ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား - Property Knowledge in Myanmar from iMyanmarHouse.com
13 May 2025 4:24 pm တွင် တင်ခဲ့သည်
383 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

သင့်ခန္ဓာကိုယ်မှာ ဆဲလ်အရေအတွက်ထက် ဘက်တီးရီးယားပိုးမွှားတွေက ပိုများနေတယ်ဆိုတာ သင်သိပါသလား။ ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား ။

အဲဒီပိုးမွှားလေးတွေက လူတစ်ယောက်နဲ့ တစ်ယောက်၊ လူကနေ အရာဝတ္ထုဆီကို၊ အရာဝတ္ထုကနေ လူဆီကို အဆင့်ဆင့်ပြန့်ပွားရောက်ရှိနိုင်ပါတယ်။ အိမ်မှာရှိတဲ့ အသုံးများဆုံးအရာဝတ္ထုတချို့မှာတောင် ပိုးမွှားအမျိုးအစား ၃၄၀ကျော်ရှိနေနိုင်ပါတယ်။

ဘက်တီးရီးယားတိုင်းက အန္တရာယ်ပေးနိုင်တာမဟုတ်ပေမယ့် အိမ်ထဲမှာတင်ပဲ Norovirus၊ E. coli၊ Salmonella၊ Staphylococcus aureus ဘက်တီးရီးယားတွေအပါအဝင် မကောင်းတဲ့ဘက်တီးရီးယားတွေအများကြီးရှိနေပါတယ်။ လူ့ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတစ်ကောင် ဝင်ရောက်သွားပြီဆိုတာနဲ့ သူကဆက်ပြီး ပွားများလာဖို့ အချိန်ခဏပဲ ကြာနိုင်ပါတယ်။

ဒီဘက်တီးရီးယားတွေနဲ့ လုံးဝမထိတွေ့အောင်ရှောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့မီးဖိုချောင်ထဲ၊ ရေချိုးခန်းနဲ့ ဧည့်ခန်းတွေထဲမှာ မမြင်နိုင်တဲ့ ဘာပိုးမွှားတွေ ပုန်းခိုနေသလဲသင်သိရဲ့လား။ သင်ကိုယ်တိုင်အတွက်ရော ပိုးမွှားတွေရန်ကနေ အပြည့်အဝကာကွယ်ထားနိုင်ပြီလား။

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

ဒါဆို ပိုးမွှားအများဆုံးရှိနေနိုင်တဲ့ သင့်အိမ်ကပစ္စည်း (၅) မျိုးက ဘာတွေဖြစ်မလဲ။ ပိုးမွှားတွေရန်က ဘယ်လိုကာကွယ်နိုင်မလဲ။

(၁) အဝတ်လျှော်စက်

အဝတ်တစ်ခါလျှော်တိုင်း ဆပ်ပြာနဲ့ရေကို သုံးနေတာတောင်မှ အဝတ်လျှော်ကန်ဟာ ပိုးမွှားတွေပေါက်ဖွားရာနေရာတစ်ခုဖြစ်နေနိုင်ပါသေးတယ်။ အထူးသဖြင့် စက်ထဲမှာ အဝတ်စိုတွေ ထားခဲ့တဲ့အခါမျိုးမှာ ပိုးမွှားတွေပေါက်ဖွားဖို့ ပတ်ဝန်းကျင်တစ်ခုဖြစ်သွားစေနိုင်ပါတယ်။

တချို့ပိုးမွှားတွေဆိုရင် အဝတ်လျှော်တဲ့အထဲမှာရှိနေနိုင်ပါတယ်။ အထူးသဖြင့် cold temperature နဲ့လျှော်နေတာဆိုရင်ပေါ့။

ဘယ်လိုကာကွယ်မလဲ

အဝတ်တွေကို လျှော်ပြီးတာနဲ့ မြန်မြန်ရွှေ့ပြောင်းပါ။ ဒီထက်ပိုသေချာချင်ရင်တော့ အဝတ်လျှော်ကန်အတွင်းပိုင်းကို မကြာခဏ ပိုးသတ်သန့်စင်ပေးနိုင်ပါတယ်။

(၂) ငရုတ်သီးမှုန့်အပါအဝင် ဟင်းချက်ပစ္စည်း ပုလင်းတွေ

ငရုတ်သီးမှုန့်၊ ငံပြာရည်နဲ့ဆော့ပုလင်း စတဲ့ မီးဖိုချောင်သုံး ပုလင်းနဲ့ ဘူးလေးတွေကို ဟင်းချက်တိုင်း သို့မဟုတ် ထမင်းပွဲပြင်တိုင်း အသုံးပြုတယ်မဟုတ်လား။ ဒီဘူးလေးတွေရဲ့ ထိပ်မှာ အရည်တွေ ကပ်ပြီး ခြောက်သွေ့နေမှာကို သတိထားမိမှာပါ။

အဲဒီပုလင်းနဲ့ ဘူးတွေကို မကြာခဏထိတွေ့နေပေမယ့် သန့်ရှင်းရေး လုပ်ခဲပါတယ်။ ဒါ့ကြောင့် အဲဒီပစ္စည်းတွေမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေလွယ်လွယ်ကူကူနဲ့ ပေါက်ဖွားနေမယ်ဆိုတာ ပြောစရာတောင်မလိုတော့ပါဘူး။

ဘယ်လိုကာကွယ်မလဲ

ဟင်းချက်ပြီးတဲ့အခါ အဲဒီပုလင်းထိပ်က အဖုံး‌တွေကိုလည်း သန့်စင်အောင် ပွတ်သုတ်ပေးပါ။ ပုလင်းတွေကို ကိုယ်အသုံးပြုသလောက်ပဲ မှန်းပြီး ဝယ်ထားပါ။

(၃) ပန်းကန်ဆေးတဲ့ ရေမြှုပ်

နေအိမ်အတွင်း ဘက်တီးရီးယားပိုးမွှားရှိနေမှု ပမာဏကို Global Hygiene Council ရဲ့ တိုင်းတာချက်အရ ပျမ်းမျှအားဖြင့် ပန်းကန်ဆေးတဲ့ရေမြှုပ်တစ်ခုမှာ ဘက်တီးရီးယားအကောင်ရေ ၁၉.၆ ဘီလျံရှိနေပါတယ်တဲ့။ ဒီသုတေသနအရဆိုရင် သင့်အိမ်ကရေမြှုပ်မှာရှိနေနိုင်တဲ့ ဘက်တီးရီးယားအရေအတွက်ဟာ အိမ်သာဆေးဘရက်ရှ်ရဲ့ လက်ကိုင်မှာထက် ပိုများနေပြီပေါ့။

ပေကျံနေတဲ့ အိုးခွက်တွေနဲ့ ပန်းကန်ခွက်ယောက်တွေကို ပုံမှန်ဆေးကြောဖို့ မသန့်ရှင်းတဲ့ရေမြှုပ်ကို အသုံးပြုနေတယ်ဆိုရင် မီးဖိုခန်းတစ်ခုလုံးမှာ အန္တရာယ်ပေးမယ့် ပိုးမွှားတွေကို သင်ဖြန့်ဝေနေပြီးဖြစ်လောက်ပါပြီ။

ဘယ်လိုကာကွယ်မလဲ

ရေမြှုပ်ကို ရေနွေးနဲ့ လောင်းဆေးရုံနဲ့တော့ ပိုးမွှားတွေအကုန်သန့်စင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ရေမြှုပ်ကို တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်တစ်ခု အသစ်လဲသုံးသင့်ပါတယ်။

(၄) လက်ကိုင်အိတ်

သင့်လက်မှာကိုင်နေကျ ပိုက်ဆံအိတ်တွေ၊ လက်ကိုင်အိတ်လေးတွေက ရောဂါပိုးမွှားတွေ အများကြီးတွယ်ကပ်နေနိုင်ပါတယ်။ ပိုက်ဆံအိတ်ကို နေ့တိုင်းကိုင်တွယ်နေရတာကိုး။

အဲဒီအိတ်တွေကို စားပွဲပေါ်ဖြစ်ဖြစ်၊ ကုတင်ပေါ်ဖြစ်ဖြစ်၊ ပေါင်ပေါ်ဖြစ်ဖြစ် နေရာတော်တော်များများမှာ ချထားမိမှာပဲ။နောက်ပြီး ငွေရှင်းတဲ့အခါ အထဲက ပိုက်ဆံတွေကိုလည်း ကိုင်တွယ်နေရသေးတယ်။

အိတ်ထဲမှာ အလှပြင်ပစ္စည်းတွေယူလာတတ်သေးရင် တို့ဖတ်တွေ၊ ဘရက်ရှ်တွေမှာလည်း ပိုးမွှားတွေရှိနေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကိုင်နေကျအိတ်ကို လက်သန့်ဆေးရည်လို တစ်ခုခုနဲ့ ပွတ်သုတ်သန့်စင်ပေးပါ။ ဖြစ်နိုင်ရင်ငွေစက္ကူတွေကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ မိတ်ကပ်ပစ္စည်းတွေကို တစ်ပတ်တစ်ကြိမ် သန့်စင်ပေးပါ။ ပိုးဝင်တာတွေဖြစ်လာခဲ့ရင် မျက်လုံး သို့မဟုတ် အသားအရေအလှအပပစ္စည်းတွေကို ချက်ချင်းအသစ်လဲပါ။

(၅) သွားပွတ်တံ ထည့်တဲ့ခွက်

သင့်ရဲ့ သွားနဲ့ခံတွင်းကနေ ကပ်ငြိသွားတဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေက သွားပွတ်တံရဲ့ ဘရက်ရှ်လေးတွေပေါ်မှာ ရက်သီတင်းပတ်နဲ့ချီပြီး ကျန်ရှိရှင်သန်နိုင်ပါတယ်။ သွားပွတ်တံတွေကို ဘေစင် သို့မဟုတ် အိမ်သာအနီးမှာထားရှိတာဆိုရင် လက်ဆေးတဲ့အခါ၊ အိမ်သာရေဆွဲတဲ့အခါ ပိုးမွှားတွေကပ်ငြိသွားနိုင်ပါတယ်။

ကြမ်းပေါ်ပြုတ်ကျလိုက်မယ်ဆိုရင် ရောဂါပိုးတွေ ပိုတောင်ကပ်တွယ်သွားပါလိမ့်မယ်။ လေလုံတဲ့ဘူးနဲ့ ထည့်မိတယ်ဆိုရင် သို့မဟုတ် သွားပွတ်တံအစွပ်နဲ့ထားရင် မမြင်ရတဲ့ မှိုတွေတောင်ရှိနေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

သုံးပြီးတာနဲ့ သွားတိုက်ဆေး သို့မဟုတ် အညစ်အကြေးအကြွင်းအကျန်တွေ မရှိအောင် သွားပွတ်တံကိုသေချာဆေးကြောပါ။ လေသလပ်ပြီး ခြောက်သွေ့နိုင်အောင် ထောင်လျက်အနေအထားနဲ့ ထားရှိပါ။ သွားပွတ်တံကို တခြားသူတွေနဲ့ မျှမသုံးပါနဲ့။ သွားပွတ်တံတွေ အကုန်လုံးကို အတူစုမထားဘဲ သီးခြားခွဲထားပါ။ သွားပွတ်တံကို ၃ /၄ လ တစ်ကြိမ် အသစ်လဲပါ။

အမူအကျင့်ပြောင်းလဲကြမယ်

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတိုင်းမှာ ဘက်တီးရီးယားတွေရှိနေနိုင်ပေမယ့် အများစုက အန္တရာယ်မပေးကြပါဘူး။ ဒါပေမယ့် ပိုးမွှားတွေကြောင့်ရောဂါဝင်နိုင်ခြေကို လျှော့နည်းစေဖို့ အမူအကျင့်ကောင်းတွေကိုကျင့်ယူဖို့အရေးကြီးနေပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေကတော့ –

* လက်ကို ဆပ်ပြာနဲ့ ပုံမှန်ဆေးကြောပါ။ အထူးသဖြင့် အိမ်သာဝင်ပြီးနောက်၊ အသားငါးအစိမ်းတွေ ကိုင်တွယ်ပြီးနောက်၊ အိမ်မွေးတိရစ္ဆာန်တွေကိုင်တွယ်ပြီးနောက် လက်ဆေးပါ။

* အစားအစာ မပြင်ဆင်မီနဲ့ ချက်ပြုတ်ပြင်ဆင်ပြီးနောက် မီးဖိုခန်း သန့်ရှင်းရေးလုပ်ပါ။

* ရေချိုးခန်းနဲ့ သန့်စင်ခန်းကြမ်းပြင်တွေကို မကြာခဏ ပိုးသတ်သန့်စင်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service