ချွေးနည်းစာနဲ့ ကြိုးစားတည်ဆောက်ထားတဲ့ အိမ်ကို ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ . . .အိုင်းရင်းဇင်မာမြင့်
Posted by နန္ဒာယမင်း (iMyanmarHouse.com)
Melody Word အဆိုပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကထဲကို တစ်စစတိုးဝင်ခဲ့သူလေးဖြစ်ပြီး အဆိုတော်လောကမှာ နေရာတစ်နေရာရခဲ့ပြီး အပြုံးချိုချိုလေး ပြုံးတတ်သူလေးက အိမ်ဒီဇိုင်းပုံစံလေးကလည်း မေမေ့စိတ်ကြိုက်ပြင်ဆင် ထားပေမယ့် ချွေးနည်းစာနဲ့ ကြိုးစားရှာဖွေပြီး ဆောက်ထားတဲ့အတွက် ပိုပြီးကြိုက်နှစ်သက်ကြောင်း ပြောလာတဲ့ အဆိုတော် သရုပ်ဆောင်အိုင်းရင်းဇင်မာမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ် . . .
နန္ဒာယမင်း
အခုလတ်တလော အနုပညာလှုပ်ရှားမှုက ပွဲတွေလိုက်ဆို နေဖြစ်ပါတယ်။ ဂျူလှိုင် ၁၆ ရက်ဆို အိုင်းရင်းက ဘိုကလေး ဘက်သွားဖို့ရှိတယ်။ ကိုဇော်ပိုင်ခွေကို VCD ရိုက်ပေးနေတယ်။အိုင်းရင်းရဲ့ တစ်ကိုယ်တော်ခွေ၊ ဒုတိယအခွေအတွက်လည်း စီစဉ်နေတယ်။ ကျြငခ ဠနိငသ ရိုက်နေတယ်။ မိုးနည်းနည်းများလို့ ခဏရပ်ထားပါတယ်။ Music Video ကတော့ တွက်ပြီးသွားပါပြီ။ အခွေနာမည်ကတော့ ချစ်လိှု့Single Aulbum ပေါ့။ စုံတွဲတစ်ပုဒ် ပါတယ်။ ကိုကောင်းကောင်းနဲ့၊ ဒီနှစ်မကုန်ခင်အခွေထွက်ဖို့ တော့ မှန်းထားပါတယ်။ အဓိကတော့ နယ်ပွဲတွေ အဆိုများပါ တယ်။ ပြည်ပခရီးစဉ်တွေရှိပါတယ်။ မသေချာသေးတော့ မပြောသေးဘူးနော်။
ဖက်ရှင်ဆိုတာတော့ အခုခေတ်က တစ်နေ့ထက်တစ်နေ့ အပြောင်းအလဲတွေရှိပါတယ်။ ဒါပေမဲ့ အိုင်းရင်းက ကိုယ့် အသွင်အပြင် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မယ့် ပုံမျိုးပေါ့။ အလွန် အကျွံတော့ မဝတ်ဖြစ်ဘူး။ မြန်မာ ပြည်သူဖြစ်လို့လားတော့ မသိဘူး မြန်မာဝတ်စုံကိုတော့ နှစ်သက်တယ်။ တန်ဖိုးလည်း ထားတယ်။ ပြီးတော့ အခြားဝတ်စုံတွေနဲ့ မတူဘူး။ အဲဒါဝတ်ထား ရင်ကို ယုံကြည်မှုပိုရှိသလိုပဲ၊ ပိုပြီး လိုက်ဖက်တယ်လို့လည်း ခံစားမိတယ်။ အိမ်မှာ နေရင်းကတော့ ရာသီဥတုအပေါ် မူတည်ပြီး နေထိုင်စားသောက်ပါတယ်။ နွေရာသီဆို ဘောင်းဘီ တိုနဲ့ ပေါ့ပေါ့ပါးပါးဝတ်တယ်။ မိုးရာသီဆို ခြင်ကိုက်မှာကြောင့် အရှည်တွေ)တ်ဖြစ်တယ်။ နှစ်ထပ်သုံးထပ်ဝတ်ရတာ မကြိုက်ဘူး။
အိမ်ရဲ့ အသွင်အပြင်ကတော့ လုံးချင်းနှစ်ထပ်တိုက် အိမ် လေးပါအစ်မ အပေါ်ထပ်ခိုးလည်းပါပါတယ်။ နောက်ပြီးတော့ အပေါ်ဆုံးထပ်မှာ ဘုရားရှိခိုးဦးဆောင်လိုမျိုး လုပ်ထားပါတယ်။ ဆုတောင်းစင်ပုံစံမျိုး လုပ်ထားပါတယ်။ အိုင်းရင်းတို့က ခရစ် ယာန် ဆိုတော့ အပေါ်ထပ်ခိုးလှေကားတွေကိုတော့ အတွင်းက ပဲ သွားလို့ရတဲ့ပုံစံမျိုး လုပ်ထားပါတယ်။ မေမေ့စိတ်ကြိုက်ပါပဲ။ အိုင်းရင်းလည်းကြိုက်တယ်။ သိပ်တော့မထူးခြားပေမယ့် ရိုးရိုး သားသားကြိုးစားပြီး ချွေးနည်းစာနဲ့ ဆောက်ထားတာဆိုတော့ အရမ်းကြိုက်ပါတယ်။ အသားရောင်နဲ့ ရွှေအိုရောင်ကိုပဲ တစ် အိတ်လုံးသုံးထားပါတယ်။ မီးဆိုင်း၊ ပန်းအိုးတွေကအစ နောက် နှစ်တွေကျ ပုံစံပြောင်းရင် အရောင်ပါ ပြောင်းမှာပါ။ အိမ်ပြင် ဆင်ရတာကို စိတ်ဝင်စားပါတယ်။ မေမေ့ကို အကြံဥာဏ်ပေးတာ မျိုးတော့ ရှိတယ်။ ကိုယ်တိုင်ကျတော့ အလုပ်တစ်ဖက်နဲ့ဆို အဆင်မပြေဘူး။
ဧည့်ခန်းကို အဓိကတော့ြွေကပြားနဲ့ အလှဆင်ထားတာပါ။ Music သမားဖြစ်တဲ့အတွက် စန္ဒယားတစ်ခုနဲ့လည်း ပြင်ဆင်ထား တယ်။ အလှပန်းအိုးလေးတွေနဲ့ အလှဆင်ထားတယ်။ ပန်းအတု တွေပေါ့။ အမှတ်တရ ဓာတ်ပုံတွေလည်း ချိတ်ဆွဲထားပါတယ်။
အိမ်ခန်းကတော့ အခုထိ မေမေနဲ့ပဲ အတူတူအိပ်တာ အခန်းထဲမှာတော့ ထူးထူးခြားခြား ပြင်ဆင်ထားတာမရှိဘူး။ အရုပ်တွေဆို သိပ်ကြိုက်တာ အခင်းတွေကအစ အရုပ်ပုံစံတွေပဲ ခင်းထားတယ်။ အရုပ်တွေများလို့ စင်ရိုက်ပြီး တင်ထားတယ်။ လက်ဆောင်ရတာတွေရော ကြိုက်လို့ဝယ်ထားတာတွေရော အများကြီးပဲ။ အိမ်ဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့အရာ တစ်ခုပါ။ မိသားစုတွေ စုဝေးပြီး နေတဲ့အရာမို့လို့ ဘယ်လိုပုံစံပဲ ရှိနေနေ တန်ဖိုးရှိပါတယ်။
နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com