တယ်။ ဒါ ပို့ စိတ်ကူးလေးပါ
မေး - လတ်တလော ဂီတလှုပ်ရှားမှုတွေရှိလား
ပို နောက်ထပ်တစ်ကိုယ်တော် ခွေထွက်ဖို့ ပြင်ဆင်နေ ပါ တယ် ၊။ အဲဒီအခွေမှာလည်း အရမ်းမိုက် တဲ့ အသည်းကွဲသီချင်း တွေ အများကြီးပါမယ်။ ပြီးတော့ ဂီတပုံစံလေး တွေလည်းပြောင်း လဲ ဖန်တီးဖို့ရှိပါတယ်။
မေး- ပို့ သီချင်းအများစုက ခံစားချက်ကိုဦးစားပေး ရေးဖွဲ့ထားတဲ့ သီချင်းတွေဆိုတော့ သီချင်းရေးရင် ဘယ်လိုအခြေအနေမျိုးတွေ မှာရေးလေ့ရှိလဲ
သီချင်းတွေကတော့ ပို အသည်းကွဲတဲ့အချိန်တွေ ပိုပြီး ရေးဖြစ်တယ်။ သီချင်းရေးရင်းနဲ့ ငိုပြီးရေးခဲ့ဖူးသလို၊ အဲဒီသီချင်း ကို ပြန်ဆိုတဲ့အချိန်မှာလည်း ငိုခဲ့ရဖူးပါတယ်။ အခုနောက်ပိုင်း အသည်းကွဲသီချင်းတွေမရေးဖြစ်တော့ဘူး။ အသည်းလည်း မကွဲ သလို အရမ်းကြီးလည်း အချစ်ဆိုတာ မရှိတော့ဘူး
မေး - သရုပ်ဆောင်အနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေရော ပရိသတ် ဘယ်တော့လောက်ကြည့်ခွင့်ရမလဲ။
“ဒိုင်ယာရီအသစ် ၊ အချစ်က ဆိုက်ကို” ဆိုတဲ့ ဗီဒီယို ကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထွက်ထားပါတယ်။ ကိုထူး ခြားနဲ့ ရိုက်ထားတာပါ။ ပို ပထမဆုံးခေါင်းဆောင်မင်းသမီး အနေနဲ့ ရိုက်ထားတဲ့ဇာတ်ကားပါ ။
မေး - ဂီတသမားတစ်ယောက် သရုပ်ဆောင်ဘက်မှာ အခြေ ချပြီဆိုတော့ အတွေ့အကြုံက ဘယ်လိုလဲ
သရုပ်ဆောင်ရတာနည်းနည်းတော့ခက်တယ်။ ပေါ့ပေါ့ ပါးပါးမဟုတ်ဘူး။ ပိုလုပ်ရတဲ့ ဇာတ်ရုပ်ပုံစံကလည်း အမှန်အတိုင်း ပြောရရင် ပို့အတွက်တော့ မလွယ်ဘူး။ အဲဒီဇာတ်ကားမှာ ပို့ ကာရိုက်တာက ဆိုက်ကိုဖြစ်နေတာ။ အချစ်ကြောင့် ခံစားရပြီး တော့ ဘယ်သူ့ကိုမှမချစ်ရဲတော့တဲ့ မိန်ကလေးတစ်ယောက်ပေါ့။ ယောက်ျားတွေကိုမြင်ရင် မသင်္ကာတဲ့အကြည့်နဲ့ကြည့်တယ်။ ဆိုက်ကိုဆန်ဆန် သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် သရုပ်ဆောင် ရတာ ခက်ပါတယ်။ ဒါကြောင့် ပရိသတ်တွေကိုကြိုပြီး တောင်း ပန်ချင်တာက ပိုကအရမ်းတော်တဲ့ သရုပ်တစ်ယောက်မဟုတ်တဲ့ အတွက် တတ်နိုင်သလောက် ကြိုးစားပြီး သရုပ်ဆောင်ထား ပါတယ်။ လိုအပ်ချက်တွေရှိရင်လည်း တောင်းပန်ပါတယ်
မေး- MNTV ရုပ်သံလိုင်းကပြမယ့် ရှပ် ၄ ချစ်သူ ဇာတ်လမ်းတွဲ မှာလည်း ပို သရုပ်ဆောင်ဖို့ လက်ခံထား တယ်ကြားတယ်။ ဇာတ်လမ်းတွဲက ပိုပြီး ပရိသတ်ကြား ပျံနှံ့လွယ်တော့ ပို့အတွက် တာဝန်ပိုကြီးသွားမလား။
အမှန်တိုင်းပြောရရင် ပို ကြောက်တယ် ။ အဲဒီဇာတ် လမ်းတွဲမှာ ပိုက ခပ်ချေချေပုံစံသရုပ်ဆောင်ရမှာပါလေ။ ဇာတ် လမ်းတွဲဖြစ်တဲ့အတွက် တာဝန်ပိုကြီးတယ်။ အဲဒါကြောင့် ပို လုပ်ရမယ့် ဇာတ်ကောင်စရိုက်ဝင်အောင် ပို့ဘက်က ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်တယ်။ ရုပ်ရှင်တွေကြည့်တယ်။ အ၀တ်အစား ပိုင်းတွေ သေချာလေ့လာတယ်။ ဇာတ်ညွှန်းပိုင်းမှာလည်း ပိုတို့ သေချာညှိနှိုင်းပြီး အကောင်းဆုံး ဖြစ်အောင်ပြင်ဆင်ထားပါ တယ်။
မေး - ပို့စိတ်ကူးထဲက မိသားစုဘ၀ပုံစံလေးဆိုရင်ရော ဘယ် လိုပုံစံလေးဖြစ်ချင်လဲ။ ဘယ်အချိန်လောက်ပုံဖော်ဖို့ စိတ်ကူးထား လဲ
မိသားစုဘ၀လေးတော့ ပိုလည်းလိုချင်ပါတယ် ၊ ပိုက ကလေးတွေအများကြီးမွေးချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ပိုက တစ်ယောက်တည်း အထီးကျန်ဆန်ဆန်နေနေရတော့ အဖော် တွေလည်းမရှိဘူး ။ အဲဒါကြောင့် ကလေးတွေ အများကြီးမွေးချင် တဲ့စိတ်ရှိတယ် ။ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေ ချင်တယ်။ တစ်နေ့နေ့တော့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး - လက်ရှိအချစ်ရေးအခြေအနေကရော သွေးအေးနေတုန်းပဲ လား။ အထီးကျန်မှုတွေကို နှစ်သိမ့်ပေးနိုင်မယ့် ဘ၀လက်တွဲဖော် ကိုရော ဘယ်တော့လောက်ပိုနဲ့အတူတွေ့ခွင့်ရမလဲ။
လက်ရှိအချစ်ရေးကတော့ ပိုတစ်ယောက်တည်းပါပဲ။အထီးကျန်မှုကိုဖြေသိမ့်ပေးမယ့်လက်တွဲဖော်က ကိုယ့်ကို ဒုက်္ခပေး သွားမှာစိုးလို့ မရှာသေးပါဘူး။ အထီးကျန်တာကမှ နေလို့ကောင်း သေးတယ်။ သူရောက်လာပြီး စိတ်ဆင်းရဲမှတော့ဘာလုပ်မှာလဲ။ မရှာသေးပါဘူး။ ကိုယ်ကသူများအပေါ်မှာ စိတ်ကောင်းထား မယ်။ မေတ်္တာထားမယ်ဆိုရင် အချိန်တန်ရင် ကိုယ့်ကိုတကယ် ချစ်ပြီးတော့ မေတ်္တာစစ် ၊ မေတ်္တာမှန်နဲ့ ချစ်တဲ့သူက တစ်နေ့ကျရင် တွေ့လာမှာပါ။ ပိုကတော့ အဲဒီလိုပဲယုံကြည်ထားပါတယ်။
မေး - အားပေးနေတဲ့ ပို့ရဲ့ပရိသတ်တွေကိုကောဘာတွေပြောပြ ချင်သေးလဲ
ပို အရင်တုန်းကရော ၊ အခုရော ပရိသတ်အချစ်တွေနဲ့ ပဲ ရှင်သန်နေပါတယ်။ ပို့မှာမိဘလည်း မရှိဘူး။ မောင်နှမအရင်း လည်းမရှိဘူး။ ပရိသတ်တွေရှိလို့ ပို ဒီအချိန်ထိရပ်တည်နိုင်တာ ပါ။ ပရိသတ်တွေ အားလုံးကို ပိုအရမ်းချစ်ပါတယ် ၊ ဒီထက်လည်း ပိုပြီးကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။
အိမ့်မှူးခင် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com