Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
11 May 2025 2:40 pm တွင် တင်ခဲ့သည်
527 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သစ်သားနှင့် ပြုလုပ်ထားတဲ့ ကြမ်းခင်းပါကေး၊ ပရိဘောဂပစ္စည်းများကို Polish တင်ထားမယ်ဆိုရင် အစိုပြန်ခြင်းကို လျှော့ချပေးနိုင်တဲ့ အပြင် သစ်သားများကို ကြာရှည်ခံစေပြီး နဂိုမူလထက်် ပိုမိုသပ်ရပ် လှပစေပါတယ်။

Polish တင်မယ်ဆိုလျှင် Acquer, varnish, သို့မဟုတ် oil solution အစရှိတဲ့ အရောင်တင်ဆီ တွေလိုအပ်မှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုမယ့် ပရိဘောဂ၊ ပါကေး အမျိုးအစားအလိုက် သင့်တော်တဲ့ ပစ္စည်းများကိုတော့ PRO 1 Global Home Center ရှိ ကျွမ်းကျင်သူနှင့် တိုင်ပင်၍ ဝယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။

ကိုယ်တိုင် အိမ်သုံး ပရိဘောဂပစ္စည်းတွေကို Polish တင်မယ်ဆိုရင် -

လေဝင်လေထွက်ကောင်းမွန်တဲ့နေရာကို ဦးစားပေး ရွေးချယ်ရပါမယ်။ ကြမ်းခင်းများနှင့် ပါကေးများကို Polish တင်မယ်ဆိုလျှင်တော့ Polish တင်မည့် နေရာ (သို့မဟုတ်) အခန်းကို လေဝင်လေထွက်ကောင်းအော င်ကြိုတင်ပြင်ဆင်ထားရပါမယ်။

အရေးကြီးဆုံး အချက်ကတော့ Polish တင်သည့်အခါ ဆေးများမှထွက်လာမည့် အနံ့များကြောင့် ကျန်းမာရေးမထိခိုက်စေရန်အတွက် နှာခေါင်းစည်း (mask) ကို ပြုလုပ်သူမှ တပ်ဆင်ထားရပါမည်။

အထူးသတိပြုရမည့်အချက်ကတော့ Polish တင်မည့် နေရာနားတွင် ကလေးငယ်များနှင့် တိရစ္ဆာန်များကို အနားမလာအောင် ဂရုစိုက်ရပါမယ်။ ဆေးများမှထွက်လာသည့်အနံ့များမှာ ကလေးငယ်များ တိရစ္ဆာန်များအတွက် အလွန်အန္တရာယ်ရှိ်ပါတယ်။

ထို့နောက် ဦးစွာ အဝတ်တစ်ခုကို ဖယောင်းချွတ်ဆေးစွတ်ပြီး polish တင်မယ့် ပရိဘောဂပစ္စည်းကို သုတ်ပေးရပါမယ်။ ခြောက်သွားတဲ့အထိစောင့်ပြီးမှ ကော်ဖက်(အနုစား)ဖြင့် ကျန်နေသော အစွန်းအရာများကို အချောတိုက်ပေးရပါတယ်။ အကယ်၍ မိမိအိမ်မှာ ဖယောင်းချွတ်ဆေးမရှိပါက ရေနှင့် ဗင်နီဂါရည်ကို အစတူ ရောစပ်ပြီး ဖယောင်းချွတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

ထို့နောက် ပရိဘောများကို polish စတင်တော့မယ်ဆိုရင် အဝတ်တစ်ခုကို polish အရည်စွတ်ပြီးတိုက်ပေးပါ။ အဝတ်မှာ polish အရည်စွတ်ပြီးမှ တိုက်တဲ့နည်းလမ်းကို အသုံးပြုတဲ့အတွက်ကြောင့် အချို့နေရာများတွင် Polish အရည်များ ပိုလျှံပြီးတိုက်မိသွားတာမျိုးမှ ရှောင်ကြည်နိုင်ပါတယ်။

ကြိုတင်သိထားသည့်သင့်တဲ့အချက်ကတော့ မိမိကိုယ်တိုင် ပရိဘောဂ ပစ္စည်းတစ်ခုလုံးကို polish တင်မယ်ဆိုရင် Polish မတင်မှီ Polish တင်မည့်ပစ္စည်းရဲ့ မသိသာတဲ့ ထောင့်တစ်နေရာကို အရင်ဆုံး စမ်းသပ် Polish တင်ကြည့်ပြီးမှ ပစ္စည်းတစ်ခုလုံးကို polish တိုက်သင့်ပါတယ်။ ဘီဒို, အံဆွဲတို့ကို polish တိုက်မယ်ဆိုရင်တော့ အဖွင့်အပိတ်လုပ်တဲ့ အချိုးအစစ်တွေပါ မချန်ထားဘဲ တိုက်ပေးရပါမယ်။ ပစ္စည်း တစ်ခုလုံး Polish တိုက်ပြီးသွားရင်တော့ ကိုယ်လိုချင်တဲ့ တောက်ပြောင်မှုအနေအထားမရောက်မချင်း တစ်လွှာပြီးတစ်လွှာ ထပ်ပြီးတိုက်နိုင်ပါတယ်။

ကိုယ်တိုင် ကြမ်းခင်းပါကေးများကို polish တိုက်ဖို့အတွက်ဆိုရင် -

မတိုက်ခင် polish တိုက်နေတဲ့အချိန် ကြမ်းခင်းကိုမနင်းမိစေရန်အတွက် လူလျှောက်လမ်းကိုကြိုတင်စီစဥ်ထားသင့်ပါတယ်။ ဒါ့အပြင် နံရံများကိုမစွန်းထင်းစေရန်အတွက်ကိုလည်း အကာကွယ် လုပ်ထားပြီးမှ ကြမ်းခင်းကို polish တိုက်သင့်ပါတယ်။

ထို့နောက် ဆေးသုတ်တံ (သို့မဟုတ်) အဝတ် ကြမ်းတိုက်တံကို အသုံးပြုပြီး polish တိုက်လို့ပါပြီ။ စတိုက်သည့်အခါ polish အရည် အနည်းငယ်ကိုသာ အသုံးပြုပြီးတိုက်ပါက ကြမ်းခင်းများ အချိန်မြန်မြန်နဲ့ခြောက်နိုင်ပြီး ကိုယ်လိုချင်တဲ့ တောက်ပြောင်မှုအနေအထားမရောက်မချင်း နောက်ထပ် လိုသလောက် polish တစ်လွှာချင်းစီ ထပ်တင်နိုင်ပါတယ်။ ကြမ်းတိုက်တံနဲ့ တိုက်ဖို့ခက်တဲ့ ထောင့်စွန်းနေရာတွေကိုတော့ ယုန်မွှေးဆေးသုတ်တံ ကို အသုံးပြုပြီးတိုက်နိုင်ပါတယ်။ ကြမ်းခင်းအားလုံးကို polish တိုက်ပြီးပြီဆိုရင်တော့ ဆေးခြောက်ဖို့အတွက် အနည်းဆုံး ၂၄နာရီအချိန်ပေးပြီးမှ အခန်းထဲသို့ ပရိဘောဂအသုံးဆောင်ပစ္စည်းများကို ပြန်လည် နေရာချသင့်ပါတယ်။

Polish တင်ထားသော ကြမ်းခင်းများ ကြာရှည်ခံစေဖို့အတွက် မိမိကိုယ်တိုင် ထိန်းသိမ်းပေးဖို့လည်း လိုအပ်ပါတယ်။ ဥပမာ - အခန်းအဝင်/အထွက်နေရာများ နှင့် ‌ရေကျနိုင်မည့်နေရာများတွင် ခြေသုတ်ခုံအခင်းများထားပေးခြင်း၊ အပြင်မှစီးလာသောဖိနပ်များဖြင့် polish တင် ထားသောကြမ်းခြင်းကို မနင်းမိအောင်ရှောင်ရှားပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် polish တင်ထားသော ကြမ်းခင်းကို ကြာရှည်ခံအောင် ထိန်းသိမ်းနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: PRO 1 Global Home Center Myanmar

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service