အိမ်ရာမူဝါဒမရှိသေး၍ စီမံကိန်းများ အဆင်ပြေသလို ဆောက်နေရဟုဆို

အိမ်ရာမူဝါဒမရှိသေး၍ စီမံကိန်းများ အဆင်ပြေသလို ဆောက်နေရဟုဆို - Property News in Myanmar from iMyanmarHouse.com
15 Mar 2015 1:00 pm တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် အိမ် ရာမူဝါဒမရှိသေးသဖြင့် ယခုအ စိုးရ လုပ်ဆောင်နေသည့် အိမ်ရာ စီမံကိန်းများမှာအဆင်ပြေသလို ဖန်တီးတည်ဆောက်နေခြင်းသာ ဖြစ်သည်ဟု မြို့ပြစီမံကိန်းပညာ ရှင်များက ထောက်ပြပြောကြား သည်။

‘‘အဘက်ဘက်မှာ အိမ်ရာကဏ္ဍက နောက်ကျခဲ့တယ်။အခု ထက်ထိလည်း အိမ်ရာနဲ့ပတ် သက်တဲ့ပေါ်လစီမချနိုင်သေးဘူး’’ ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနမှ အကြံပေးဦးမြင့်မိုရ်ဆွေက ပြောသည်။

၂၀၁၄ခုနှစ် နိုဝင်ဘာက အိမ်ရာနှင့်ပတ်သက်သည့်အမျိုး သားအဆင့်ဆွေးနွေးပွဲတွင်အဆို ပါအိမ်ရာမူဝါဒ လိုအပ်နေပြီဖြစ်၍ မြန်မာနိုင်ငံတွင်အမြန်ဆုံး အကောင်အထည်ဖော်ရန်ပညာ ရှင်များနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်နေ ပြီဟု ဦးမြင့်မိုရ်ဆွေကဆိုသည်။

အိမ်ရာနှင့်ပတ်သက်သည့် တိကျသောမူဝါဒများမရှိသဖြင့် လက်ရှိအိမ်ရာများမှာ တန်ဖိုး သင့်၊ တန်ဖိုးမျှတဟူ၍ အမည်ခံအဆင့် သာရှိပြီး တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်းတစ်ရာဖြင့်ရောင်းချနေခြင်းမှာ သဘာဝမကျဟု မြို့ပြပညာရှင်များကဆိုသည်။

‘‘အခြေခံအဆောက်အအုံ တွေဖြစ်တဲ့ လျှပ်စစ်မီး၊ ရေတွေ ကအစ တည်ဆောက်ရင်ထည့် သွင်းတဲ့အခါမှာ သိန်းသုံးဆယ်က နေ သိန်းငါးဆယ်လောက်ထိကုန် တယ်။ အဲဒါကြောင့် သိန်းတစ်ရာ လောက်နဲ့ရောင်းနေရတာ’’ဟု မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးနေမင်းထက် က ပြောသည်။

ဈေးပေါပေါဖြင့်ရောင်းချ ပေးနိုင်သည့် အိမ်ရာစီမံကိန်းများ ကို ဌာနက တည်ဆောက်ပေးနိုင် သော်လည်း ရေရှည်နေထိုင်ရန် ခိုင်ခံ့မှုအားနည်းသည့်အိမ်ရာများ သာထွက်လာနိုင်သဖြင့် အစိုးရကမဆောက်လုပ်ပေးခြင်းဖြစ် ကြောင်းဦးနေမင်းထက်ကဆိုသည်။

အိမ်ရာစီမံကိန်းများရောင်းချရာတွင်လည်း အစိုးရမှရောင်းချသည့် အိမ်ရာစီမံကိန်းများသာ ဘဏ်ချေးငွေရရှိနေပြီး ပြင်ပဈေးကွက်တွင်မူ ဘဏ်၏အထောက်အပံ့မရှိသောကြောင့် ပြည်သူအတွက်လိုအပ်သည့် အိမ်ရာကဏ္ဍပီပြင်စွာ တည်ဆောက်ပေးနိုင်ခြင်းမရှိကြောင်း စီးပွားရေးပညာရှင်ဦးသန်းစိုး(ဘောဂဗေဒ)ကထောက်ပြသည်။

‘‘တိကျတဲ့မူဝါဒကမရှိတော့ အခုရပ်ကွက်ထဲက ကန်ထရိုက် တွေက ငွေမလည်ကြတော့ဘူး။ အဲဒါဟာ ဘဏ်ချေးငွေက ကြားခံ ထောက်ပေးထားရင်ရတယ်’’ဟု ဦးသန်းစိုးကပြောသည်။

မြန်မာနိုင်ငံတွင် မြေယာမူဝါ ဒပေါ်ပေါက်လာရန် ဆွေးနွေး နေပြီဖြစ်၍ အိမ်ရာနှင့်ပတ်သက် သည့် မူဝါဒအမြန်ဆုံးပေါ်ထွက် သင့်ပြီဟု ပညာရှင်များကထောက်ပြပြောဆိုသည်။

စင်ကာပူ၊ မလေးရှားအစရှိ သောနိုင်ငံများတွင် အိမ်ရာမူဝါဒ ကို တိကျစွာချမှတ်ထားပြီးအဓိက အားဖြင့် ဘဏ်များ၏စနစ်အား ကောင်းသောကြောင့် အိမ်ရာမူဝါ ဒတွင် အောင်မြင်သည့်နိုင်ငံများ ဖြစ်ကြောင်း Soil Energy Group မှ အမှုဆောင်အရာရှိချုပ်ဦးသန့် မြင့်ဦးကပြောသည်။

ရန်ကုန်တွင်နှစ်စဉ်အိမ်ရာအခန်းပေါင်းတစ်သောင်းကျော်လိုအပ်နေသော်လည်း အမှန်တကယ်ဖြည့်ဆည်းပေးနိုင်မှုမှာ ခုနစ်ထောင်ကျော်သာရှိသဖြင့် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ဆိုသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service