မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
17 May 2025 10:33 am တွင် တင်ခဲ့သည်
790 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မြေငှားဂရန်များမှာ ခွင့်ပြုသက်တမ်း ကာလအတွင်းသာ နေထိုင်ခွင့်ရှိပြီး နှစ်ကာလ အပိုင်းအခြားဖြင့် (၁၀)နှစ် ဂရန်၊ နှစ်- (၃၀)၊ (၆၀)၊ (၉၀) ဂရန်ဟူ၍ အမျိုးမျိုးရှိပါသည်။ သတ်မှတ်ကာလ မကုန်ဆုံးခင် (၃)လအလို တွင် သက်ဆိုင်ရာမြေယာစီမံခန့်ခွဲမှုဌာနတွင် သက်တမ်းတိုးလျှောက်ထားခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

လူနေထိုင်ရန်အတွက် မြေငှားဂရန် လျှောက်ထားနိုင်သလို စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လဲ စက်မှုဇုံမြေများတွင် စက်မှုစီးပွား ဂရန်များ လျှောက်ထားနိုင်ပါသည်။ သက်တိုးလျှောက်ထားရာတွင် သက်တမ်း ကုန်းဆုံးတော့မည့် မြေငှားစာချုပ်၊ မြေနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းကြောင်းလက်မှတ်စာရှိလျှင် တင်ပြရန်၊ အမည်ပေါက် လျှောက်ထားသူ၏ မှတ်ပုံတင်၊ မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာတို့အား လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြပေးရပါမည်။

မြေငှားဂရန်မှာ ပျောက်ဆုံးနေပါက ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ကိုယ်တိုင်ခံဝန်ချက်တို့အား လျှောက်ထားသူ၏ မှတ်ပုံတင်၊ မှတ်ပုံတင်စာချုပ်စာ တမ်းများနှင့်အတူ ပူးတွဲတင်ပြပေးရမည်။ မြေကွက်အား အမည်ပေါက်ပိုင်ဆိုင်သူ၊ မှတ်ပုံတင်စာချုပ် စာတမ်း အဆက်အစပ်ဖြင့် ပိုင်ဆိုင်လာသူ၊ တရားရုံးမှထုတ်ပေးသော မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားဂရန်သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။

ဂရန်သက်တမ်းတိုး လျှောက်ထားရာ၌ ဌာနမှ ပြည်တွင်းအခွန်ဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက်များ၊ ကြွေးကျန်များ၊ တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက်များ၊ ဂရန်စည်းကမ်းပျက် မှတ်ချက်ရှိမရှိ စီစစ်မည်ဖြစ်ကာ လျှောက်ထားသူ၏ အချက်အလက်များနှင့် ဌာနမှ မြေယာမှတ်တမ်းများ ကိုက်ညီမှုရှိမှသာ သက်တမ်းတိုး ခြင်းအား ခွင့်ပြုပေးမည်ဖြစ်ပါသည်။

နိုင်ငံပိုင် နေ့စဉ်သတင်းစာတွင် (၁၄)ရက်အတွင်း ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာစေခြင်း၊ ကန့် ကွက်ကြေငြာအား မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူအား (၁)စောင်၊ မြို့နယ်အုပ်ချုပ်မှူးရုံးတွင် (၁)စောင် ပေးပို့ရန် ထုတ်ပေးမည်ဖြစ်ကာ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လက်ခံရရှိကြောင်း အထောက်အထား အား ဌာနသို့ ပြန်လည်တင်ပြစေပါသည်။

မြေငှားဂရန်ပျောက်ဆုံးပြီး သက်တမ်းတိုးလျှောက်ထားခြင်းအား ဌာနမှ ခွင့်ပြုပါက လျှောက်ထားသူမှ မြေငှားစာချုပ်ရရန် မြို့နယ်အလိုက် ဝန်ဆောင်ခအား ပေးသွင်းခြင်း၊ သက်တမ်းပြတ် ဒဏ်ကြေးပေးသွင်းစေခြင်း နှင့် ဂရန်ပျောက်ဝန်ဆောင်ခတို့ ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်သည့် အထူးကပ်တံဆိပ်ခေါင်းတန်ဖိုးအား ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service