ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
မလေးရှားအိမ်ခြံမြေနှင့် ဆီအုန်းကုမ္ပဏီကြီး IOI group ကို တည်ထောင်သူ လီရှင်းချန်သည် ပြီးခဲ့သော ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်သွားရှာပြီ ဖြစ်သည်။
အသက် ၈၀ ပြည့်မွေးနေ့ရောက်ရန် ၂ ရက်အလိုတွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး အမျိုးအမည်မဖော်ပြသော ဝေဒနာတစ်ခု ကာလအတန်ကြာ ခံစားရပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
IOI Corp ကုမ္ပဏီနှင့် IOI Properties တို့၏ ပူးတွဲကြေညာချက်တွင် “ကျွန်ုပ်တို့ကုမ္ပဏီများ၏ တည်ထောင်သူ ၊ အမှုဆောင် ဥက္ကဌတန်ဆရီ ဒေါက်တာလီရှင်းချန် သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ကွယ်လွန်သွားကြောင်း အထူးဝမ်းနည်းကြေကွဲစွာ ကြေညာအပ် ပါသည်။ အသက် ၈၀ အရွယ်တွင် ကာလအတန်ကြာ နာမကျန်းဖြစ်ပြီး ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါသည်”ဟု ဖော်ပြထားသည်။
IOI group ၏ အတွင်းရေးမှူး ဗင်းဆင့် တန် ချုန်း ခီယမ်က ပြောကြားရာတွင် လီရှင်းချန်၏ အရိုက်အရာ ဆက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေပြီဟု ဆိုသည်။
IOI Corp ကုမ္ပဏီနှင့် IOI Properties တို့တွင် လီရှင်းချန်က ရှယ်ယာမည်မျှပိုင်ဆိုင်ထားသည်ဟူသည့်အချက်ကိုမူ ထုတ်ဖော်ပြောကြားရန် တန်ချုန်းခီယမ်က ငြင်းပယ်ထားသည်။
လီရှင်းချန်ကွယ်လွန်ပြီးနောက် ဇနီး၊ သားသမီး ၆ ဦးနှင့် မြေး ၁၂ ဦး ကျန်ရစ်သည်။
အကြီးဆုံးသား လီယောင်ချောမှာ သူ၏ အရိုက်အရာကို ဆက်ခံသူဖြစ်ဖွယ် အလားအလာများနေသည်။
လီယောင်ချောသည် IOI Corp ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည့်အပြင် မလေးရှား ဆီအုန်းကောင်စီ၏ ဥက္ကဌတစ်ဦးလည်း ဖြစ်သည်။
အခြားသားတစ်ဦးဖြစ်သူ လီယောင်ဆန်းမှာ မလေးရှား စွမ်းအင်၊ သိပ္ပံ၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုရေးရာ ဝန်ကြီး ယိုဘီရင်နှင့် လက်ထပ်ထားသူဖြစ်သည်။
လီယောင်ဆန်းသည် IOI Properties ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။
သူ၏ သမီးဖြစ်သူ လီယုတ်ခ်ဟာမှာ IOI Properties တွင်ပင် အမှုဆောင်ဒါရိုက်တာတစ်ဦး ဖြစ်သည်။
လီရှင်းချန်သည် ကွယ်လွန်ချိန်တွင် ကြွယ်ဝမှု ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံခန့်ထားခဲ့သည်။
မလေးရှား၏ အကြွယ်ဝဆုံးဖြစ်လာပုံမှာ ဆင်းရဲနုံချာလှသောဘဝမှ အလွန်အမင်းကြွယ်ဝသွားသူတို့အကြောင်း ဇာတ်လမ်းများတွင် တစ်ခုအပါအဝင်လည်း ဖြစ်သည်။
လီရှင်းချန်သည် ကွာလာ ဆလန်ဂေါ၊ ဂျီရမ်ရှိ ရာဘာစိုက်ခင်းတစ်ခုထဲတွင် ကြီးပြင်းခဲ့ရ၏။
သူ၏ ဖခင်မှာ တရုတ်အစားအစာဆိုင်ကလေးတစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့သည်။
လီရှင်းချန် အသက် ၁၁ နှစ်သားအရွယ်တွင် ကျောင်းထွက်လိုက်ရကာ စက်ဘီးတစ်စီးဖြင့် ရေခဲမုန့်များ လှည့်လည်ရောင်းချကာ မိသားစုကို တဖက်တလမ်းမှ ကူညီခဲ့ရသည်။
နောင် ၄ နှစ်အကြာတွင်မှ ကျောင်းပြန်တက်ခဲ့ရသည်။
ကွယ်လွန်ချိန်တွင်ကား မလေးရှားတွင် အကြီးမားဆုံးဆီအုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုကို ချန်ထားရစ်ခဲ့သည်။
IOI Corp သည် ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံရှိပြီး အာရှ၊ အာဖရိက၊ ဥရောပနှင့် မြောက်အမေရိကတို့တွင် နိုင်ငံ ၈ နိုင်ငံကို ဆီအုန်းတင်ပို့လျက်ရှိသော ကုမ္ပဏီကြီးဖြစ်သည်။
Bursa Malaysia စာရင်းဝင် အကြီးမားဆုံး ကုမ္ပဏီ ၃၀ တွင် အပါအဝင်ဖြစ်သည်။
IOI Properties သည်လည်း မလေးရှား၏ အကြီးမားဆုံး အိမ်ခြံမြေ developer များတွင် အပါအဝင်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံရှိကာ စင်္ကာပူနှင့် တရုတ်ပြည်တို့တွင် လုပ်ငန်းများကြီးမားစွာ တည်ရှိနေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
[Zawgyi]
ငယ္စဥ္က စက္ဘီးတစ္စီးျဖင့္ ေရခဲမုန္႔ေရာင္းခဲ့ရကာ မေလးရွားႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးျဖစ္လာသူ အိမ္ျခံေျမလုပ္ငန္းရွင္ သူေဌးၾကီး လီရွင္းခ်န္ အသက္ ၇၉ ႏွစ္အရြယ္တြင္ ကြယ္လြန္ရွာ
မေလးရွားအိမ္ျခံေျမႏွင့္ ဆီအုန္းကုမၸဏီၾကီး IOI group ကို တည္ေထာင္သူ လီရွင္းခ်န္သည္ ျပီးခဲ့ေသာ ဇြန္လ ၁ ရက္ေန႔တြင္ ကြယ္လြန္သြားရွာျပီ ျဖစ္သည္။
အသက္ ၈၀ ျပည့္ေမြးေန႔ေရာက္ရန္ ၂ ရက္အလိုတြင္ ကြယ္လြန္သြားျခင္းျဖစ္ျပီး အမ်ဳိးအမည္မေဖာ္ျပေသာ ေဝဒနာတစ္ခု ကာလအတန္ၾကာ ခံစားရျပီးေနာက္ ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
IOI Corp ကုမၸဏီႏွင့္ IOI Properties တို႔၏ ပူးတြဲေၾကညာခ်က္တြင္ “ကၽြႏု္ပ္တို႔ကုမၸဏီမ်ား၏ တည္ေထာင္သူ ၊ အမႈေဆာင္ ဥကၠဌတန္ဆရီ ေဒါက္တာလီရွင္းခ်န္ သည္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၁ ရက္တြင္ ကြယ္လြန္သြားေၾကာင္း အထူးဝမ္းနည္းေၾကကြဲစြာ ေၾကညာအပ္ ပါသည္။ အသက္ ၈၀ အရြယ္တြင္ ကာလအတန္ၾကာ နာမက်န္းျဖစ္ျပီး ျငိမ္းခ်မ္းစြာ ကြယ္လြန္သြားခဲ့ပါသည္”ဟု ေဖာ္ျပထားသည္။
IOI group ၏ အတြင္းေရးမွွဴး ဗင္းဆင့္ တန္ ခ်ဳန္း ခီယမ္က ေျပာၾကားရာတြင္ လီရွင္းခ်န္၏ အရိုက္အရာ ဆက္ခံေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနျပီဟု ဆိုသည္။
IOI Corp ကုမၸဏီႏွင့္ IOI Properties တို႔တြင္ လီရွင္းခ်န္က ရွယ္ယာမည္မွ်ပိုင္ဆိုင္ထားသည္ဟူသည့္အခ်က္ကိုမူ ထုတ္ေဖာ္ေျပာၾကားရန္ တန္ခ်ဳန္းခီယမ္က ျငင္းပယ္ထားသည္။
လီရွင္းခ်န္ကြယ္လြန္ျပီးေနာက္ ဇနီး၊ သားသမီး ၆ ဦးႏွင့္ ေျမး ၁၂ ဦး က်န္ရစ္သည္။
အၾကီးဆံုးသား လီေယာင္ေခ်ာမွာ သူ၏ အရိုက္အရာကို ဆက္ခံသူျဖစ္ဖြယ္ အလားအလာမ်ားေနသည္။
လီေယာင္ေခ်ာသည္ IOI Corp ၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သည့္အျပင္ မေလးရွား ဆီအုန္းေကာင္စီ၏ ဥကၠဌတစ္ဦးလည္း ျဖစ္သည္။
အျခားသားတစ္ဦးျဖစ္သူ လီေယာင္ဆန္းမွာ မေလးရွား စြမ္းအင္၊ သိပၸံ၊ နည္းပညာ၊ သဘာဝပတ္ဝန္းက်င္ႏွင့္ ရာသီဥတုေျပာင္းလဲမႈေရးရာ ဝန္ၾကီး ယိုဘီရင္ႏွင့္ လက္ထပ္ထားသူျဖစ္သည္။
လီေယာင္ဆန္းသည္ IOI Properties ၏ အမႈေဆာင္အရာရွိခ်ဳပ္လည္း ျဖစ္သည္။
သူ၏ သမီးျဖစ္သူ လီယုတ္ခ္ဟာမွာ IOI Properties တြင္ပင္ အမႈေဆာင္ဒါရိုက္တာတစ္ဦး ျဖစ္သည္။
လီရွင္းခ်န္သည္ ကြယ္လြန္ခ်ိန္တြင္ ၾကြယ္ဝမႈ ကန္ေဒၚလာ ၄ ဒသမ ၇ ဘီလီယံခန္႔ထားခဲ့သည္။
မေလးရွား၏ အၾကြယ္ဝဆံုးျဖစ္လာပံုမွာ ဆင္းရဲႏုံခ်ာလွေသာဘဝမွ အလြန္အမင္းၾကြယ္ဝသြားသူတို႔အေၾကာင္း ဇာတ္လမ္းမ်ားတြင္ တစ္ခုအပါအဝင္လည္း ျဖစ္သည္။
လီရွင္းခ်န္သည္ ကြာလာ ဆလန္ေဂါ၊ ဂ်ီရမ္ရွိ ရာဘာစိုက္ခင္းတစ္ခုထဲတြင္ ၾကီးျပင္းခဲ့ရ၏။
သူ၏ ဖခင္မွာ တရုတ္အစားအစာဆိုင္ကေလးတစ္ခု တည္ေထာင္ဖြင့္လွစ္ခဲ့သည္။
လီရွင္းခ်န္ အသက္ ၁၁ ႏွစ္သားအရြယ္တြင္ ေက်ာင္းထြက္လိုက္ရကာ စက္ဘီးတစ္စီးျဖင့္ ေရခဲမုန္႔မ်ား လွည့္လည္ေရာင္းခ်ကာ မိသားစုကို တဖက္တလမ္းမွ ကူညီခဲ့ရသည္။
ေနာင္ ၄ ႏွစ္အၾကာတြင္မွ ေက်ာင္းျပန္တက္ခဲ့ရသည္။
ကြယ္လြန္ခ်ိန္တြင္ကား မေလးရွားတြင္ အၾကီးမားဆံုးဆီအုန္းထုတ္လုပ္သည့္ ကုမၸဏီၾကီးတစ္ခုကို ခ်န္ထားရစ္ခဲ့သည္။
IOI Corp သည္ ေစ်းကြက္တန္ဖိုး ကန္ေဒၚလာ ၆ ဒသမ ၃ ဘီလီယံရွိျပီး အာရွ၊ အာဖရိက၊ ဥေရာပႏွင့္ ေျမာက္အေမရိကတို႔တြင္ ႏိုင္ငံ ၈ ႏိုင္ငံကို ဆီအုန္းတင္ပို႔လ်က္ရွိေသာ ကုမၸဏီၾကီးျဖစ္သည္။
Bursa Malaysia စာရင္းဝင္ အၾကီးမားဆံုး ကုမၸဏီ ၃၀ တြင္ အပါအဝင္ျဖစ္သည္။
IOI Properties သည္လည္း မေလးရွား၏ အၾကီးမားဆံုး အိမ္ျခံေျမ developer မ်ားတြင္ အပါအဝင္ျဖစ္ျပီး တန္ဖုိးအားျဖင့္ ကန္ေဒၚလာ ၁ ဒသမ ၇၆ ဘီလီယံရွိကာ စကၤာပူႏွင့္ တရုတ္ျပည္တို႔တြင္ လုပ္ငန္းမ်ားၾကီးမားစြာ တည္ရွိေနသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)