ပြင်ဦးလွင်လိုမြို့လေး မှာဖြူလွှလွှနှစ်ထပ်အိမ် ကိုသဘောကျတဲ့ စာရေးဆရာမရွှေရေးထင်ထင် - Celebrity Interview on Property from iMyanmarHouse.com
2175 ကြိမ် ကြည့်ရှု့ပြီး

ပြင်ဦးလွင်လိုမြို့လေး မှာဖြူလွှလွှနှစ်ထပ်အိမ် ကိုသဘောကျတဲ့ စာရေးဆရာမရွှေရေးထင်ထင်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အခုတလော ပရိသတ်စိတ်ဝင်စားမှုများစွာ ခံနေရတဲ့ စာရေးဆရာမရွှေရေးထင်ထင်ရဲ့စိတ်ကူးတွေထဲက အိမ်အကြောင်းနဲ့ လတ်တလော ဘာတွေလုပ်နေလဲ ဆိုတာကို iMyanmarHouse.com ပရိသတ်တွေ သိရှိစေဖို့ ထပ်ဆင့်ဖောက် သည်ချလိုက်ပါတယ်။



ရွှေရေး အခု လတ်တလောရေးဖြစ်နေတဲ့ စာပေအကြောင်းလေး ရှင်းပြပေးပါဦး။



အခုလတ်တလောမှာ ရေးဖြစ်နေတဲ့စာတွေကတော Tomorrow ဂျာနယ်မှာ အပတ်စဉ်အတွက် သရော်စာရေးနေပါတယ်။ ပြီးတော့ လုံးချင်း ၀တ္တူထွက်ဖို့ ပြင်ဆင်နေတယ်။ လုံးချင်းကိုအချစ်ရယ်၊ ဟာသ၊ လျို့ဝှက်သည်းဖို ရသသုံးမျိုးပေါင်း စပ်ထားတဲ့ပုံစံမျိုးလေး ရေးနေတယ်။



ထွက်ရှိပြီးတဲ့စာအုပ်တွေကိုလည်း ပြောပြပါဦး။



ရွှေရေးအခုပုံနှိပ်ဖော်ပြခြင်းခံရတာ က စိတ်ကူးချိုချို ကထွက်တဲ့ကလေးပုံပြင်၊ ရွှေအမြုတေကရွှေသစ်ကဏ္ဍမှာ ၀တ္တူတို၊ အခြားသော ကလေး စာစောင်လေးတွေ မှာပုံပြင်လေး တွေရေးတဲ့အပြင်အခြားရေးတာတွေကတော့ Online ပေါ် မှာလက်စွမ်းပြတာတို့လောက်ပဲရှိပါတယ်။



ရွှေရေးဘယ်ချိန်လောက်မှာစာစရေးတာလဲ။ ပြီးတော့ဘယ်လိုစာမျိုးကိုဦးစားပေးရေးရတာကိုကြိုက်လဲ။



ရွှေရေး ၂၀၁၀ မှစပြီး ပုံနှိပ်ပေးခြင်း ခံရတယ်။ ဒါပေမဲ့အဲဒီမတိုင်ခင်တည်းကိုကလက်သွေးနေတာကြာပြီ။ ကဗျာတို၊ စာတို၊ ပုံပြင်တိုလေးတွေကစလုပ်ဖြစ်တာပါ။ ဦးစားပေးအနေနဲ့ပြောရမယ်ဆို လုံးချင်း ၀တ္တူရေးရတာကိုပိုကြိုက်တယ်။ အဲဒီအတွက်လည်း ကြိုးစားနေတယ်။



ရွှေရေးက စာရေးဆရာမ တစ်ယောက်ဖြစ်တဲ့ အတွက် အိမ်ကဘယ်လောက်အရေးပါတယ်ဆိုတာလေးလည်း ရှင်းပြပေးပါအုံး။



ရွှေရေးတို့ကသားအမိနှစ်ယောက်ထဲဆိုပေမယ့်မေမေကအိမ်လေးကိုစိတ်တိုင်းကျပြင်ဆင်ထားတယ်။ စာရေး တဲ့အခါနေရာထိုင်ခင်းကအရမ်းအရေးကြီး ပါတယ်။ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ရွှေရေးအတွက် ဆိုရင်တော့အိမ်ဆိုတာနိဗ္ဗာန်ဘုံလေးနဲ့တူပါတယ်။



အခုလက်ရှိနေထိုင်ရတဲ့ အိမ်လေး ကိုရောကြိုက်နှစ်သက်ရဲ့လား။ ငယ်ငယ်ကစိတ်ကူး ယဉ်ဖူးတဲ့အိမ်လေး အကြောင်းလည်း ရှင်းပြပေးပါ။



အခုလက်ရှိနေထိုင်ရတဲ့အိမ်လေးကိုကြိုက်ပါတယ်။ ငယ်ငယ်က စိတ်ကူးဖူးတဲ့ အိမ်ဆိုရင်တော့ပြင်ဦးလွင် လိုမျိုး

အေးချမ်းသာယာ လှပတဲ့မြို့လေးမှာနှ စ်ထပ်တိုက်လေးကို

အဖြူရောင်ဆေးခြယ်သပြီး ၀ရန်တာကျယ်ကျယ်လေးမှာ ဒန်း အဖြူရောင်လေးနဲ့မြက်ခင်း စိမ်းစိမ်းလေးတွေရယ် လတ်ဆက်တဲ့လေညှင်းလေးတွေရယ် မြင်ကွင်းလှလှလေးတွေရယ်၊ မြို့ပြရဲ့ လူနေမှုစရိုက်ထက် လူနေမှုရှုပ်ထွေးတဲ့ ပုံစံတွေ ထက်အေးချမ်းတဲ့တောရွာ လိုပုံစံမျိုး ကိုပို ကြိုက်တယ်။ နှစ်ထပ်တိုက်ကိုကြိုက်တယ်ဆိုပေမယ့်အောက်ထပ်ကို ကားပါကင်ထား တာပဲကြိုက်တယ်။ ဧည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း လုပ်တာမကြိုက်ဘူး။ ကာတွန်း ကားလေးတွေမှာပါတဲ့အိမ်ပုံစံလေးဆိုအရမ်းကြိုက်တယ်။



ရွှေရေးရဲ့ လက်ရှိနေနေတဲ့ ဧည့်ခန်းနဲ့ အိမ်ခန်း ကိုဘယ် ဟာကိုပိုနှစ်သက်သလဲ။ အရောင် ကျတော့ရော ဘယ်အရောင် ကိုပိုနှစ်သက်သလဲ။



ဧည့်ခန်းဆိုတာမျိုးတော့အများနဲ့ဆိုင်တယ်ဆိုရမှာပေါ့။ ဧည့်သည်တွေ အကြောင်းအမျိုးမျိုးကြောင့် လာရင် ဧည့်ခန်းပဲ အသုံးများတယ်။ ရွှေရေးနှစ်သက်တာ ကအိပ်ခန်းလေးပါ။ ကိုယ်တစ်ဦးတည်း သက်ဆိုင် တဲ့နေရာလေးလည်း ဖြစ်တယ်။ အေးချမ်းစွာအိပ်စက်အနားယူနိုင်တာရယ် မေမေ၀ယ်ပေးတဲ့ အရုပ်တွေထဲကမှ အနှစ်သက်ဆုံး အရုပ်သုံးရုပ်ရယ်၊ စာရေးဖို့ကွန်ပျူတာလေး တစ်လုံးရယ်၊ ပြီးပြည့်စုံတဲ့အခန်းလေးပေါ့။ အရင်က အရုပ်တွေ အများကြီး မိဘမဲ့ကျောင်း ကိုလှူလိုက်တာ ကားထဲမှာဆိုလည်း အရုပ်တွေနဲ့ပဲ ပြည့်နေတယ် လို့သူငယ်ချင်းတွေကပြော ယူရတဲ့အထိပဲကြိုက်တယ်။ အရောင်ကို အဖြူပဲကြိုက်တယ်။



ရွှေရေးရဲ့ စိတ်နေစိတ်ထားလေးလည်း ပြောပြပေးပါအုံး။



ရွှေရေးက အရမ်းစိတ်ရှည်ပြီး သည်းခံတတ်တဲ့ အထဲမှာလည်း မပါဘူး။ စိတ်တိုပြီး ဒေါသထွက်မြန် တဲ့အထဲမှာလည်း မပါဘူး။ စကားများများနဲ့ သွက်သွက် လက်လက်ပြောတတ်တဲ့အထဲမှာလည်း မပါဘူး။ စာရွက်ထဲမှာဇာတ်လမ်းတွေဖွဲ့တဲ့အခါမှသာလူတွင်ကျယ် လုပ်တတ်တာ။ အပြင်မှာကသိပ်မသွက်ဘူး။



စာရေးတာအပြင်အခြားအနုပညာအလုပ်တွေရောဆက်လုပ်ဖို့ရှိလား။



အခြားအနုပညာအလုပ်ကရွှေရေးနဲ့သိပ်မကိုက်ဘူး။စာရေးတာ ပဲဦးစားပေး လုပ်သွားမှာပါ။ စာရေးတာကိုပဲ လုပ်နိုင်မယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ အခုလက်ရှိဇာတ်ညွှန်းရေးနေတယ်။ A.R.T Entertainment ကနေလူငယ်တစ်စုဖန်တီး ထားတဲ့ ဒါရိုက်တာကို AK ရိုက်ကူးမယ့် ငါးမိနစ်စာ Short ဖလင်တစ်ခုရယ်၊ ဇာတ်လမ်းတွဲတစ်ခုပေါ့။ အခန်းပေါင်း ၄၀ ပါဝင်တဲ့ လျှို့ဝှက်သည်းဖို၊ ဖိုက်တင်လိုမျိုး ဇာတ်ညွှန်း ကိုရွှေရေးရေးနေပါတယ်။ အနုပညာဝမ်းစာ မပြည့်ဝပေမယ့် ကြိုးစား သွားမှာပါ။ ပရိသတ်တွေ အနေနဲ့ဆက် လက်စောင့် ကြည့်ပေးပါလို့။



အခုလိုစိတ်ရှည်ရှည်ပြောပြပေးတာကျေးဇူးတင်ပါတယ်။



နန္ဒာယမင်း ( iMyanmarHouse.com) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
ပြင်ဦးလွင်လိုမြို့လေး မှာဖြူလွှလွှနှစ်ထပ်အိမ် ကိုသဘောကျတဲ့ စာရေးဆရာမရွှေရေးထင်ထင် - Celebrity Interview on Property from iMyanmarHouse.com
ပြင်ဦးလွင်လိုမြို့လေး မှာဖြူလွှလွှနှစ်ထပ်အိမ် ကိုသဘောကျတဲ့ စာရေးဆရာမရွှေရေးထင်ထင် - Celebrity Interview on Property from iMyanmarHouse.com
ပြင်ဦးလွင်လိုမြို့လေး မှာဖြူလွှလွှနှစ်ထပ်အိမ် ကိုသဘောကျတဲ့ စာရေးဆရာမရွှေရေးထင်ထင် - Celebrity Interview on Property from iMyanmarHouse.com
ပြင်ဦးလွင်လိုမြို့လေး မှာဖြူလွှလွှနှစ်ထပ်အိမ် ကိုသဘောကျတဲ့ စာရေးဆရာမရွှေရေးထင်ထင် - Celebrity Interview on Property from iMyanmarHouse.com
ပြင်ဦးလွင်လိုမြို့လေး မှာဖြူလွှလွှနှစ်ထပ်အိမ် ကိုသဘောကျတဲ့ စာရေးဆရာမရွှေရေးထင်ထင် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App