တစ်ထပ်အိမ်လေးတွေကိုသာ သဘောကျနှစ်သက်တယ်ဆိုတဲ့ ၀ိုင်းလေး - Celebrity Interview on Property from iMyanmarHouse.com
1523 ကြိမ် ကြည့်ရှု့ပြီး

တစ်ထပ်အိမ်လေးတွေကိုသာ သဘောကျနှစ်သက်တယ်ဆိုတဲ့ ၀ိုင်းလေး

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

အိမ်ဆိုတာ နားခိုရာ နေရာတစ်ခုပါ။ ကမ္ဘာပေါ် မှာ အနွေးထွေးဆုံးနေရာတစ်ခုလည်း ဖြစ် ပါတယ်။ အိမ်လေးတစ်လုံးသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် မိမိ ပိုင်တဲ့ အိမ်လေးကို မိမိစိတ်တိုင်းကျ ပြင်ဆင်ခြယ်သချင်တာ လူသားတိုင်းရဲ့ ဆန္ဒတစ်ခုပါ။

အိပ်မက်ဆုံရာ အစီအစဉ်မှာ တေးသံရှင်တစ်ဦးအဖြစ် ပရိသတ်ကသိလာခဲ့သည့်အပြင် Miss Myanmar World 2014 အလှမယ်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သည့် ၀ိုင်းလေး ကကော ဘယ်လိုအိမ်လေးတွေကို နှစ်သက်လဲ။ သူ့အတွက် အိမ်ဆိုတာ ဘယ်လို အဓိပ္ပာယ်တွေရှိနေတဲ့ နေရာတစ်ခုလဲ။ မိသားစုနဲ့အတူ ဘယ်လို ဒေသတွေမှာ အိမ်လေးဆောက်ပြီး နေချင်နေလဲ။ သူတည်ဆောက် ချင်တဲ့ အိမ်လေးထဲမှာ ဘယ်လို အရာတွေက သူ့အတွက် အဓိပ္ပာယ် ရှိနေလဲဆိုတာ ၀ိုင်းလေးကို အား ပေးချစ်ခင်ကြတဲ့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် မေးမြန်းဖြစ်ခဲ့ပါသည်။



မေး - ပထမဆုံးအနေနဲ့ အိမ်ဆိုတာ ၀ိုင်းလေး အတွက် ဘယ်လိုအဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာလဲ။



အိမ်ဆိုတာ ညီမအတွက်တော့ အေးချမ်းပျော်ရွှင် ရာ နားခိုရာ နေရာတစ်ခုတစ်ခုပေါ့။ ဘယ်နေရာရောက် ရောက် အချိန်တန်ရင်တော့ အားလုံးက ကိုယ့်အိမ်ကိုယ် ပြန်ကြရမှာပဲလေ။ အဝေးရောက်နေရင်တောင်မှပဲ ကိုယ့်အိမ် ကို လွမ်းနေကြတာဆိုတော့ အဓိကအိမ်မှာနေတဲ့အချိန် မှာ အပြင်သူစိမ်းတွေထက် ကိုယ့်မိသားစုနဲ့ နွေးနွေး ထွေးထွေးနေရတာကိုက အိမ်ရဲ့သာယာမှုပါ။ တစ်ချို့ ကျတော့ အိမ်က စည်းကမ်းတင်းကြပ်တာ၊ ပိတ်ပင်တာတွေ ရှိရင် အိမ်ကနေ ထွက်ပြေးချင်ကြတယ်။ ဒါပေမယ့် အချိန် တန်ရင် ကိုယ့်အိမ်ကိုယ်ပဲ လွမ်းနေကြရမှာပဲလေ။ အဲဒီတော့ ကိုယ့်အိမ်ကိုယ် တန်ဖိုးထားတတ်ဖို့လိုတယ်လို့ ထင်တယ်။ ညီမတို့ မိသားစုဆို ဘယ်အလုပ်မဆို တိုင်တိုင်ပင်ပင်နဲ့ တစ်စိတ် တစ်ဝမ်းတည်း ရှိတယ်။ စိတ်တူ ကိုယ်တူ ရှိတယ်။ နွေးနွေး ထွေးထွေးရှိတယ်။ ဒါ့ကြောင့်လဲ ညီမအတွက် မိသားစုတွေ စည်းစည်းလုံးလုံးနဲ့အတူရှိမှသာ အိမ်တစ်အိမ်ရဲ့ အဓိပ္ပာယ် ပြည့်ဝနိုင်မယ်လို့ ထင်တယ်။



မေး -၀ိုင်းလေးလုပ်နေတဲ့ အလုပ်တွေပေါ်မှာကော မိသားစု ရဲ့ အားပေးမှုက ဘယ်လောက်ထိ အရေးပါလဲ။



မိသားစုရဲ့အားပေးမှုက တကယ်လိုအပ်ပါတယ်။ ညီမမိသားစုက ညီမကို အများကြီးထောက်ပံ့ပေးတယ်။ ဖေဖေ ဆိုလည်း ညီမအတွက် အကြံညဏ်တွေပေးတယ်။ အမေဆိုလည်း ညီမနဲ့ တောက်လျှောက်လိုက်ပေးတယ်။ အစ်မအလတ် ဆို သူက အင်္ကျီချုပ်တော့ ညီမအတွက် အ၀တ်အစားတွေဆို သူပဲ စီစဉ်ပေးတယ်။ ချုပ်ပေးတယ်။ အစ်မကြီးက နိုင်ငံခြားမှာ ဆိုတော့ သူပံ့ပိုးနိုင်သလောက် ပံ့ပိုးပေးတယ်။ မိသားစုတစ်ခုလုံးက ညီမအတွက် အရေးပါပါတယ်။



မေး-လက်ရှိနေနေတဲ့ အိမ်လေးကကော ၀ိုင်းလေးအတွက် အဆင်ပြေလား။



လက်ရှိနေတဲ့ အိမ်က ညီမအတွက် အရမ်းအဆင်ပြေတယ်။ ညီမတို့ မိသားစု ငါးယောက်ရယ်၊ အိမ်အကျယ်အ၀န်း ကလည်း ပေ ၃၀ x ပေ ၆၀ ဆိုတော့ ဘာပဲပြောပြော တိုက်ခန်း အနေနဲ့လည်း အဆင်ပြေတယ်။ ကွန်ဒိုလောက်နီးနီးပေါ့။ နေရ တာ ကျယ်ကျယ်ဝန်းဝန်းရှိတယ်လို့ ခံစားရတယ်။ ညီမကလည်း အလုပ်တွေနဲ့ အိမ်မှာ အမြဲတမ်းနေရတာ မဟုတ်တဲ့အတွက် အလုပ်မရှိမှဘဲ အိမ်မှာပဲ နားနေဖြစ်တာဆိုတော့ အခုအိမ်လေးက ညီမအတွက် အဆင်ပြေပါတယ်။



မေး - ၀ိုင်းလေးအနေနဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင်ရမယ်ဆို ဘယ်လိုနေရာတွေမှာ နေချင်လဲ။



ညီမကတော့ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ကြိုက်တယ်။ ပတ်ဝန်းကျင် ဆူညံနေတာမျိုးကို မကြိုက်ဘူး။ မိသားစုနဲ့ အေးအေးချမ်းချမ်းဖြစ်မယ့်နေရာမျိုး ကို ညီမသဘောကျတယ်။ ရာသီဥတုအေးအေးလေးနဲ့ တောင် ပေါ်ဒေသတွေကို အရမ်းသဘောကျတယ်။



မေး - အိမ်ကိုကော ဘယ်လိုပုံစံမျိုးလေးတွေ သဘောကျ နှစ်သက်လဲ။



ညီမက အိမ်အကြီးကြီးတော့ မကြိုက်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အိမ်ကကြီးလေ နေမယ့်မိသားစု အရည်အတွက် နဲ့ အိမ်အကြီးကြီးထဲမှာ အထီးကျန်ဆန်မှုတွေရှိနေမယ်ဆိုရင် အဆင်မပြေဘူးပေါ့။ ရှိတဲ့ မိသားစုလေးနဲ့ နွေးနွေးထွေးထွေးနဲ့ ရှိမယ်ဆိုရင် ညီမသဘောကျပါတယ်။ တစ်ချို့ကျတော့ အိမ်က အကြီးကြီးမှာ မိသားစုတွေက ကိုယ့်အလုပ်တွေနဲ့ ကိုယ်ဆို လည်း အဆင်မပြေဘူးလေ။ နှစ်ထပ်၊ သုံးထပ် အိမ်တွေလည်း ညီမက သဘောမကျဘူး။ တစ်ထပ်အိမ်လေးတွေပဲ သဘောကျတယ်။



တစ်ထပ်အိမ်လေးကိုပဲ ခြံလေးနဲ့ သစ်ပင်လေးတွေ စိုက်ပြီး နေချင်တယ်။



မေး-အိမ်ကို အလှဆင်တာရော ၀ိုင်းလေး ၀ါသနာပါလား။ အလှဆင်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးလေးတွေ ပြင်ဆင်သွားချင်လဲ။



အလှဆင်ရမယ်ဆိုရင် ညီမက အရုပ်ကြိုက်တဲ့သူ ဆိုတော့ ထူးထူးဆန်းဆန်းအရုပ်လေးတွေနဲ့ ဆင်တာမျိုးကို ကြိုက်တယ်။ အရုပ်ကလည်း သိပ်ဝယ်စရာမလိုဘူး (ရယ်လျက်)၊ Fan တွေ ပေးတာနဲ့တင် ညီမအိမ်က အရုပ်တွေနဲ့ ပြည့်နေတာ ဆိုတော့ အရုပ်ကလေးတွေနဲ့ပဲ သဘောကျတယ်။ Decoration ကိုလည်း ရှုပ်ရှုပ်ယှက်ယှက် ပုံစံတွေ မကြိုက်ဘူး။ ရှင်းရှင်း လင်းလင်းပဲ သဘောကျတယ်။ မီးတွေဆင်ရင်လည်း အ၀ါရောင် မကြိုက်ဘူး။ ခေါင်းမူးသလို ခံစားရလို့ အဖြူဖက်သွားတာလေး တွေနဲ့ပဲ အလှဆင်သွားမယ်။



မေး-၀ိုင်းလေးမှာ ချစ်ရမယ့်သူကော ရှိနေပြီလား။



အချစ်ရေးကတော့ ညီမ ဘာမှ မပြောချင်သေးပါဘူး။



မေး - ၀ိုင်းလေးက Miss Myanmar World 2014 အလှမယ် တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုရခဲ့တယ်။ အခုဆို အဆိုပိုင်းမှာလည်း အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူဆိုတော့ အနာဂတ်မှာကော ၀ိုင်းလေးကို ဘယ်လို အောင်မြင်မှုတွေနဲ့ တွေ့မြင်ရအုံးမလဲ ။



အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ညီမ ဆက်လက်ကြိုးစားသွားမှာပါ။ ညီမ တတ်နိုင်သလောက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်။ ပရိသတ်ပေးတဲ့အားနဲ့ပဲ ညီမ ရှေ့ဆက်ကြိုးစား သွားမှာပါ။



မေး-လက်တလော အနုပညာလှုပ်ရှားမှုတွေရှိရင် ပြောပြပါ ဦး။



အခုက ပွဲတော်ရက်တွေဖြစ်တဲ့အတွက် ညီမ နယ်ပွဲ တွေဆိုဖို့ ရှိပါတယ်။ နောက်လထဲမှာတော့ ခရီးတွေထွက်ဖြစ် မယ်။ ဒီအပတ်ထဲမှာ Music mtv တစ်ပုဒ် တင်ပေးဖို့ရှိတယ်။ နောက်ပြီးတော့ ညီမရဲ့ ဒုတိယတစ်ကိုယ်တော် အခွေလေးလည်း လုပ်နေပါတယ်။



မေး-နောက်ဆုံးအနေနဲ့ ၀ိုင်းလေးကို အားပေးနေတဲ့ ပရိသတ် ကြီးအတွက် စကားလက်ဆောင်ပြောပေးပါဦး။



အားပေးနေတဲ့ ပရိသတ်တွေအတွက် ၀ိုင်းလေး အမြဲ ကြိုးစားနေပါတယ်။ နောက်ထပ်သီချင်းတွေ ထပ်လာရင်လည်း အားပေးပါဦးလို့ ပြောချင်ပါတယ်။



အိမ့်မှူးခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
တစ်ထပ်အိမ်လေးတွေကိုသာ သဘောကျနှစ်သက်တယ်ဆိုတဲ့ ၀ိုင်းလေး - Celebrity Interview on Property from iMyanmarHouse.com
တစ်ထပ်အိမ်လေးတွေကိုသာ သဘောကျနှစ်သက်တယ်ဆိုတဲ့ ၀ိုင်းလေး - Celebrity Interview on Property from iMyanmarHouse.com
တစ်ထပ်အိမ်လေးတွေကိုသာ သဘောကျနှစ်သက်တယ်ဆိုတဲ့ ၀ိုင်းလေး - Celebrity Interview on Property from iMyanmarHouse.com
တစ်ထပ်အိမ်လေးတွေကိုသာ သဘောကျနှစ်သက်တယ်ဆိုတဲ့ ၀ိုင်းလေး - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)