ဆင်းရဲလွန်းသော မိဘများကို ကူညီရန် စက်ဘီးတစ်စီးဖြင့် ရေခဲမုန့်ရောင်းခဲ့ရသူ၊ အင်္ဂလိပ်စကားမပြောတတ်လို့ဆိုကာ အလုပ်မခန့်သော ကုမ္ပဏီကို နောင်အခါတွင် ဝယ်ပြလိုက်သူ မလေးရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင်ပါဝင်သော အိမ်ခြံမြေသူဌေးကြီး လီရှင်းချန်

ဆင်းရဲလွန်းသော မိဘများကို ကူညီရန် စက်ဘီးတစ်စီးဖြင့် ရေခဲမုန့်ရောင်းခဲ့ရသူ၊ အင်္ဂလိပ်စကားမပြောတတ်လို့ဆိုကာ အလုပ်မခန့်သော ကုမ္ပဏီကို နောင်အခါတွင် ဝယ်ပြလိုက်သူ မလေးရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင်ပါဝင်သော အိမ်ခြံမြေသူဌေးကြီး လီရှင်းချန် - Property Knowledge in Myanmar from iMyanmarHouse.com
28 Aug 2019 1:42 pm တွင် တင်ခဲ့သည်
33108 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ### 

မိုးရွာသောနေ့တစ်နေ့ဖြစ်၏။

အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးသည် ရွှံ့ဗွက်ထူလှသော လမ်းများပေါ်၌ ရေခဲမုန့်များတင်ထားသည့် စက်ဘီးကို ခက်ခဲစွာ ထိန်းကျောင်း စီးနင်းနေ၏။ မကြာမီတွင်ပင် ရွှံ့မြေအတွင်း စက်ဘီး တာယာနစ်သွား၏။

နေရာကား မလေးရှားနိုင်ငံတွင် ပြည်နယ် ၁၃ ခုရှိသည့်အနက် ဆလင်ဂေါပြည်နယ်တွင် ရာဘာခင်းများ စိုက်ပျိုးရာ ကွာလာ ဆလင်ဂေါခရိုင်တွင် ဖြစ်သည်။ စက်ဘီးလည်း ယိမ်းယိုင်သွားသောကြောင့် သွပ်ဖြင့်ပြုလုပ်ထားသော ရေခဲမုန့်ပုံးကြီးမှာ ပြုတ်ကျလုဖြစ်သွားသည်။

ရွှံ့ဗွက်အတွင်း ရေခဲမုန့်ပုံးကို ပြုတ်ကျမခံနိုင်သောကြောင့် စက်ဘီးပေါ်မှ ဆင်းကာ ပုခုံးဖြင့် ထိန်းမထားလိုက်သည်။

အကူအညီပေးမည့်သူ ရောက်လာသည့်အချိန်အထိ ရေခဲမုန့်ပုံးကို မိနစ် ၂၀ ခန့် ထမ်းထားခဲ့ရသောကြောင့် ပုခုံးများအလွန်နာကျင်ကာ ပါးပြင်ပေါ်သို့ မျက်ရည်များ တသွင်သွင် စီးကျလာသည်။

အလွန်နာကျင်သော ဝေဒနာများမှ အနည်းငယ်သက်သာချိန်တွင် ကလေးငယ်က ကောင်းကင်ဘုံကို တိုင်တည်ကာ ဤသို့ ပြောကြားလေသည်။

“ကျွန်တော့်အရွယ် ကလေးငယ်တွေဟာ ကျောင်းတွေတက်ပြီး စာသင်နေကြပါတယ်။ ကျွန်တော်ကျတော့ အသက်ရှင်နိုင်ရုံ လောက်အတွက် ရေခဲမုန့်လိုက်ရောင်းနေရပါတယ်။ ဘုရားသခင်…ကျွန်တော့်အပေါ် ဘာကြောင့်များ ဒီလိုလုပ်ရတာလဲ။ ဒါက..တော်တော်မတရားပါဘူး” ထိုမျှ နိမ့်ပါးသော ဘဝမှ ကလေးငယ်သည် နောင်တစ်ချိန်တွင် မလေးရှားနိုင်ငံ၏ အချမ်းသာဆုံး ထိပ်တန်းဘီလျံနာကြီး ၁၀ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်လာခဲ့သည်။ သူ၏ အမည်မှာ လီရှင်းချန်ဟု ခေါ်လေသည်။ …………….. လီရှင်းချန်သည် မလေးရှား၏ အချမ်းသာဆုံး ဘီလျံနာများတွင် နံပါတ် ၅ နေရာ၌ ရပ်တည်နေသူ ဖြစ်သည်။

ဆီအုန်းကုမ္ပဏီ IOI group တည်ထောင်သူ၊ အမှုဆောင်ဥက္ကဌ လီရှင်းချန်သည် ပြီးခဲ့သော ဇွန်လ ၁ ရက်တွင် ကွယ်လွန်သွားခဲ့ရာ အသက် ၈၀ ပြည့်မွေးနေ့သို့ မရောက်မီ ၂ ရက်အလိုတွင် ဖြစ်သည်။

လီရှင်းချန် ကွယ်လွန်ခဲ့ပုံသတင်းကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/832928 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ IOI group ၏ ထုတ်ပြန်ချက်အရ လီရှင်းချန်သည် အသက် ၇၉ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်တွင် ဇနီး၊ သားသမီး ၆ ဦးနှင့် မြေး ၁၂ ဦးတို့ ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ လီရှင်းချန်၏ ကြွယ်ဝမှုမှာ ရင်းဂစ် ၁၇ ဒသမ ၄ ဘီလီယံ( ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ) ဖြစ်သည်ဟု ဆိုသည်။

…………………….

ရေခဲမုန့် ရောင်းခဲ့ရသူ

မလေးရှားနိုင်ငံတွင် ပြည်နယ် ၁၃ ခုရှိသည့်အနက် ဆလင်ဂေါပြည်နယ်တွင် ရာဘာခင်းများ စိုက်ပျိုးရာ ကွာလာ ဆလင်ဂေါခရိုင် တည်ရှိသည်။

လီရှင်းချန်သည် ကွာလာ ဆလင်ဂေါခရိုင်၊ ဂျီရမ်အရပ်မှ ရာဘာစိုက်ခင်းတစ်ခုတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။

လီရှင်းချန်၏ ဖခင်သည် အဆိုပါ ရာဘာစိုက်ခင်းတွင် တရုတ်အစားအစာများ ရောင်းချသည့် ဆိုင်ကလေးတစ်ခု ဖွင့်လှစ်ခဲ့သည်။

လီရှင်းချန် အသက် ၁၁ နှစ်အရွယ်တွင် ကျောင်းမှနှုတ်ထွက်ကာ မိဘများကို ကူညီရန် စက်ဘီးတစ်စီးဖြင့် ရေခဲမုန့်ရောင်းခဲ့ရသည်။

တရုတ်အစိုးရပိုင် စီစီတီဗွီသတင်းဌာနနှင့် ၂၀၁၅ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခဲ့ရာတွင် ငယ်စဉ်က အကြောင်းများကို ပြန်လည် ပြောပြခဲ့ဖူးသည်။ နောင် ၄ နှစ်ခန့်အကြာတွင်ကား လီရှင်းချန် ကျောင်းပြန်တက်နိုင်ခဲ့သည်။

ထိုအခိုက်တွင် လီရှင်းချန်၏ ငယ်ရွယ်သော အသိဉာဏ်တွင် ဆင်ခြင်ခဲ့မိသည်မှာ ဆင်းရဲနွံမှ ထွက်နိုင်မည့်တစ်ခုတည်းသော နည်းလမ်းမှာ ပညာရေးသာဖြစ်ကြောင်း တွေးမိခဲ့သည်ဟုဆိုသည်။

ဆီအုန်းနှင့် အိမ်ခြံမြေသူဌေးကြီး လီရှင်းချန်၏ ဘဝတွင် အကြီးမားဆုံးစိတ်မကောင်းဖြစ်မိသည့်အရာမှာ တက္ကသိုလ်တက်ခွင့် မရခဲ့ခြင်းဖြစ်ကြောင်း တခါက ပြောခဲ့ဖူးသည်။

ထို့ကြောင့်ပင် လီရှင်းချန်က သူ့ဘဝတွင် မရရှိခဲ့သည့် အခွင့်အရေးကို သားသမီးများ ကောင်းစွာရရှိစေရန် အစွမ်းကုန် ပံ့ပိုးပေးခဲ့သည်။

“ကျွန်တော့်အိပ်မက်က ကလေး ၆ ယောက်လုံး တက္ကသိုလ် ပညာရေး ကောင်းကောင်းသင်နိုင်တာ မြင်ချင်တာ ပါပဲ။ အခုတော့ သူတို့အားလုံး ဗြိတိန်မှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေကနေ ဘွဲ့ရပြီးကြပါပြီ” လီရှင်းချန်သည် လုပ်ငန်းရှင်တစ်ဦးဖြစ်မလာမီကာလအတွင်း ဆီအုန်းခြံကုမ္ပဏီငယ်ကလေးများတွင် အလုပ်လုပ်ခဲ့သည်။

သူငယ်ချင်းတစ်ဦးနှင့်အတူ ဝက်မွေးမြူရေး လုပ်ခဲ့သည့်အပြင် သဘာဝဓာတ်ငွေ့ဆိုင် တစ်ဆိုင်တွင်လည်း အလုပ်လုပ်ခဲ့ဖူးသည်။

(အင်္ဂလိပ်စာ ညံ့သောကြောင့် အလုပ်မရခြင်း)

လီရှင်းချန်သည် အလယ်တန်းအောင်မြင်ပြီးနောက် ၁၉၆၀ ပြည့်လွန် နှောင်းပိုင်းကာလများ၌ Dunlop Estates ဟူသော စိုက်ပျိုးရေးကုမ္ပဏီတစ်ခုတွင် အလုပ်လျှောက်၏။ အင်တာဗျူးတွင် မေးခွန်းအားလုံးနီးပါး ဖြေနိုင်ခဲ့သော်လည်း အင်္ဂလိပ်စာညံ့သောကြောင့်ဟုဆိုကာ အလုပ်မရခဲ့ကြောင်း လီရှင်းချန်က ပြောပြသည်။

Dunlop Estates ကုမ္ပဏီတွင် အင်္ဂလိပ်စာညံ့သောကြောင့် အလုပ်မရခဲ့သည့်အချိန်က လီရှင်းချန်မှာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။

နောက်ပိုင်းတွင်ကား စိုက်ပျိုးရေးကုမ္ပဏီငယ်တစ်ခုတွင် အလုပ်ရခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ကွင်းဆင်းကြီးကြပ်ရေးမှူးတစ်ဦးဖြစ်လာသည်။

(အလုပ်မခန့်သည့် ကုမ္ပဏီကို ဝယ်ယူ)

လီရှင်းချန်သည် ကုမ္ပဏီတွင် ရာထူးအဆင့်ဆင့်တိုးမြင့်လာခဲ့ကာ ချမ်းသာကြွယ်ဝလာခဲ့ပြီးနောက် ၎င်းအား အင်္ဂလိပ်စာညံ့သောကြောင့် အလုပ်မခန့်ခဲ့သော Dunlop Estates ကုမ္ပဏီကို နောင်နှစ်ပေါင်း ၂၀ အကြာ ၁၉၈၉ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

ထိုသို့ ဝယ်ယူခဲ့မှုမှာ စီးပွားရေးသုတေသီတို့အတွက် ပုစ္ဆာတစ်ရပ် ဖြစ်ခဲ့၏။

ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း ကျဆင်းနေချိန်တွင် အဘယ်ကြောင့် ဆီအုန်းစိုက်ပျိုးသည့်ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုခဲ့သနည်းဟူသော မေးခွန်း ပေါ်ပေါက်ခဲ့သည်။

လီရှင်းချန်က ပြောကြားရာတွင် မလေးရှားတွင် ဆီအုန်းခေတ်ကောင်းလာနိုင်သည့် အလားအလာကို တွေ့မြင်သောကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ ကုမ္ပဏီကို အမြတ်အစွန်းကောင်းသည့် ကုမ္ပဏီအဖြစ် ပြောင်းလဲပေးနိုင် ခဲ့သည်။

လီရှင်းချန်၏ ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပြီး ဆီအုန်းလုပ်ငန်းနယ်တွင် စီးမြောရန် အခွင့်အလမ်းကောင်းရရှိခဲ့ပြီး မလေးရှား၏ ဆီအုန်းသူဌေးကြီးဖြစ်လာအောင် လျှောက်လှမ်းနိုင်ခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း နယူးစထရိတ်တိုင်းမ် သတင်းစာက လီရှင်းချန်ကို တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ရာ၌ သူ့ဘဝ၏ အပျော်ဆုံးနေ့မှာ အလုပ်မခန့်သည့် ကုမ္ပဏီကို ဝယ်ယူပိုင်ဆိုင်လိုက်သည့်နေ့ပင်ဖြစ်ကြောင်း ဖြေကြားခဲ့ဖူးသည်။

“ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးနေ့က ၁၉၈၉ ခုနှစ်အတွင်းမှာ Dunlop Estate ကုမ္ပဏီကို ဝယ်ယူပိုင်ဆိုင်လိုက်တဲ့နေ့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ၁၉၆၀ ပြည့်လွန် နှောင်းပိုင်းကာလတွေတုန်းက အဲ့ဒီကုမ္ပဏီမှာ ကျွန်တော် အလုပ်သွားလျှောက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အရည်အချင်းမမီဘူးဆိုပြီး ကျွန်တော့်ကို အလုပ်မခန့်ခဲ့ပါဘူး။ တကယ်လို့ အဲဒီတုန်းက ကျွန်တော့်ကိုသာ အလုပ်ခန့်ခဲ့မယ်ဆိုရင် ကျွန်တော်လည်းအခုလို Dunlop Estate ကုမ္ပဏီတစ်ခုလုံးကို ပိုင်ဆိုင်နိုင်တဲ့ အခြေအနေ ရောက်လာမှာ မဟုတ်ပါဘူး။ ဒီဝယ်ယူလိုက်မှုဟာ ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုပါ” Dunlop Estate ကို လီရှင်းချန် ဝယ်ယူလိုက်ချိန်တွင် ဆီအုန်းခြံ ၁၃ ခု၊ အကျယ်အဝန်းအားဖြင့် ဟက်တာ ၂၇၈၈၀ ရှိကာ ဆီအုန်းကြိတ်စက် ၂ လုံး၊ စက်ရုံ ၂ ခုနှင့် သုတေသနဌာန ၁ ခုတို့ ပါဝင်သည်။

ယနေ့ကာလတွင်ကား လီရှင်းချန်၏ IOI ကော်ပိုရေးရှင်းသည် အာရှ၊ အာဖရိက၊ ဥရောပနှင့် မြောက်အမေရိကတိုက်တို့ရှိ နိုင်ငံ ၈ ခုတွင် လုပ်ငန်းလည်ပတ်နေပြီး မလေးရှားနှင့် အင်ဒိုနီးရှားတွင် ဆီအုန်းခြံပေါင်း ၉၀ ကျော် တည်ထောင်ထားသည်။

လီရှင်းချန်သည် ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဌအဖြစ် နှစ်ပေါင်း ၂၀ တာဝန်ယူခဲ့သော ကွမ်ချန်းအထက်တန်းကျောင်း ပြန်လည်ပြုပြင်ဆောက်လုပ်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့၏။

၁၉၉၄ ခုနှစ်တွင် “ယာယာဆန် တန် ဆရီ လီရှင်းချန်”အမည်ရှိ ပရဟိတအဖွဲ့ကို တည်ထောင်ခဲ့သည်။

ထို့အပြင် ရှင်းချန်မူလတန်းကျောင်းဆောက်လုပ်ရန်အတွက်လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအားဖြင့် သူ၏ပရဟိတအဖွဲ့သည် ပညာရေး၊ လူ့အသိုက်အဝန်း သာယာဝပြောရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အထက်တန်းပညာရေးပြီးဆုံးပြီးနောက် သိပ္ပံ-နည်းပညာ-အင်ဂျင်နီယာ နယ်ပယ်များအတွက် ပညာသင်ဆု ထောက်ပံ့ကူညီရေး လုပ်ငန်းများ အကောင်အထည်ဖော်နေသည်။

ကြိုးစားခြင်း၊ ခိုင်မာသောဇွဲလုံ့လရှိခြင်း၊ ဆုံးဖြတ်ချက်ခိုင်မာခြင်း၊ ထက်မြက်ခြင်း။

အထက်ပါ ဝေါဟာရတို့သည် လီရှင်းချန်ကို ဖော်ပြနိုင်သည့် စကားလုံးများအနက် အချို့သာဖြစ်၏။

လီရှင်းချန်သည် ကွယ်လွန်ချိန်တွင် သူ၏ ကြွယ်ဝမှုမှာ ရင်းဂစ် ၁၉ ဒသမ ၇ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ) ရှိနေပြီး မလေးရှားတွင် ပဉ္စမမြောက်အချမ်းသာဆုံးနှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် နံပါတ် ၃၂၅ နေရာ၌ ရပ်တည်နေကြောင်း ဖော့ဘ် မဂ္ဂဇင်းကြီးတွင် ဖော်ပြသည်။

သူသည် IOI Corp Bhd နှင့် IOI Properties တို့၏ အမှုဆောင်ဥက္ကဌ ဖြစ်၏။

IOI Corp မှာ ဆီအုန်းကုမ္ပဏီဖြစ်ပြီး ဈေးကွက်တန်ဖိုး ရင်းဂစ် ၂၆ ဒသမ ၃၂ ဘီလီယံ တန်ကြေးရှိသည်။

Bursa Malaysia စတော့အိတ်ချိန်းဝင် အကြီးမားဆုံးကုမ္ပဏီ ၃၀ တွင် ပါဝင်၏။

အိမ်ခြံမြေလုပ်ငန်းများလုပ်ဆောင်သည့် IOI Properties မှာ ဈေးကွက်တန်ဖိုး ရင်းဂစ် ၇ ဒသမ ၃၇ ဘီလီယံခန့်ရှိပြီး စင်္ကာပူနှင့် တရုတ်ပြည်တို့တွင် အိမ်ခြံမြေဆောက်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည်။

Dunlop Estate ကို ဝယ်ယူပြီးနောက်ပိုင်းတွင် Puchong နှင့် Putrajaya တို့တွင် အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်လာခဲ့သည်။

လီရှင်းချန်သည် ဆီအုန်းလုပ်ငန်းမှတဆင့် ပူချောင်နှင့် ပုထရာဂျာယားတို့တွင် အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းနယ်အတွင်းသို့ ထပ်မံ ဝင်ရောက်ခဲ့သည်။

လီရှင်းချန်သည် သူ၏ ဆီအုန်းစိုက်ခင်းတွင် အိန္ဒိယအလုပ်သမားများနှင့် တမီလ်စကားဖြင့်လည်း ကောင်းစွာစကားပြောနိုင်စွမ်းရှိသူ ဖြစ်သည်။

သစ်ပင်စကားပြောသူဟုလည်း လူသိများသူ လီရှင်းချန်သည် အားလပ်ချိန်များတွင် သူ၏ ဆီအုန်းပင်များထံသွားကာ စကားပြောခြင်း၊ သီချင်းဆိုပြခြင်းများ ပြုလုပ်ရခြင်းကို မြတ်နိုးသူလည်း ဖြစ်၏။

သစ်ပင်တိုင်းသည် မိန်းကလေးများကဲ့သို့ပင် တစ်ပင်နှင့်တစ်ပင် မတူညီဘဲ ကွဲပြားမှုများရှိကြောင်း လီရှင်းချန် တစ်ခါက ပြောဖူးသည်။

သစ်ပင်များကို စကားပြောပေးလျှင် ၎င်းတို့အကြောင်း ပိုသိလာနိုင်မည်ဖြစ်ပြီး အပင်ဖွံ့ဖြိုးမှုကို အားကောင်းစေရန် အကူအညီဖြစ်စေသည်ဟု ဆိုသည်။

(မှတ်ချက်။ သိပ္ပံတွေ့ရှိချက်များအရလည်း သစ်ပင်များသည် မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင်၊ ခံစားနိုင်ကြပြီး ၎င်းတို့တွင် မှတ်ဉာဏ်ပင် ရှိနေနိုင်သည်ဟု ဆိုသည်။

သစ်ပင်များသည် အမြစ်များရှိ mycorrhizal fungi မှတဆင့် အချင်းချင်း ဆက်သွယ်နိုင်ကြသည်။

အမြစ်များသည် အပင်အချင်းချင်း သတင်းအချက်အလက် ဖလှယ်ရာဖြစ်ပြီး အကူအညီလိုအပ်သော အခြားအပင်များထံ လိုအပ်သော အကူအညီများပင် ပေးပို့နိုင်ကြသည်ဟု ဆိုသည်။

သစ်ပင်များသည် လူသားများအပါအဝင် သက်ရှိအားလုံးနှင့် ဆက်သွယ်မှုများ ပြုလုပ်ကြသည်ဟု ဆိုသည်။

ဇီဝဗေဒပညာရှင်များ၊ ဂေဟဗေဒပညာရှင်များ၊ သစ်တောပညာရှင်များ၊ ရုက္ခဗေဒပညာရှင်များ၏ အဆိုအရ သစ်ပင်များသည် စကားပြောနိုင်ပြီး လူသားများကလည်း သင်ယူလေ့လာမှုများ ပြုလုပ်လျှင် သစ်ပင်တို့ ပြောသည့်စကားကို နားထောင်နိုင်သည်ဟု ဆိုသည်။)

ဆီအုန်းပင်များသည် သူ၏ ချစ်သူမိန်းကလေးများဖြစ်ကြောင်း လီရှင်းချန်ပြောခဲ့ဖူးသည်။

သစ်ပင်တိုင်းတွင် ကိုယ်ပိုင်စရိုက်လက္ခဏာများ ရှိကြသည်ဟု လီရှင်းချန်က ဆိုသည်။

ယင်းအနက် အပင်တစ်ပင်ကို ဖိလစ်ပိုင်မိန်းကလေးအမည် “ဆိုဖီယာ လီ မာကာဒို” ဟု အမည်ပေးခဲ့သည်။

အသီးထွက်နှုန်း ကောင်းမွန်သော အပင်ဆိုလျှင် လီရှင်းချန်က “ကိုယ် မင်းကိုချစ်တယ်”ဟု ပြောလေ့ရှိ၏။

ထွက်နှုန်းကျဆင်းနေသော အပင်ဆိုလျှင် သတ်မှတ်ထွက်နှုန်း ပြည့်မီအောင် သီးပွင့်ပေးရန် ၆ လမှ ၉ လကြား ပေးမည်ဖြစ်ကြောင်း သတိပေး၏။ အံ့အားသင့်ဖွယ်မှာ ထိုသို့ပြောသော အပင်အများစုမှာ ထွက်နှုန်းပြန်လည်ကောင်းမွန်လာသည်ဟု ဆိုသည်။

အကယ်၍ သတိပေးစကားပြောထားသည့်တိုင် ထွက်နှုန်းကောင်းမလာပါက “စိတ်မကောင်းပါဘူး အချစ်ရေ။ ကိုယ်မင်းကို ခုတ်လှဲရတော့မယ်”ဟု လီရှင်းချန်က ပြောလေ့ရှိသည်။

လီရှင်းချန်၏ သားသမီး ၆ ဦးလုံးသည် ကုမ္ပဏီတွင် စီမံခန့်ခွဲရေးဆိုင်ရာ ရာထူးများဖြင့် လုပ်ကိုင်နေကြသည့်အနက် သားဖြစ်သူ လီယောင်ချောနှင့် လီယောင်ဆန်းတို့မှာ IOI ၏ ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ပါဝင်နေကြသူများဖြစ်သည်။

အငယ်ဆုံးသား လီယောင်ဆန်းသည် မလေးရှား စွမ်းအင်၊ သိပ္ပံ၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး ယော်ဘီယင်နှင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်ကမှ လက်ထပ်ခဲ့သူ ဖြစ်သည်။

ဆန်းကြယ်သည့် တိုက်ဆိုင်မှုမှာ စွမ်းအင်ဝန်ကြီး ယောဘီယင်သည်လည်း လီယောင်ဆန်း၏ ဖခင် လီရှင်းချန်နည်းတူ ဆီအုန်းစိုက်ခင်းလုပ်သားဘဝတွင် ကြီးပြင်းခဲ့ရသူဖြစ်ပြီး သူမ၏ မိခင်မှာ ဆီအုန်းစိုက်ခင်းမှ စာရေးမတစ်ဦးဖြစ်သည်။ ထိုမှ ဝန်ကြီးအဆင့်အထိ အောင်မြင်သည့်ဘဝသို့ တက်လှမ်းလာသူ ဖြစ်နေသည်။

လီယောင်ဆန်းနှင့် ယောဘီယင်တို့သည် ကိန်းဘရစ်တက္ကသိုလ်တွင် ပညာဆည်းပူးရင်း ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။

လီရှင်းချန်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး အသက် ၈၀ ပြည့်မွေးနေ့မရောက်မီ ၂ ရက်အလိုတွင် ဖြစ်သည်။

လီရှင်းချန်၏ ဈာပနကျင်းပသည့်နေ့ မွန်းလွဲ ၁၂ း ၃၀ ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း လီရှင်းချန်အား လွမ်းဆွတ်သူတို့က Diamond Hill ရှိ လီရှင်းချန်၏ နေအိမ်သို့ လာရောက်ကာ ဂါရဝပြုကြသည်။

လာရောက်ဂါရဝပြုကြသူများတွင် လုပ်ငန်းရှင်များမှ အစပြုကာ စိုက်ခင်းမှ သန့်ရှင်းရေးသမားများ၊ ရုံးအလုပ်သမားများအထိ ပါဝင်သည်။

“အဖေ့ရဲ့ ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့မိသားစုဟာ ပရဟိတအလုပ်တွေမှာ ပါဝင်ခဲ့ကြတယ်။ ပညာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အကူအညီပေးဖို့ သူ့ရဲ့ပြင်းပြတဲ့ဆန္ဒအပေါ် ကျွန်တော်တို့ ဝိုင်းဝန်းကူညီခဲ့ကြတယ်။ အဖေလုပ်ခဲ့သလိုမျိုး ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်”ဟု လီယောင်ချောက ပြောကြားသည်။

လီရှင်းချန်သည် ဂျပန်သို့ အလည်အပတ်ထွက်ခဲ့စဉ်ကလည်း ဘီလျံနာကြီးတစ်ဦးအဖြစ် သီးသန့် ခရီးမသွားဘဲ ခရီးသည်အုပ်စုတစ်ခုထဲတွင် ရောနှောကာ မထင်မရှား လိုက်ပါသွားခဲ့ဖူးသည်။

အဆိုပါခရီးစဉ်ကို စီစဉ်သည့် Apple Vacation ကုမ္ပဏီမှ ဥက္ကဌသိလိုက်ချိန်တွင် များစွာအံ့အားသင့်ခဲ့သည်ဟု ဆို၏။

ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားပေါ်တွင်း အခြားခရီးဖော်များ ပျင်းရိနေပါက သီချင်းပင်ဆိုပြခဲ့၏။

လီရှင်းချန်ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ပူအန် ဆရီ ဟောင် မေ ကွမ်၊ သားသမီး ၆ ဦးနှင့် မြေး ၁၂ ဦး ကျန်ရစ်သည်။

သမီးဖြစ်သူ လီရုပ်ခ်ဟာမှာ IOI Properties တွင် အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သည်။

လီရှင်းချန်သည် မိတ်ဆွေများအပြင် ၎င်းနှင့်သိကျွမ်းသူများအပေါ် အလွန်ဂရုစိုက်တတ်သူတစ်ဦးဖြစ်ပြီး လူသားဆန်ခြင်း၊ ပကာသနမရှိသူတစ်ဦးအဖြစ် နာမည်ကျော်သူလည်း ဖြစ်သည်။

…………………………

(လီရှင်းချန် ကွယ်လွန်ချိန်တွင် မလေးရှား ပါလီမန်အမတ်တစ်ဦးက ရေးသားခဲ့သောစာ)

မလေးရှားနိုင်ငံကို ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာရေး အိပ်မက်ကို အကောင်အထည်ဖော်မည်ဆိုပါက လီရှင်းချန်သည် မလေးရှားနိုင်ငံသားအားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်သည်။

လက်ထောက်ကာကွယ်ရေးဝန်ကြီး လျူချင်းထောင်၊ အခြား ပါတီခေါင်းဆောင်များနှင့်အတူ ကျွနု်ပ်သည်လည်း လီရှင်းချန်ကို ပုထရာဂျာယာသို့ သွားရောက်ပြီး နောက်ဆုံးဂါရဝပြုခဲ့ပါသည်။ လီရှင်းချန် ကွယ်လွန်မှုမှာ တိုင်းပြည်အတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်၏။

နွမ်းပါးသောဘဝမှ စတင်ခဲ့သော ကိုယ့်ထူးကိုယ်ချွန်ပုဂ္ဂိုလ် လီရှင်းချန်သည် ကြိုးစားမှု၊ ဇွဲလုံ့လ၊ စူးစိုက်မှု၊ ရဲရင့်မှုတို့ရှိလျှင် တက္ကသိုလ် မတက်ဖူးသော်လည်း ဘဝတွင် အောင်မြင်မှုရနိုင်ကြောင်း ပြသလိုက်သည့် သာဓကပြယုဂ်လည်း ဖြစ်သည်။

ယနေ့ခေတ် မလေးရှားတွင် လီရှင်းချန်ကဲ့သို့ ပုဂ္ဂိုလ်မျိုး အလွန်ရှားပါးလှသည်။ အကယ်၍ မလေးရှားသည် လူတို့၏ ကြိုးပမ်းအားထုတ်မှု ဆိုင်ရာ နယ်ပယ်တိုင်းတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာလိုသည်ဆိုပါက ခေတ်သစ်မလေးရှားတွင် လီရှင်းချန်ကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာ ရှားပါးသည့်အဖြစ်မျိုးထက် ပေါများအောင် ကြိုးပမ်းရမည် ဖြစ်သည်။

မလေးရှားသည် လီရှင်းချန်လိုပုဂ္ဂိုလ်မျိုး တစ်ဦးတည်းသာ လိုအပ်သည်မဟုတ်။ တိုင်းပြည်တွင်းရှိ မျိုးနွှယ်စုအားလုံးတွင် လီရှင်းချန်ပေါင်း များစွာ လိုအပ်သည်။ သို့မှသာလျှင် ကမ္ဘာနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

မလေးရှားနိုင်ငံသားတို့၏ ယခင်စိတ်ဓာတ်များဖြစ်သော တစ်ယောက်တစ်ပေါက် ၊ အဖျက်စိတ်ဓာတ်မျိုးကိုသာ ပြိုင်ဆိုင်နေခြင်းမျိုးဖြင့် ရှေ့မဆက်ကြရန် လိုပါသည်။ (ပါလီမန်အမတ် လင်မ်ကစ်ဆီယန်)

.........................

(ဖော့ဘ်မဂ္ဂဇင်းကြီးမှ အချက်အလက်များ)

လီရှင်းချန်

၂၀၁၉ ခုနှစ် မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ စာရင်း- နံပါတ် ၅

၂၀၁၉ ခုနှစ် ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်း - နံပါတ် ၃၂၅

အသက် - ၈၀

ကြွယ်ဝလာမှုရင်းမြစ် - ဆီအုန်း၊ အိမ်ခြံမြေ (ကိုယ့်ထူးကိုယ်ချွန်)

နေအိမ်- မလေးရှားနိုင်ငံ၊ ဆလင်ဂေါပြည်နယ်၊ ကွာလာ ဆလင်ဂေါခရိုင်၊ ဂျီရမ်မြို့

အိမ်ထောင်ရေးအခြေအနေ- အိမ်ထောင်ရှိ

သားသမီး - ၆ ဦး

(လီရှင်းချန်၏ အဆိုအမိန့်)

ဒီနေ့ နေဝင်ပြီးရင် မနက်ဖြန် နေထွက်လာမယ် “Today sunset, tomorrow sunrise.”

........................

(လီရှင်းချန်နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု)

မေး ။ လူကြီးမင်းခင်ဗျာ ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က စိုက်ခင်းကြီးကြပ်ရေးမှူးတစ်ယောက်ဘဝကနေ၊ စိုက်ခင်းမန်နေဂျာ၊ IOI Group ကုမ္ပဏီကြီးကို တည်ထောင်သူ၊ အမှုဆောင် ဥက္ကဌ ဘဝအထိ ရောက်အောင် လူကြီးမင်းဟာ ခရီးရှည်ကြီး ချီတက်ခဲ့ပါတယ်။ လူကြီးမင်းရဲ့ ဘဝခရီးကို ဘယ်လိုမျိုးပြောပြချင်ပါသလဲ။

လီရှင်းချန် ။ ကျွန်တော်ဟာ ဆီအုန်းလုပ်ငန်းနယ်မှာ ၅၆ နှစ်လောက် ဖြတ်သန်းခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ စိုက်ခင်းကြီးကြပ်ရေးမှူးတစ်ယောက်အဖြစ် ဒီလုပ်ငန်းနယ်ကို စဝင်ခဲ့တယ်။ ဆီအုန်းဟာ ကျွန်တော့်နှလုံးသားနဲ့ အလွန်နီးစပ်ပြီး ကျွန်တော့်ရဲ့ အချစ်ဦးလည်း ဖြစ်ပါတယ်။ ဆီအုန်းဟာ လူသားတွေအတွက် အလွန်အသုံးဝင်ပြီး စားသုံးဖို့အပြင် အခြားနယ်ပယ်များစွာမှာ အသုံးပြုနိုင်ပါတယ်။ စိုက်ခင်းလုပ်သူတွေကို လုပ်ငန်းရှင်တွေဖြစ်လာအောင်၊ လုပ်ငန်းငယ်သမားတွေကို လူလတ်တန်းစားဖြစ်လာအောင် ကူညီပေးနိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ IOI ဟာ ဒေသတွင်း ဆီအုန်းကုမ္ပဏီလေးဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာပါ။ နှစ်ပေါင်း ၃၀ မတိုင်မီမှာ IOI Group ဟာ နိုင်ငံပေါင်း ၇ နိုင်ငံမှာ လုပ်ငန်းလည်ပတ်နေပြီး ကမ္ဘာ့ထိပ်တန်း ဆီအုန်းကုမ္ပဏီတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်လာခဲ့ပါတယ်။

မေး ။ လူကြီးမင်းဟာ ၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်တွေတုန်းက Dunlop Estate ဆိုတဲ့ ကုမ္ပဏီမှာ အလုပ်လျှောက်ခဲ့ဖူးပါတယ်။ ၁၉၈၉ ခုနှစ်ကျတော့ လူကြီးမင်းဟာ အဲဒီကုမ္ပဏီကို ဝယ်ယူလိုက်တယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ဒီဖြစ်ရပ်ကနေ ဘယ်အရာကို မှတ်သားအတုယူသင့်ပါသလဲခင်ဗျာ။

လီရှင်းချန် ။ ကျွန်တော် အလယ်တန်းပြီးတော့ အင်္ဂလိပ်ပိုင် စိုက်ပျိုးရေးကုမ္ပဏီ (Dunlop Estates) မှာ အလုပ်လျှောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက စိုက်ခင်းကုမ္ပဏီအများစုကို လူဖြူတွေက စီမံလည်ပတ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်အင်တာဗျူးဝင်ခဲ့ရာမှာ စိုက်ခင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေအားလုံးနီးပါး ကောင်းကောင်းဖြေနိုင်ခဲ့ပေမယ့် အင်္ဂလိပ်စကားပြော အားနည်းလို့ အလုပ်မရခဲ့ပါဘူး။ ကျွန်တော်တော်တော် စိတ်ပျက်သွားခဲ့တယ်။ ဒါပေမယ့် ပိုပြီးပြင်းပြင်းထန်ထန်ကြိုးစားဖို့ လက်မလျှော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ တခြားစိုက်ခင်းကုမ္ပဏီငယ်လေးတစ်ခုမှာ စိုက်ခင်းကြီးကြပ်ရေးမှူးအလုပ်တစ်ခု ရခဲ့တယ်။ အဲဒီအလုပ်မှာ လေ့လာနိုင်သမျှအားလုံးလေ့လာတယ်၊ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒီလိုနဲ့ ရာထူးတွေ အဆင့်ဆင့်တက်ပြီး စိုက်ခင်းမန်နေဂျာ ဖြစ်လာခဲ့တယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ စိုက်ခင်းအစီအစဉ်တွေ စီမံကိန်းဆွဲတာ၊ စိုက်ခင်းစီမံခန့်ခွဲတာအပြင် စိုက်ခင်းအလုပ်သမားတွေနေဖို့ တန်းလျားဆောက်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွေကိုပါ စီမံပေးခဲ့ရတယ်။ ဒီအတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေက နောင်အခါ ကျွန်တော်အောင်မြင်ဖို့ဖြစ်လာစေခဲ့တယ်။ ကျွန်တော်ငွေအလုံအလောက် စုဆောင်းမိလာတဲ့အခါ Dunlop Estates ကုမ္ပဏီကို ဝယ်ယူခဲ့ပါတယ်။ Dunlop Estates ကို ဝယ်ယူလိုက်မှုဟာ ကျွန်တော့်ဘဝရဲ့ ထင်ရှားတဲ့အောင်မြင်မှုတွေထဲမှာ တစ်ခုပါပါတယ်။ တချို့က ကျွန်တော့်ဆီလာတွေ့ပြီး မေးကြတယ်..လုပ်ငန်းမကောင်းတော့တဲ့ ဆီအုန်းလောကက စိုက်ခင်းကုမ္ပဏီတစ်ခုကို ဘာကြောင့် ဝယ်လိုက်တာလဲလို့ မေးကြတယ်။ အလားအလာကောင်းတွေ မြင်ထားလို့လို့ ကျွန်တော်ဖြေခဲ့တယ်။ “ဒီနေ့ နေဝင်ပြီးရင် မနက်ဖြန် နေထွက်မယ်”လို့ ဖြေခဲ့ပါတယ်။ ကျွန်တော့်ဘဝ အတွေ့အကြုံတွေကနေ သင်ခန်းစာထုတ်နိုင်ခဲ့တာက ပညာရေးဟာ လူတစ်ယောက်ရဲ့ ဘဝမှာ သိပ်အရေးပါတယ် ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်ဟာ တိုင်းပြည်ပညာရေးဖွံ့ဖြိုးဖို့ အားစိုက်လုပ်ဆောင်ပေးခဲ့တယ်။ ဒါ့အပြင် ဆုံးဖြတ်ချက် ခိုင်မာမှုကလည်း ဘဝမှာ သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အိပ်မက်တွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ လက်မလျှော့သင့်ဘူး။ ပြင်းပြင်းထန်ထန် ကြိုးစားမယ်ဆိုရင် အိပ်မက် ပန်းတိုင်အသီးသီးကို တစ်နေ့မှာ ရောက်ကိုရောက်ရလိမ့်မှာ ဖြစ်ပါတယ်။

မေး။ လူကြီးမင်းဟာ စိုက်ခင်းထဲက ဆီအုန်းပင်တွေဆီသွားပြီး စကားပြောလေ့ရှိတယ်လို့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရပါတယ်။ ဘာကြောင့် အဲ့လို စကားပြောတာပါလဲခင်ဗျာ။

လီရှင်းချန် ။ အား…ဟုတ်တယ်။ ကျွန်တော့်အပင်တွေက ကျွန်တော့်ရဲ့ ချစ်သူတွေပါပဲ။ သူတို့တွေမှာ ကိုယ်ပိုင်စရိုက်ကလေးတွေ ရှိတယ်။ ခြံထဲကို ကျွန်တော်ရောက်သွားရင် သူတို့ကို စကားပြောတယ်။ ပန်းတွေပွင့်ဖို့၊ အသီးတွေ ကောင်းကောင်းသီးဖို့ အားပေးစကား ပြောပါတယ်။

မေး။ ဒီနှစ် (၂၀၁၇) ဟာ မလေးရှားမှာ ဆီအုန်းလုပ်ငန်း နှစ် ၁၀၀ ပြည့်တဲ့ နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ လူကြီးမင်းရဲ့ အမြင်အရ ဆီအုန်းလုပ်ငန်းနယ်အတွင်း ကြီးမားတဲ့ သမိုင်းမှတ်တိုင်ကြီး ၃ ခုက ဘယ်အရာတွေ ဖြစ်ပါမလဲခင်ဗျာ။

လီရှင်းချန် ။ မလေးရှားဟာ ကမ္ဘာ့ထိပ်တန်းဦးဆောင်နိုင်ငံအဖြစ် အခိုင်အမာပြောလို့ရတဲ့ လုပ်ငန်းနယ် အချို့မှာ ဆီအုန်းလုပ်ငန်း ပါဝင်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ဆီအုန်းလုပ်ငန်းနယ်အတွင်းကို ကျွန်တော်စတင်ဝင်ရောက်ခဲ့ချိန်က ဆီအုန်းဟာ ဒုတိယသီးနှံဖြစ်နေပြီး စိုက်ပျိုးမှုပမာဏနဲ့ တိုင်းပြည်အတွက် ဘဏ္ဍာဆောင်ကြဉ်းပေးနိုင်မှုမှာ ရာဘာရဲ့ နောက်မှာ ရပ်တည်ခဲ့တယ်။

၁၉၇၀ နဲ့ ၈၀ ပြည့်လွန်ကာလတွေမှာတော့ ရာဘာကို ဖြတ်ကျော်ပြီး မလေးရှားအတွက် အရေးအကြီးဆုံး သီးနှံဖြစ်လာခဲ့တယ်။ ၁၉၈၀ နဲ့ ၉၀ ပြည့်လွန်ကာလတွေရောက်တော့ မလေးရှားဟာ ကမ္ဘာပေါ်မှာ ဆီအုန်းအကြီးမားဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါပြီ။ ၁၉၉၇/၉၈ အာရှ စီးပွားရေးအကျပ်အတည်း ကာလကြီးတုန်းက ဆီအုန်းဟာ မလေးရှားအတွက် ဒုတိယအကြီးမားဆုံး နိုင်ငံခြားငွေ ရှာပေးခဲ့တာ ဖြစ်ပြီး တိုင်းပြည်စီးပွားရေး အလျင်အမြန် နာလံထူလာအောင် အကူအညီပေးနိုင်ခဲ့တယ်။

မေး။ မလေးရှားရဲ့ ဆီအုန်းလုပ်ငန်း နှစ် ၁၀၀ ပြည့်နဲ့အတူ လူကြီးမင်းပေးလိုတဲ့ သတင်းစကားက ဘယ်အရာဖြစ်ပါမလဲခင်ဗျာ။

လီရှင်းချန် ။ ကျွန်တော်က ဆီအုန်းရဲ့ အနာဂတ် အလွန်ကောင်းတယ်လို့ မြင်ပါတယ်။ ဒါဟာ လာမယ့် နှစ်ပေါင်း ၁၀၀ အတွက်လည်း ကောင်းမွန်နေဦးမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆီအုန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်တယ်။ ပြုပြင်ပြောင်းလဲလွယ်တယ်။ စက်မှုလုပ်ငန်းသုံး၊ လူသုံး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ပါတယ်။

ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၅၆ နှစ်တုန်းကလိုပဲ ဆီအုန်းနယ်ရဲ့ အလားအလာ၊ ကမ္ဘာပေါ်မျာ ဆီအုန်းထုတ်ကုန်တွေ ပြန့်နှံ့ဖို့အတွက် ကြိုးစားနေဆဲဖြစ်ပါတယ်။

လက်ရှိအားဖြင့် မလေးရှားမှာ မြေတစ်ဟက်တာကို ဆီအုန်း ၄ တန် နှစ်စဉ် ထုတ်လုပ်နေပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေဟာ အလုပ်သမား၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေသာ အလုံအလောက်ရှိမယ်ဆိုရင် တစ်ဟက်တာကို နှစ်စဉ် ဆီအုန်း ၈ တန်အထိ ထုတ်လုပ်နိုင်စွမ်းရှိနိုင်ပါတယ်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဆင္းရဲလြန္းေသာ မိဘမ်ားကို ကူညီရန္ စက္ဘီးတစ္စီးျဖင့္ ေရခဲမုန္႔ေရာင္းခဲ့ရသူ၊ အဂၤလိပ္စကားမေျပာတတ္လို႔ဆိုကာ အလုပ္မခန္႔ေသာ ကုမၸဏီကို ေနာင္အခါတြင္ ဝယ္ျပလိုက္သူ မေလးရွား၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ပါဝင္ေသာ အိမ္ျခံေျမသူေဌးၾကီး လီရွင္းခ်န္

 

မိုးရြာေသာေန႔တစ္ေန႔ျဖစ္၏။

အသက္ ၁၁ ႏွစ္အရြယ္ ေယာက်္ားေလးတစ္ဦးသည္ ရႊံ႕ဗြက္ထူလွေသာ လမ္းမ်ားေပၚ၌ ေရခဲမုန္႔မ်ားတင္ထားသည့္ စက္ဘီးကို ခက္ခဲစြာ ထိန္းေက်ာင္း စီးနင္းေန၏။ မၾကာမီတြင္ပင္ ရႊံ႕ေျမအတြင္း စက္ဘီး တာယာနစ္သြား၏။

ေနရာကား မေလးရွားႏိုင္ငံတြင္ ျပည္နယ္ ၁၃ ခုရွိသည့္အနက္ ဆလင္ေဂါျပည္နယ္တြင္ ရာဘာခင္းမ်ား စိုက္ပ်ဳိးရာ ကြာလာ ဆလင္ေဂါခရိုင္တြင္ ျဖစ္သည္။ စက္ဘီးလည္း ယိမ္းယိုင္သြားေသာေၾကာင့္ သြပ္ျဖင့္ျပဳလုပ္ထားေသာ ေရခဲမုန္႔ပံုးၾကီးမွာ ျပဳတ္က်လုျဖစ္သြားသည္။

ရႊံ႕ဗြက္အတြင္း ေရခဲမုန္႔ပံုးကို ျပဳတ္က်မခံႏိုင္ေသာေၾကာင့္ စက္ဘီးေပၚမွ ဆင္းကာ ပုခံုးျဖင့္ ထိန္းမထားလိုက္သည္။

အကူအညီေပးမည့္သူ ေရာက္လာသည့္အခ်ိန္အထိ ေရခဲမုန္႔ပံုးကို မိနစ္ ၂၀ ခန္႔ ထမ္းထားခဲ့ရေသာေၾကာင့္ ပုခံုးမ်ားအလြန္နာက်င္ကာ ပါးျပင္ေပၚသို႔ မ်က္ရည္မ်ား တသြင္သြင္ စီးက်လာသည္။

အလြန္နာက်င္ေသာ ေဝဒနာမ်ားမွ အနည္းငယ္သက္သာခ်ိန္တြင္ ကေလးငယ္က ေကာင္းကင္ဘံုကို တိုင္တည္ကာ ဤသို႔ ေျပာၾကားေလသည္။

“ကၽြန္ေတာ့္အရြယ္ ကေလးငယ္ေတြဟာ ေက်ာင္းေတြတက္ျပီး စာသင္ေနၾကပါတယ္။ ကၽြန္ေတာ္က်ေတာ့ အသက္ရွင္ႏိုင္ရံု ေလာက္အတြက္ ေရခဲမုန္႔လိုက္ေရာင္းေနရပါတယ္။ ဘုရားသခင္…ကၽြန္ေတာ့္အေပၚ ဘာေၾကာင့္မ်ား ဒီလိုလုပ္ရတာလဲ။ ဒါက..ေတာ္ေတာ္မတရားပါဘူး” ထိုမွ် နိမ့္ပါးေသာ ဘဝမွ ကေလးငယ္သည္ ေနာင္တစ္ခ်ိန္တြင္ မေလးရွားႏိုင္ငံ၏ အခ်မ္းသာဆံုး ထိပ္တန္းဘီလ်ံနာၾကီး ၁၀ ဦးတြင္ တစ္ဦးအပါအဝင္ျဖစ္လာခဲ့သည္။ သူ၏ အမည္မွာ လီရွင္းခ်န္ဟု ေခၚေလသည္။

....................

လီရွင္းခ်န္သည္ မေလးရွား၏ အခ်မ္းသာဆံုး ဘီလ်ံနာမ်ားတြင္ နံပါတ္ ၅ ေနရာ၌ ရပ္တည္ေနသူ ျဖစ္သည္။

ဆီအုန္းကုမၸဏီ IOI group တည္ေထာင္သူ၊ အမႈေဆာင္ဥကၠဌ လီရွင္းခ်န္သည္ ျပီးခဲ့ေသာ ဇြန္လ ၁ ရက္တြင္ ကြယ္လြန္သြားခဲ့ရာ အသက္ ၈၀ ျပည့္ေမြးေန႔သို႔ မေရာက္မီ ၂ ရက္အလိုတြင္ ျဖစ္သည္။

လီရွင္းခ်န္ ကြယ္လြန္ခဲ့ပံုသတင္းကို iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။

ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/832928  အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္။

IOI group ၏ ထုတ္ျပန္ခ်က္အရ လီရွင္းခ်န္သည္ အသက္ ၇၉ ႏွစ္အရြယ္တြင္ ကြယ္လြန္သြားျပီး ကြယ္လြန္ခ်ိန္တြင္ ဇနီး၊ သားသမီး ၆ ဦးႏွင့္ ေျမး ၁၂ ဦးတို႔ က်န္ရစ္ခဲ့သည္ဟု ဆိုသည္။

ေဖာ့ဘ္မဂၢဇင္းၾကီး၏ ခန္႔မွန္းခ်က္အရ လီရွင္းခ်န္၏ ၾကြယ္ဝမႈမွာ ရင္းဂစ္ ၁၇ ဒသမ ၄ ဘီလီယံ( ကန္ေဒၚလာ ၄ ဒသမ ၈ ဘီလီယံ) ျဖစ္သည္ဟု ဆိုသည္။

…………………….

ေရခဲမုန္႔ ေရာင္းခဲ့ရသူ

မေလးရွားႏိုင္ငံတြင္ ျပည္နယ္ ၁၃ ခုရွိသည့္အနက္ ဆလင္ေဂါျပည္နယ္တြင္ ရာဘာခင္းမ်ား စိုက္ပ်ဳိးရာ ကြာလာ ဆလင္ေဂါခရိုင္ တည္ရွိသည္။

လီရွင္းခ်န္သည္ ကြာလာ ဆလင္ေဂါခရိုင္၊ ဂ်ီရမ္အရပ္မွ ရာဘာစိုက္ခင္းတစ္ခုတြင္ ၾကီးျပင္းခဲ့သူ ျဖစ္သည္။

လီရွင္းခ်န္၏ ဖခင္သည္ အဆိုပါ ရာဘာစိုက္ခင္းတြင္ တရုတ္အစားအစာမ်ား ေရာင္းခ်သည့္ ဆိုင္ကေလးတစ္ခု ဖြင့္လွစ္ခဲ့သည္။

လီရွင္းခ်န္ အသက္ ၁၁ ႏွစ္အရြယ္တြင္ ေက်ာင္းမွႏႈတ္ထြက္ကာ မိဘမ်ားကို ကူညီရန္ စက္ဘီးတစ္စီးျဖင့္ ေရခဲမုန္႔ေရာင္းခဲ့ရသည္။

တရုတ္အစိုးရပိုင္ စီစီတီဗြီသတင္းဌာနႏွင့္ ၂၀၁၅ ခုႏွစ္အတြင္း ေတြ႔ဆံုေမးျမန္းခဲ့ရာတြင္ ငယ္စဥ္က အေၾကာင္းမ်ားကို ျပန္လည္ ေျပာျပခဲ့ဖူးသည္။ ေနာင္ ၄ ႏွစ္ခန္႔အၾကာတြင္ကား လီရွင္းခ်န္ ေက်ာင္းျပန္တက္ႏိုင္ခဲ့သည္။

ထိုအခိုက္တြင္ လီရွင္းခ်န္၏ ငယ္ရြယ္ေသာ အသိဥာဏ္တြင္ ဆင္ျခင္ခဲ့မိသည္မွာ ဆင္းရဲႏြံမွ ထြက္ႏိုင္မည့္တစ္ခုတည္းေသာ နည္းလမ္းမွာ ပညာေရးသာျဖစ္ေၾကာင္း ေတြးမိခဲ့သည္ဟုဆိုသည္။

ဆီအုန္းႏွင့္ အိမ္ျခံေျမသူေဌးၾကီး လီရွင္းခ်န္၏ ဘဝတြင္ အၾကီးမားဆံုးစိတ္မေကာင္းျဖစ္မိသည့္အရာမွာ တကၠသိုလ္တက္ခြင့္ မရခဲ့ျခင္းျဖစ္ေၾကာင္း တခါက ေျပာခဲ့ဖူးသည္။

ထို႔ေၾကာင့္ပင္ လီရွင္းခ်န္က သူ႔ဘဝတြင္ မရရွိခဲ့သည့္ အခြင့္အေရးကို သားသမီးမ်ား ေကာင္းစြာရရွိေစရန္ အစြမ္းကုန္ ပံ့ပိုးေပးခဲ့သည္။

“ကၽြန္ေတာ့္အိပ္မက္က ကေလး ၆ ေယာက္လံုး တကၠသိုလ္ ပညာေရး ေကာင္းေကာင္းသင္ႏိုင္တာ ျမင္ခ်င္တာ ပါပဲ။ အခုေတာ့ သူတို႔အားလံုး ျဗိတိန္မွာရွိတဲ့ ထိပ္တန္းတကၠသိုလ္ေတြကေန ဘြဲ႔ရျပီးၾကပါျပီ” လီရွင္းခ်န္သည္ လုပ္ငန္းရွင္တစ္ဦးျဖစ္မလာမီကာလအတြင္း ဆီအုန္းျခံကုမၸဏီငယ္ကေလးမ်ားတြင္ အလုပ္လုပ္ခဲ့သည္။

သူငယ္ခ်င္းတစ္ဦးႏွင့္အတူ ဝက္ေမြးျမဴေရး လုပ္ခဲ့သည့္အျပင္ သဘာဝဓာတ္ေငြ႔ဆိုင္ တစ္ဆိုင္တြင္လည္း အလုပ္လုပ္ခဲ့ဖူးသည္။

(အဂၤလိပ္စာ ညံ့ေသာေၾကာင့္ အလုပ္မရျခင္း)

လီရွင္းခ်န္သည္ အလယ္တန္းေအာင္ျမင္ျပီးေနာက္ ၁၉၆၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ား၌ Dunlop Estates ဟူေသာ စိုက္ပ်ဳိးေရးကုမၸဏီတစ္ခုတြင္ အလုပ္ေလွ်ာက္၏။ အင္တာဗ်ဴးတြင္ ေမးခြန္းအားလံုးနီးပါး ေျဖႏိုင္ခဲ့ေသာ္လည္း အဂၤလိပ္စာညံ့ေသာေၾကာင့္ဟုဆိုကာ အလုပ္မရခဲ့ေၾကာင္း လီရွင္းခ်န္က ေျပာျပသည္။

Dunlop Estates ကုမၸဏီတြင္ အဂၤလိပ္စာညံ့ေသာေၾကာင့္ အလုပ္မရခဲ့သည့္အခ်ိန္က လီရွင္းခ်န္မွာ အသက္ ၂၂ ႏွစ္အရြယ္သာ ရွိေသးသည္။

ေနာက္ပိုင္းတြင္ကား စိုက္ပ်ဳိးေရးကုမၸဏီငယ္တစ္ခုတြင္ အလုပ္ရခဲ့ျပီး ၁၉၆၁ ခုႏွစ္တြင္ ကြင္းဆင္းၾကီးၾကပ္ေရးမွဴးတစ္ဦးျဖစ္လာသည္။

(အလုပ္မခန္႔သည့္ ကုမၸဏီကို ဝယ္ယူ)

လီရွင္းခ်န္သည္ ကုမၸဏီတြင္ ရာထူးအဆင့္ဆင့္တိုးျမင့္လာခဲ့ကာ ခ်မ္းသာၾကြယ္ဝလာခဲ့ျပီးေနာက္ ၎အား အဂၤလိပ္စာညံ့ေသာေၾကာင့္ အလုပ္မခန္႔ခဲ့ေသာ Dunlop Estates ကုမၸဏီကို ေနာင္ႏွစ္ေပါင္း ၂၀ အၾကာ ၁၉၈၉ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္။

ထိုသို႔ ဝယ္ယူခဲ့မႈမွာ စီးပြားေရးသုေတသီတို႔အတြက္ ပုစၦာတစ္ရပ္ ျဖစ္ခဲ့၏။

ဆီအုန္းစိုက္ပ်ဳိးေရးလုပ္ငန္း က်ဆင္းေနခ်ိန္တြင္ အဘယ္ေၾကာင့္ ဆီအုန္းစိုက္ပ်ဳိးသည့္ကုမၸဏီတစ္ခုကို ဝယ္ယူလိုခဲ့သနည္းဟူေသာ ေမးခြန္း ေပၚေပါက္ခဲ့သည္။

လီရွင္းခ်န္က ေျပာၾကားရာတြင္ မေလးရွားတြင္ ဆီအုန္းေခတ္ေကာင္းလာႏိုင္သည့္ အလားအလာကို ေတြ႔ျမင္ေသာေၾကာင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ထုတ္ေဖာ္ေျပာၾကားခဲ့ျပီး အဆိုပါ ကုမၸဏီကို အျမတ္အစြန္းေကာင္းသည့္ ကုမၸဏီအျဖစ္ ေျပာင္းလဲေပးႏိုင္ ခဲ့သည္။

လီရွင္းခ်န္၏ ဆံုးျဖတ္ခ်က္မွန္ကန္ခဲ့ျပီး ဆီအုန္းလုပ္ငန္းနယ္တြင္ စီးေျမာရန္ အခြင့္အလမ္းေကာင္းရရွိခဲ့ျပီး မေလးရွား၏ ဆီအုန္းသူေဌးၾကီးျဖစ္လာေအာင္ ေလွ်ာက္လွမ္းႏိုင္ခဲ့သည္။

၂၀၀၈ ခုႏွစ္အတြင္း နယူးစထရိတ္တိုင္းမ္ သတင္းစာက လီရွင္းခ်န္ကို ေတြ႔ဆံုေမးျမန္းခန္းျပဳလုပ္ခဲ့ရာ၌ သူ႔ဘဝ၏ အေပ်ာ္ဆံုးေန႔မွာ အလုပ္မခန္႔သည့္ ကုမၸဏီကို ဝယ္ယူပိုင္ဆိုင္လိုက္သည့္ေန႔ပင္ျဖစ္ေၾကာင္း ေျဖၾကားခဲ့ဖူးသည္။

“ကၽြန္ေတာ့္ဘဝရဲ႕ အေပ်ာ္ဆံုးေန႔က ၁၉၈၉ ခုႏွစ္အတြင္းမွာ Dunlop Estate ကုမၸဏီကို ဝယ္ယူပိုင္ဆိုင္လိုက္တဲ့ေန႔ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ၁၉၆၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလေတြတုန္းက အဲ့ဒီကုမၸဏီမွာ ကၽြန္ေတာ္ အလုပ္သြားေလွ်ာက္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္အရည္အခ်င္းမမီဘူးဆိုျပီး ကၽြန္ေတာ့္ကို အလုပ္မခန္႔ခဲ့ပါဘူး။ တကယ္လို႔ အဲဒီတုန္းက ကၽြန္ေတာ့္ကိုသာ အလုပ္ခန္႔ခဲ့မယ္ဆိုရင္ ကၽြန္ေတာ္လည္းအခုလို Dunlop Estate ကုမၸဏီတစ္ခုလံုးကို ပိုင္ဆိုင္ႏိုင္တဲ့ အေျခအေန ေရာက္လာမွာ မဟုတ္ပါဘူး။ ဒီဝယ္ယူလိုက္မႈဟာ ကၽြန္ေတာ့္ဘဝရဲ႕ အေရးပါတဲ့ မွတ္တိုင္တစ္ခုပါ” Dunlop Estate ကို လီရွင္းခ်န္ ဝယ္ယူလိုက္ခ်ိန္တြင္ ဆီအုန္းျခံ ၁၃ ခု၊ အက်ယ္အဝန္းအားျဖင့္ ဟက္တာ ၂၇၈၈၀ ရွိကာ ဆီအုန္းၾကိတ္စက္ ၂ လံုး၊ စက္ရံု ၂ ခုႏွင့္ သုေတသနဌာန ၁ ခုတို႔ ပါဝင္သည္။

ယေန႔ကာလတြင္ကား လီရွင္းခ်န္၏ IOI ေကာ္ပိုေရးရွင္းသည္ အာရွ၊ အာဖရိက၊ ဥေရာပႏွင့္ ေျမာက္အေမရိကတိုက္တို႔ရွိ ႏိုင္ငံ ၈ ခုတြင္ လုပ္ငန္းလည္ပတ္ေနျပီး မေလးရွားႏွင့္ အင္ဒိုနီးရွားတြင္ ဆီအုန္းျခံေပါင္း ၉၀ ေက်ာ္ တည္ေထာင္ထားသည္။

လီရွင္းခ်န္သည္ ဒါရိုက္တာဘုတ္အဖြဲ႔ဥကၠဌအျဖစ္ ႏွစ္ေပါင္း ၂၀ တာဝန္ယူခဲ့ေသာ ကြမ္ခ်န္းအထက္တန္းေက်ာင္း ျပန္လည္ျပဳျပင္ေဆာက္လုပ္ေရးအတြက္ လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့၏။

၁၉၉၄ ခုႏွစ္တြင္ “ယာယာဆန္ တန္ ဆရီ လီရွင္းခ်န္”အမည္ရွိ ပရဟိတအဖြဲ႔ကို တည္ေထာင္ခဲ့သည္။

ထို႔အျပင္ ရွင္းခ်န္မူလတန္းေက်ာင္းေဆာက္လုပ္ရန္အတြက္လည္း လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

လက္ရွိအားျဖင့္ သူ၏ပရဟိတအဖြဲ႔သည္ ပညာေရး၊ လူ႔အသိုက္အဝန္း သာယာဝေျပာေရး၊ က်န္းမာေရး၊ လူမႈေရး၊ အထက္တန္းပညာေရးျပီးဆံုးျပီးေနာက္ သိပၸံ-နည္းပညာ-အင္ဂ်င္နီယာ နယ္ပယ္မ်ားအတြက္ ပညာသင္ဆု ေထာက္ပံ့ကူညီေရး လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေနသည္။

ၾကိဳးစားျခင္း၊ ခိုင္မာေသာဇြဲလံု႔လရွိျခင္း၊ ဆံုးျဖတ္ခ်က္ခိုင္မာျခင္း၊ ထက္ျမက္ျခင္း။

အထက္ပါ ေဝါဟာရတို႔သည္ လီရွင္းခ်န္ကို ေဖာ္ျပႏိုင္သည့္ စကားလံုးမ်ားအနက္ အခ်ဳိ႕သာျဖစ္၏။

လီရွင္းခ်န္သည္ ကြယ္လြန္ခ်ိန္တြင္ သူ၏ ၾကြယ္ဝမႈမွာ ရင္းဂစ္ ၁၉ ဒသမ ၇ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၇ ဘီလီယံ) ရွိေနျပီး မေလးရွားတြင္ ပဥၥမေျမာက္အခ်မ္းသာဆံုးႏွင့္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္းတြင္ နံပါတ္ ၃၂၅ ေနရာ၌ ရပ္တည္ေနေၾကာင္း ေဖာ့ဘ္ မဂၢဇင္းၾကီးတြင္ ေဖာ္ျပသည္။

သူသည္ IOI Corp Bhd ႏွင့္ IOI Properties တို႔၏ အမႈေဆာင္ဥကၠဌ ျဖစ္၏။

IOI Corp မွာ ဆီအုန္းကုမၸဏီျဖစ္ျပီး ေစ်းကြက္တန္ဖိုး ရင္းဂစ္ ၂၆ ဒသမ ၃၂ ဘီလီယံ တန္ေၾကးရွိသည္။

Bursa Malaysia စေတာ့အိတ္ခ်ိန္းဝင္ အၾကီးမားဆံုးကုမၸဏီ ၃၀ တြင္ ပါဝင္၏။

အိမ္ျခံေျမလုပ္ငန္းမ်ားလုပ္ေဆာင္သည့္ IOI Properties မွာ ေစ်းကြက္တန္ဖိုး ရင္းဂစ္ ၇ ဒသမ ၃၇ ဘီလီယံခန္႔ရွိျပီး စကၤာပူႏွင့္ တရုတ္ျပည္တို႔တြင္ အိမ္ျခံေျမေဆာက္လုပ္မႈ၊ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္သည္။

Dunlop Estate ကို ဝယ္ယူျပီးေနာက္ပိုင္းတြင္ Puchong ႏွင့္ Putrajaya တို႔တြင္ အိမ္ျခံေျမေဆာက္လုပ္ေရးလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ျခင္းမ်ား ျပဳလုပ္လာခဲ့သည္။

လီရွင္းခ်န္သည္ ဆီအုန္းလုပ္ငန္းမွတဆင့္ ပူေခ်ာင္ႏွင့္ ပုထရာဂ်ာယားတို႔တြင္ အိမ္ျခံေျမေဆာက္လုပ္ေရးလုပ္ငန္းနယ္အတြင္းသို႔ ထပ္မံ ဝင္ေရာက္ခဲ့သည္။

လီရွင္းခ်န္သည္ သူ၏ ဆီအုန္းစိုက္ခင္းတြင္ အိႏိၵယအလုပ္သမားမ်ားႏွင့္ တမီလ္စကားျဖင့္လည္း ေကာင္းစြာစကားေျပာႏိုင္စြမ္းရွိသူ ျဖစ္သည္။

သစ္ပင္စကားေျပာသူဟုလည္း လူသိမ်ားသူ လီရွင္းခ်န္သည္ အားလပ္ခ်ိန္မ်ားတြင္ သူ၏ ဆီအုန္းပင္မ်ားထံသြားကာ စကားေျပာျခင္း၊ သီခ်င္းဆိုျပျခင္းမ်ား ျပဳလုပ္ရျခင္းကို ျမတ္ႏိုးသူလည္း ျဖစ္၏။

သစ္ပင္တိုင္းသည္ မိန္းကေလးမ်ားကဲ့သို႔ပင္ တစ္ပင္ႏွင့္တစ္ပင္ မတူညီဘဲ ကြဲျပားမႈမ်ားရွိေၾကာင္း လီရွင္းခ်န္ တစ္ခါက ေျပာဖူးသည္။

သစ္ပင္မ်ားကို စကားေျပာေပးလွ်င္ ၎တို႔အေၾကာင္း ပိုသိလာႏိုင္မည္ျဖစ္ျပီး အပင္ဖြံ႔ျဖိဳးမႈကို အားေကာင္းေစရန္ အကူအညီျဖစ္ေစသည္ဟု ဆိုသည္။

(မွတ္ခ်က္။ သိပၸံေတြ႔ရွိခ်က္မ်ားအရလည္း သစ္ပင္မ်ားသည္ ျမင္ႏိုင္၊ ၾကားႏိုင္၊ အနံ႔ခံႏိုင္၊ ခံစားႏိုင္ၾကျပီး ၎တို႔တြင္ မွတ္ဥာဏ္ပင္ ရွိေနႏိုင္သည္ဟု ဆိုသည္။)

သစ္ပင္မ်ားသည္ အျမစ္မ်ားရွိ mycorrhizal fungi မွတဆင့္ အခ်င္းခ်င္း ဆက္သြယ္ႏိုင္ၾကသည္။

အျမစ္မ်ားသည္ အပင္အခ်င္းခ်င္း သတင္းအခ်က္အလက္ ဖလွယ္ရာျဖစ္ျပီး အကူအညီလိုအပ္ေသာ အျခားအပင္မ်ားထံ လိုအပ္ေသာ အကူအညီမ်ားပင္ ေပးပို႔ႏိုင္ၾကသည္ဟု ဆိုသည္။

သစ္ပင္မ်ားသည္ လူသားမ်ားအပါအဝင္ သက္ရွိအားလံုးႏွင့္ ဆက္သြယ္မႈမ်ား ျပဳလုပ္ၾကသည္ဟု ဆိုသည္။

ဇီဝေဗဒပညာရွင္မ်ား၊ ေဂဟေဗဒပညာရွင္မ်ား၊ သစ္ေတာပညာရွင္မ်ား၊ ရုကၡေဗဒပညာရွင္မ်ား၏ အဆိုအရ သစ္ပင္မ်ားသည္ စကားေျပာႏိုင္ျပီး လူသားမ်ားကလည္း သင္ယူေလ့လာမႈမ်ား ျပဳလုပ္လွ်င္ သစ္ပင္တို႔ ေျပာသည့္စကားကို နားေထာင္ႏိုင္သည္ဟု ဆိုသည္။)

ဆီအုန္းပင္မ်ားသည္ သူ၏ ခ်စ္သူမိန္းကေလးမ်ားျဖစ္ေၾကာင္း လီရွင္းခ်န္ေျပာခဲ့ဖူးသည္။

သစ္ပင္တိုင္းတြင္ ကိုယ္ပိုင္စရိုက္လကၡဏာမ်ား ရွိၾကသည္ဟု လီရွင္းခ်န္က ဆိုသည္။

ယင္းအနက္ အပင္တစ္ပင္ကို ဖိလစ္ပိုင္မိန္းကေလးအမည္ “ဆိုဖီယာ လီ မာကာဒို” ဟု အမည္ေပးခဲ့သည္။

အသီးထြက္ႏႈန္း ေကာင္းမြန္ေသာ အပင္ဆိုလွ်င္ လီရွင္းခ်န္က “ကိုယ္ မင္းကိုခ်စ္တယ္”ဟု ေျပာေလ့ရွိ၏။

ထြက္ႏႈန္းက်ဆင္းေနေသာ အပင္ဆိုလွ်င္ သတ္မွတ္ထြက္ႏႈန္း ျပည့္မီေအာင္ သီးပြင့္ေပးရန္ ၆ လမွ ၉ လၾကား ေပးမည္ျဖစ္ေၾကာင္း သတိေပး၏။ အံ့အားသင့္ဖြယ္မွာ ထိုသို႔ေျပာေသာ အပင္အမ်ားစုမွာ ထြက္ႏႈန္းျပန္လည္ေကာင္းမြန္လာသည္ဟု ဆိုသည္။

အကယ္၍ သတိေပးစကားေျပာထားသည့္တိုင္ ထြက္ႏႈန္းေကာင္းမလာပါက “စိတ္မေကာင္းပါဘူး အခ်စ္ေရ။ ကိုယ္မင္းကို ခုတ္လွဲရေတာ့မယ္”ဟု လီရွင္းခ်န္က ေျပာေလ့ရွိသည္။

လီရွင္းခ်န္၏ သားသမီး ၆ ဦးလံုးသည္ ကုမၸဏီတြင္ စီမံခန္႔ခြဲေရးဆိုင္ရာ ရာထူးမ်ားျဖင့္ လုပ္ကိုင္ေနၾကသည့္အနက္ သားျဖစ္သူ လီေယာင္ေခ်ာႏွင့္ လီေယာင္ဆန္းတို႔မွာ IOI ၏ ဒါရိုက္တာ ဘုတ္အဖြဲ႔တြင္ ပါဝင္ေနၾကသူမ်ားျဖစ္သည္။

အငယ္ဆံုးသား လီေယာင္ဆန္းသည္ မေလးရွား စြမ္းအင္၊ သိပၸံ၊ နည္းပညာ၊ သဘာဝပတ္ဝန္းက်င္ႏွင့္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ဝန္ၾကီး ေယာ္ဘီယင္ႏွင့္ ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၁ ရက္ကမွ လက္ထပ္ခဲ့သူ ျဖစ္သည္။

ဆန္းၾကယ္သည့္ တိုက္ဆိုင္မႈမွာ စြမ္းအင္ဝန္ၾကီး ေယာဘီယင္သည္လည္း လီေယာင္ဆန္း၏ ဖခင္ လီရွင္းခ်န္နည္းတူ ဆီအုန္းစိုက္ခင္းလုပ္သားဘဝတြင္ ၾကီးျပင္းခဲ့ရသူျဖစ္ျပီး သူမ၏ မိခင္မွာ ဆီအုန္းစိုက္ခင္းမွ စာေရးမတစ္ဦးျဖစ္သည္။ ထိုမွ ဝန္ၾကီးအဆင့္အထိ ေအာင္ျမင္သည့္ဘဝသို႔ တက္လွမ္းလာသူ ျဖစ္ေနသည္။

လီေယာင္ဆန္းႏွင့္ ေယာဘီယင္တို႔သည္ ကိန္းဘရစ္တကၠသိုလ္တြင္ ပညာဆည္းပူးရင္း ဆံုစည္းခဲ့ၾကျခင္း ျဖစ္သည္။

လီရွင္းခ်န္သည္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၁ ရက္ေန႔တြင္ ကြယ္လြန္သြားခဲ့ျပီး အသက္ ၈၀ ျပည့္ေမြးေန႔မေရာက္မီ ၂ ရက္အလိုတြင္ ျဖစ္သည္။

လီရွင္းခ်န္၏ စ်ာပနက်င္းပသည့္ေန႔ မြန္းလြဲ ၁၂ း ၃၀ ခန္႔တြင္ မိုးသည္းထန္စြာ ရြာသြန္းေနေသာ္လည္း လီရွင္းခ်န္အား လြမ္းဆြတ္သူတို႔က Diamond Hill ရွိ လီရွင္းခ်န္၏ ေနအိမ္သို႔ လာေရာက္ကာ ဂါရဝျပဳၾကသည္။

လာေရာက္ဂါရဝျပဳၾကသူမ်ားတြင္ လုပ္ငန္းရွင္မ်ားမွ အစျပဳကာ စိုက္ခင္းမွ သန္႔ရွင္းေရးသမားမ်ား၊ ရံုးအလုပ္သမားမ်ားအထိ ပါဝင္သည္။

“အေဖ့ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ကၽြန္ေတာ္တို႔မိသားစုဟာ ပရဟိတအလုပ္ေတြမွာ ပါဝင္ခဲ့ၾကတယ္။ ပညာေရးနဲ႔ လူမႈေရးက႑ေတြမွာ အကူအညီေပးဖို႔ သူ႔ရဲ႕ျပင္းျပတဲ့ဆႏၵအေပၚ ကၽြန္ေတာ္တို႔ ဝိုင္းဝန္းကူညီခဲ့ၾကတယ္။ အေဖလုပ္ခဲ့သလိုမ်ဳိး ဆက္လက္လုပ္ေဆာင္သြားဖို႔ ကၽြန္ေတာ္တို႔ ရည္ရြယ္ထားပါတယ္”ဟု လီေယာင္ေခ်ာက ေျပာၾကားသည္။

လီရွင္းခ်န္သည္ ဂ်ပန္သို႔ အလည္အပတ္ထြက္ခဲ့စဥ္ကလည္း ဘီလ်ံနာၾကီးတစ္ဦးအျဖစ္ သီးသန္႔ ခရီးမသြားဘဲ ခရီးသည္အုပ္စုတစ္ခုထဲတြင္ ေရာေႏွာကာ မထင္မရွား လိုက္ပါသြားခဲ့ဖူးသည္။

အဆိုပါခရီးစဥ္ကို စီစဥ္သည့္ Apple Vacation ကုမၸဏီမွ ဥကၠဌသိလိုက္ခ်ိန္တြင္ မ်ားစြာအံ့အားသင့္ခဲ့သည္ဟု ဆို၏။

ကမၻာလွည့္ခရီးသြား ဘတ္စ္ကားေပၚတြင္း အျခားခရီးေဖာ္မ်ား ပ်င္းရိေနပါက သီခ်င္းပင္ဆိုျပခဲ့၏။

လီရွင္းခ်န္ကြယ္လြန္ခ်ိန္တြင္ ဇနီးျဖစ္သူ ပူအန္ ဆရီ ေဟာင္ ေမ ကြမ္၊ သားသမီး ၆ ဦးႏွင့္ ေျမး ၁၂ ဦး က်န္ရစ္သည္။

သမီးျဖစ္သူ လီရုပ္ခ္ဟာမွာ IOI Properties တြင္ အမႈေဆာင္ဒါရိုက္တာတစ္ဦးျဖစ္သည္။

လီရွင္းခ်န္သည္ မိတ္ေဆြမ်ားအျပင္ ၎ႏွင့္သိကၽြမ္းသူမ်ားအေပၚ အလြန္ဂရုစိုက္တတ္သူတစ္ဦးျဖစ္ျပီး လူသားဆန္ျခင္း၊ ပကာသနမရွိသူတစ္ဦးအျဖစ္ နာမည္ေက်ာ္သူလည္း ျဖစ္သည္။

…………………………

(လီရွင္းခ်န္ ကြယ္လြန္ခ်ိန္တြင္ မေလးရွား ပါလီမန္အမတ္တစ္ဦးက ေရးသားခဲ့ေသာစာ)

မေလးရွားႏိုင္ငံကို ကမၻာ့ထိပ္တန္းႏိုင္ငံတစ္ခုျဖစ္လာေရး အိပ္မက္ကို အေကာင္အထည္ေဖာ္မည္ဆိုပါက လီရွင္းခ်န္သည္ မေလးရွားႏိုင္ငံသားအားလံုးအတြက္ စံျပပုဂၢိဳလ္တစ္ဦး ျဖစ္သင့္သည္။

လက္ေထာက္ကာကြယ္ေရးဝန္ၾကီး လ်ဴခ်င္းေထာင္၊ အျခား ပါတီေခါင္းေဆာင္မ်ားႏွင့္အတူ ကၽြႏု္ပ္သည္လည္း လီရွင္းခ်န္ကို ပုထရာဂ်ာယာသို႔ သြားေရာက္ျပီး ေနာက္ဆံုးဂါရဝျပဳခဲ့ပါသည္။ လီရွင္းခ်န္ ကြယ္လြန္မႈမွာ တိုင္းျပည္အတြက္ ၾကီးမားသည့္ ဆံုးရံႈးမႈၾကီးတစ္ရပ္ ျဖစ္၏။

ႏြမ္းပါးေသာဘဝမွ စတင္ခဲ့ေသာ ကိုယ့္ထူးကိုယ္ခၽြန္ပုဂၢိဳလ္ လီရွင္းခ်န္သည္ ၾကိဳးစားမႈ၊ ဇြဲလံု႔လ၊ စူးစိုက္မႈ၊ ရဲရင့္မႈတို႔ရွိလွ်င္ တကၠသိုလ္ မတက္ဖူးေသာ္လည္း ဘဝတြင္ ေအာင္ျမင္မႈရႏိုင္ေၾကာင္း ျပသလိုက္သည့္ သာဓကျပယုဂ္လည္း ျဖစ္သည္။

ယေန႔ေခတ္ မေလးရွားတြင္ လီရွင္းခ်န္ကဲ့သို႔ ပုဂၢိဳလ္မ်ဳိး အလြန္ရွားပါးလွသည္။ အကယ္၍ မေလးရွားသည္ လူတို႔၏ ၾကိဳးပမ္းအားထုတ္မႈ ဆိုင္ရာ နယ္ပယ္တိုင္းတြင္ ကမၻာ့ထိပ္တန္းႏိုင္ငံတစ္ခု ျဖစ္လာလိုသည္ဆုိပါက ေခတ္သစ္မေလးရွားတြင္ လီရွင္းခ်န္ကဲ့သို႔ ပုဂၢိဳလ္မ်ဳိးမွာ ရွားပါးသည့္အျဖစ္မ်ဳိးထက္ ေပါမ်ားေအာင္ ၾကိဳးပမ္းရမည္ ျဖစ္သည္။

မေလးရွားသည္ လီရွင္းခ်န္လိုပုဂၢိဳလ္မ်ဳိး တစ္ဦးတည္းသာ လိုအပ္သည္မဟုတ္။ တိုင္းျပည္တြင္းရွိ မ်ဳိးႏႊယ္စုအားလံုးတြင္ လီရွင္းခ်န္ေပါင္း မ်ားစြာ လုိအပ္သည္။ သို႔မွသာလွ်င္ ကမၻာႏွင့္ ရင္ေဘာင္တန္းယွဥ္ျပိဳင္ႏုိုင္မည္ ျဖစ္သည္။

မေလးရွားႏိုင္ငံသားတို႔၏ ယခင္စိတ္ဓာတ္မ်ားျဖစ္ေသာ တစ္ေယာက္တစ္ေပါက္ ၊ အဖ်က္စိတ္ဓာတ္မ်ဳိးကိုုသာ ျပိဳင္ဆိုင္ေနျခင္းမ်ဳိးျဖင့္ ေရွ႕မဆက္ၾကရန္ လိုပါသည္။ (ပါလီမန္အမတ္ လင္မ္ကစ္ဆီယန္)

.......................

(ေဖာ့ဘ္မဂၢဇင္းၾကီးမွ အခ်က္အလက္မ်ား)

လီရွင္းခ်န္

၂၀၁၉ ခုႏွစ္ မေလးရွားႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ ၅၀ စာရင္း- နံပါတ္ ၅

၂၀၁၉ ခုႏွစ္ ကမၻာ့ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ား စာရင္း - နံပါတ္ ၃၂၅

အသက္ - ၈၀

ၾကြယ္ဝလာမႈရင္းျမစ္ - ဆီအုန္း၊ အိမ္ျခံေျမ (ကိုယ့္ထူးကိုယ္ခၽြန္)

ေနအိမ္- မေလးရွားႏိုင္ငံ၊ ဆလင္ေဂါျပည္နယ္၊ ကြာလာ ဆလင္ေဂါခရိုင္၊ ဂ်ီရမ္ျမိဳ႕

အိမ္ေထာင္ေရးအေျခအေန- အိမ္ေထာင္ရွိ

သားသမီး - ၆ ဦး

(လီရွင္းခ်န္၏ အဆိုအမိန္႔)

ဒီေန႔ ေနဝင္ျပီးရင္ မနက္ျဖန္ ေနထြက္လာမယ္ “Today sunset, tomorrow sunrise.”

....................

(လီရွင္းခ်န္ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတစ္ခု)

ေမး ။ လူၾကီးမင္းခင္ဗ်ာ ။လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေလာက္က စိုက္ခင္းၾကီးၾကပ္ေရးမွဴးတစ္ေယာက္ဘဝကေန၊ စိုက္ခင္းမန္ေနဂ်ာ၊ IOI Group ကုမၸဏီၾကီးကို တည္ေထာင္သူ၊ အမႈေဆာင္ ဥကၠဌ ဘဝအထိ ေရာက္ေအာင္ လူၾကီးမင္းဟာ ခရီးရွည္ၾကီး ခ်ီတက္ခဲ့ပါတယ္။ လူၾကီးမင္းရဲ႕ ဘဝခရီးကို ဘယ္လိုမ်ဳိးေျပာျပခ်င္ပါသလဲ။

လီရွင္းခ်န္ ။ ကၽြန္ေတာ္ဟာ ဆီအုန္းလုပ္ငန္းနယ္မွာ ၅၆ ႏွစ္ေလာက္ ျဖတ္သန္းခဲ့ပါတယ္။ ၁၉၆၁ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွာ စိုက္ခင္းၾကီးၾကပ္ေရးမွဴးတစ္ေယာက္အျဖစ္ ဒီလုပ္ငန္းနယ္ကို စဝင္ခဲ့တယ္။ ဆီအုန္းဟာ ကၽြန္ေတာ့္ႏွလံုးသားနဲ႔ အလြန္နီးစပ္ျပီး ကၽြန္ေတာ့္ရဲ႕ အခ်စ္ဦးလည္း ျဖစ္ပါတယ္။ ဆီအုန္းဟာ လူသားေတြအတြက္ အလြန္အသံုးဝင္ျပီး စားသံုးဖို႔အျပင္ အျခားနယ္ပယ္မ်ားစြာမွာ အသံုးျပဳႏိုင္ပါတယ္။ စိုက္ခင္းလုပ္သူေတြကို လုပ္ငန္းရွင္ေတြျဖစ္လာေအာင္၊ လုပ္ငန္းငယ္သမားေတြကို လူလတ္တန္းစားျဖစ္လာေအာင္ ကူညီေပးႏိုင္တဲ့ လုပ္ငန္းျဖစ္ပါတယ္။ IOI ဟာ ေဒသတြင္း ဆီအုန္းကုမၸဏီေလးျဖစ္ျပီး ၁၉၈၂ ခုႏွစ္မွာ စတင္လည္ပတ္ခဲ့တာပါ။ ႏွစ္ေပါင္း ၃၀ မတိုင္မီမွာ IOI Group ဟာ ႏိုင္ငံေပါင္း ၇ ႏိုင္ငံမွာ လုပ္ငန္းလည္ပတ္ေနျပီး ကမၻာ့ထိပ္တန္း ဆီအုန္းကုမၸဏီေတြထဲမွာ တစ္ခု အပါအဝင္ ျဖစ္လာခဲ့ပါတယ္။

ေမး ။ လူၾကီးမင္းဟာ ၁၉၆၀ ျပည့္လြန္ အေစာပိုင္းႏွစ္ေတြတုန္းက Dunlop Estate ဆိုတဲ့ ကုမၸဏီမွာ အလုပ္ေလွ်ာက္ခဲ့ဖူးပါတယ္။ ၁၉၈၉ ခုႏွစ္က်ေတာ့ လူၾကီးမင္းဟာ အဲဒီကုမၸဏီကို ဝယ္ယူလိုက္တယ္။ အတိတ္ကို ျပန္ၾကည့္မယ္ဆိုရင္ ဒီျဖစ္ရပ္ကေန ဘယ္အရာကို မွတ္သားအတုယူသင့္ပါသလဲခင္ဗ်ာ။

လီရွင္းခ်န္ ။ ကၽြန္ေတာ္ အလယ္တန္းျပီးေတာ့ အဂၤလိပ္ပိုင္ စိုက္ပ်ဳိးေရးကုမၸဏီ (Dunlop Estates) မွာ အလုပ္ေလွ်ာက္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက စိုက္ခင္းကုမၸဏီအမ်ားစုကို လူျဖဴေတြက စီမံလည္ပတ္ေနတာ ျဖစ္ပါတယ္။ ကၽြန္ေတာ္အင္တာဗ်ဴးဝင္ခဲ့ရာမွာ စိုက္ခင္းနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြအားလံုးနီးပါး ေကာင္းေကာင္းေျဖႏိုင္ခဲ့ေပမယ့္ အဂၤလိပ္စကားေျပာ အားနည္းလို႔ အလုပ္မရခဲ့ပါဘူး။ ကၽြန္ေတာ္ေတာ္ေတာ္ စိတ္ပ်က္သြားခဲ့တယ္။ ဒါေပမယ့္ ပိုျပီးျပင္းျပင္းထန္ထန္ၾကိဳးစားဖို႔ လက္မေလွ်ာ့ဖို႔ ဆံုးျဖတ္ခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာ တျခားစိုက္ခင္းကုမၸဏီငယ္ေလးတစ္ခုမွာ စိုက္ခင္းၾကီးၾကပ္ေရးမွဴးအလုပ္တစ္ခု ရခဲ့တယ္။ အဲဒီအလုပ္မွာ ေလ့လာႏိုင္သမွ်အားလံုးေလ့လာတယ္၊ အေကာင္းဆံုးၾကိဳးစားခဲ့တယ္။ ဒီလိုနဲ႔ ရာထူးေတြ အဆင့္ဆင့္တက္ျပီး စိုက္ခင္းမန္ေနဂ်ာ ျဖစ္လာခဲ့တယ္။ မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ဟာ စိုက္ခင္းအစီအစဥ္ေတြ စီမံကိန္းဆြဲတာ၊ စိုက္ခင္းစီမံခန္႔ခြဲတာအျပင္ စိုက္ခင္းအလုပ္သမားေတြေနဖို႔ တန္းလ်ားေဆာက္လုပ္တဲ့ ေဆာက္လုပ္ေရးလုပ္ငန္းက႑ေတြကိုပါ စီမံေပးခဲ့ရတယ္။ ဒီအေတြ႔အၾကံဳေတြ၊ ကၽြမ္းက်င္မႈေတြက ေနာင္အခါ ကၽြန္ေတာ္ေအာင္ျမင္ဖုိ႔ျဖစ္လာေစခဲ့တယ္။ ကၽြန္ေတာ္ေငြအလံုအေလာက္ စုေဆာင္းမိလာတဲ့အခါ Dunlop Estates ကုမၸဏီကို ဝယ္ယူခဲ့ပါတယ္။ Dunlop Estates ကို ဝယ္ယူလိုက္မႈဟာ ကၽြန္ေတာ့္ဘဝရဲ႕ ထင္ရွားတဲ့ေအာင္ျမင္မႈေတြထဲမွာ တစ္ခုပါပါတယ္။ တခ်ဳိ႕က ကၽြန္ေတာ့္ဆီလာေတြ႔ျပီး ေမးၾကတယ္..လုပ္ငန္းမေကာင္းေတာ့တဲ့ ဆီအုန္းေလာကက စိုက္ခင္းကုမၸဏီတစ္ခုကို ဘာေၾကာင့္ ဝယ္လိုက္တာလဲလို႔ ေမးၾကတယ္။ အလားအလာေကာင္းေတြ ျမင္ထားလို႔လို႔ ကၽြန္ေတာ္ေျဖခဲ့တယ္။ “ဒီေန႔ ေနဝင္ျပီးရင္ မနက္ျဖန္ ေနထြက္မယ္”လို႔ ေျဖခဲ့ပါတယ္။ ကၽြန္ေတာ့္ဘဝ အေတြ႔အၾကံဳေတြကေန သင္ခန္းစာထုတ္ႏိုင္ခဲ့တာက ပညာေရးဟာ လူတစ္ေယာက္ရဲ႕ ဘဝမွာ သိပ္အေရးပါတယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္ဟာ တိုင္းျပည္ပညာေရးဖြံ႔ျဖိဳးဖို႔ အားစိုက္လုပ္ေဆာင္ေပးခဲ့တယ္။ ဒါ့အျပင္ ဆံုးျဖတ္ခ်က္ ခိုင္မာမႈကလည္း ဘဝမွာ သိပ္အေရးၾကီးတယ္။ ကၽြန္ေတာ္တို႔ဟာ ကိုယ့္အိပ္မက္ေတြနဲ႔ ပတ္သက္ျပီး ဘယ္ေတာ့မွ လက္မေလွ်ာ့သင့္ဘူး။ ျပင္းျပင္းထန္ထန္ ၾကိဳးစားမယ္ဆိုရင္ အိပ္မက္ ပန္းတိုင္အသီးသီးကို တစ္ေန႔မွာ ေရာက္ကိုေရာက္ရလိမ့္မွာ ျဖစ္္ပါတယ္။

ေမး။ လူၾကီးမင္းဟာ စိုက္ခင္းထဲက ဆီအုန္းပင္ေတြဆီသြားျပီး စကားေျပာေလ့ရွိတယ္လို႔ ေဆာင္းပါးတစ္ပုဒ္မွာ ဖတ္ရပါတယ္။ ဘာေၾကာင့္ အဲ့လို စကားေျပာတာပါလဲခင္ဗ်ာ။

လီရွင္းခ်န္ ။ အား…ဟုတ္တယ္။ ကၽြန္ေတာ့္အပင္ေတြက ကၽြန္ေတာ့္ရဲ႕ ခ်စ္သူေတြပါပဲ။ သူတို႔ေတြမွာ ကိုယ္ပိုင္စရိုက္ကေလးေတြ ရွိတယ္။ ျခံထဲကို ကၽြန္ေတာ္ေရာက္သြားရင္ သူတို႔ကို စကားေျပာတယ္။ ပန္းေတြပြင့္ဖို႔၊ အသီးေတြ ေကာင္းေကာင္းသီးဖို႔ အားေပးစကား ေျပာပါတယ္။

ေမး။ ဒီႏွစ္ (၂၀၁၇) ဟာ မေလးရွားမွာ ဆီအုန္းလုပ္ငန္း ႏွစ္ ၁၀၀ ျပည့္တဲ့ ႏွစ္ပတ္လည္ကာလျဖစ္ပါတယ္။ လူၾကီးမင္းရဲ႕ အျမင္အရ ဆီအုန္းလုပ္ငန္းနယ္အတြင္း ၾကီးမားတဲ့ သမိုင္းမွတ္တိုင္ၾကီး ၃ ခုက ဘယ္အရာေတြ ျဖစ္ပါမလဲခင္ဗ်ာ။

လီရွင္းခ်န္ ။ မေလးရွားဟာ ကမၻာ့ထိပ္တန္းဦးေဆာင္ႏိုင္ငံအျဖစ္ အခုိင္အမာေျပာလို႔ရတဲ့ လုပ္ငန္းနယ္ အခ်ဳိ႕မွာ ဆီအုန္းလုပ္ငန္း ပါဝင္ပါတယ္။ ၁၉၆၁ ခုႏွစ္မွာ ဆီအုန္းလုပ္ငန္းနယ္အတြင္းကို ကၽြန္ေတာ္စတင္ဝင္ေရာက္ခဲ့ခ်ိန္က ဆီအုန္းဟာ ဒုတိယသီးႏွံျဖစ္ေနျပီး စိုက္ပ်ဳိးမႈပမာဏနဲ႔ တိုင္းျပည္အတြက္ ဘ႑ာေဆာင္ၾကဥ္းေပးႏိုင္မႈမွာ ရာဘာရဲ႕ ေနာက္မွာ ရပ္တည္ခဲ့တယ္။

၁၉၇၀ နဲ႔ ၈၀ ျပည့္လြန္ကာလေတြမွာေတာ့ ရာဘာကို ျဖတ္ေက်ာ္ျပီး မေလးရွားအတြက္ အေရးအၾကီးဆံုး သီးႏွံျဖစ္လာခဲ့တယ္။ ၁၉၈၀ နဲ႔ ၉၀ ျပည့္လြန္ကာလေတြေရာက္ေတာ့ မေလးရွားဟာ ကမၻာေပၚမွာ ဆီအုန္းအၾကီးမားဆံုး ထုတ္လုပ္တဲ့ႏိုင္ငံ ျဖစ္လာခဲ့ပါျပီ။ ၁၉၉၇/၉၈ အာရွ စီးပြားေရးအက်ပ္အတည္း ကာလၾကီးတုန္းက ဆီအုန္းဟာ မေလးရွားအတြက္ ဒုတိယအၾကီးမားဆံုး ႏိုင္ငံျခားေငြ ရွာေပးခဲ့တာ ျဖစ္ျပီး တိုင္းျပည္စီးပြားေရး အလ်င္အျမန္ နာလံထူလာေအာင္ အကူအညီေပးႏိုင္ခဲ့တယ္။

ေမး။ မေလးရွားရဲ႕ ဆီအုန္းလုပ္ငန္း ႏွစ္ ၁၀၀ ျပည့္နဲ႔အတူ လူၾကီးမင္းေပးလိုတဲ့ သတင္းစကားက ဘယ္အရာျဖစ္ပါမလဲခင္ဗ်ာ။

လီရွင္းခ်န္ ။ ကၽြန္ေတာ္က ဆီအုန္းရဲ႕ အနာဂတ္ အလြန္ေကာင္းတယ္လို႔ ျမင္ပါတယ္။ ဒါဟာ လာမယ့္ ႏွစ္ေပါင္း ၁၀၀ အတြက္လည္း ေကာင္းမြန္္ေနဦးမွာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဆီအုန္းဟာ သဘာဝပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္တယ္။ စဥ္ဆက္မျပတ္ဖြံ႔ျဖိဳးႏိုင္တယ္။ ျပဳျပင္ေျပာင္းလဲလြယ္တယ္။ စက္မႈလုပ္ငန္းသံုး၊ လူသံုး ႏွစ္မ်ဳိးလံုးအတြက္ အသံုးျပဳႏိုင္ပါတယ္။

ကၽြန္ေတာ္ဟာ လြန္ခဲ့တဲ့ ၅၆ ႏွစ္တုန္းကလိုပဲ ဆီအုန္းနယ္ရဲ႕ အလားအလာ၊ ကမၻာေပၚမ်ာ ဆီအုန္းထုတ္ကုန္ေတြ ျပန္႔ႏွံ႔ဖို႔အတြက္ ၾကိဳးစားေနဆဲျဖစ္ပါတယ္။

လက္ရွိအားျဖင့္ မေလးရွားမွာ ေျမတစ္ဟက္တာကို ဆီအုန္း ၄ တန္ ႏွစ္စဥ္ ထုတ္လုပ္ေနပါတယ္။ တကယ္ေတာ့ ကၽြန္ေတာ္တို႔ရဲ႕ စိုက္ခင္းေတြဟာ အလုပ္သမား၊ ေကာင္းမြန္တဲ့ စီမံခန္႔ခြဲမႈေတြသာ အလုံအေလာက္ရွိမယ္ဆိုရင္ တစ္ဟက္တာကို ႏွစ္စဥ္ ဆီအုန္း ၈ တန္အထိ ထုတ္လုပ္ႏိုင္စြမ္းရွိႏိုင္ပါတယ္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service