လွတ်လပ်ပေါ့ပါးမှုကို ကြိုက်တဲ့ ဝေလ - Celebrity Interview on Property from iMyanmarHouse.com
2982 ကြိမ် ကြည့်ရှု့ပြီး

လွတ်လပ်ပေါ့ပါးမှုကို ကြိုက်တဲ့ ဝေလ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

ပရိသတ်တွေရဲ့ ရင်ထဲက Music အထူးအဆန်းတွေနဲ့ ၀င်ရောက်လာပြီး သီချင်းတွေကို သူမတူအောင် ရေးသားသီဆို ပြီး၊ လွတ်လပ်ပေါပါးတဲ့ သီချင်းတွေကိုဆိုသလို နေထိုင်မှုပုံစံ ကိုလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေချင်တယ်ဆိုတဲ့ တေးရေးတေးဆို ဝေလ နဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ် . . .







အခုလတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ သုံးခွေ မြောက်အခွေထွက်ဖို့ ကြိုး စားနေတယ်။ ၂၀၁၆ လောက်မှာ ထွက်နိုင်ဖို့ အားထုတ်ထားတယ်။ အခုအချိန် ပွဲရက်တွေကများ တော့ ရန်ကုန်မှာရော အခြားမြို့ တွေမှာပါဆိုဖြစ်တယ်။ သီချင်း တွေကိုတော့ ကိုယ့်အတွက် ရော၊ သူများတွေအတွက်ပါ ရေးဖြစ်ပါတယ်။







ဘုရားခန်း



ကိုယ့်ရဲ့ ယုံကြည်ကိုးကွယ်မှုက နည်းလမ်း မှန်မယ်။ ဘုရားရဲ့ အဆုံးအမတွေကြောင့် နေ့စဉ်ရပ်တည်ဖြတ်သန်းနေရတဲ့ဘ၀ အဆင် ပြေတယ်လို့မြင်တယ်။ အဲဒါကြောင့် ကောင်း တာလုပ်ရင် ကောင်းတာဖြစ်မယ်။ စိတ်ထား ကောင်းရင် ကံကောင်းမယ်ဆိုတာတော့ လက်ခံ ထားတယ်။







ဧည့်ခန်း



အခုကျွန်တော်နေတဲ့ အိမ်ကိုသဘောကျပါတယ်။ ဧည့်ခန်းဆိုရင် သပ် သပ်ရပ်ရပ်လေး သန့် သန့်ရှင်းရှင်းလေး လုပ်ထားရင်ကို ကျေနပ် ပါတယ်။ ဧည့်ခန်းထဲမှာ ထူးထူးခြားခြားထား တာ မျိုးတော့မရှိပါဘူး။ ကျွန်တော် ဓာတ်ပုံတွေပေါ့နော်။ ဆုရတဲ့ပုံတွေလည်း ပါမယ်။ ဆိုဖာဆက်တီရှိမယ်။ အဲ့လောက်ပါပဲ သိပ်အများကြီးမထားဘူး။







အိပ်ခန်း



အိပ်ခန်းကိုတော့ သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းတော်တော် များများကို အိပ်ခန်းမှာပဲရေးဖြစ်တယ်။ ပြီးတော့ အေးဆေးအနားယူတဲ့နေရာ လည်းဖြစ်တယ်။ အအေးအရမ်းကြိုက်လို့ အခန်းထဲမှာ အေးစက်နေအောင် အဲကွန်း အမြဲ ဖွင့်ထားတယ်။ ဂီတာကတော့ အခန်းထဲမှာ အမြဲထားတတ်တဲ့အရာ လေးလို့လည်း ပြောလို့ရပါတယ်။



အိမ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် မိသားစုတွေ စည်းစည်း လုံးလုံးနဲ့ နားခိုရာဖြစ်သလို ဆုံစည်းရာ လို့လည်း ပြောလို့ရပါတယ်။ စိတ်ကူး ထဲက အိမ်ဆိုတာမျိုးတော့ မရှိပါဘူး။ ခြံဝန်းကျယ်လေးထဲမှာ သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစိုလေးဆို Feel လာမယ်လို့ ထင်ပါတယ်။ အနုပညာသက်တမ်းကတော့ ၂၀၀၁ ခုနှစ်လောက်ကစတာပါ။ ရှေ့ဆက် လည်း ကြိုးစားသွားမှာပါ။ ပရိသတ်တွေလည်း အိမ်ရဲ့ အဓိပ်္ပာယ်ကို အလေးနက်ထား နိုင်ကြပါစေ။








နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App