အိမ်ရာမူဝါဒမရှိသေး၍ စီမံကိန်းများ အဆင်ပြေသလို ဆောက်နေရဟုဆို - Property News in Myanmar from iMyanmarHouse.com
939 Views

အိမ်ရာမူဝါဒမရှိသေး၍ စီမံကိန်းများ အဆင်ပြေသလို ဆောက်နေရဟုဆို

မြန်မာနိုင်ငံတွင် အိမ် ရာမူဝါဒမရှိသေးသဖြင့် ယခုအ စိုးရ လုပ်ဆောင်နေသည့် အိမ်ရာ စီမံကိန်းများမှာအဆင်ပြေသလို ဖန်တီးတည်ဆောက်နေခြင်းသာ ဖြစ်သည်ဟု မြို့ပြစီမံကိန်းပညာ ရှင်များက ထောက်ပြပြောကြား သည်။

‘‘အဘက်ဘက်မှာ အိမ်ရာကဏ္ဍက နောက်ကျခဲ့တယ်။အခု ထက်ထိလည်း အိမ်ရာနဲ့ပတ် သက်တဲ့ပေါ်လစီမချနိုင်သေးဘူး’’ ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနမှ အကြံပေးဦးမြင့်မိုရ်ဆွေက ပြောသည်။

၂၀၁၄ခုနှစ် နိုဝင်ဘာက အိမ်ရာနှင့်ပတ်သက်သည့်အမျိုး သားအဆင့်ဆွေးနွေးပွဲတွင်အဆို ပါအိမ်ရာမူဝါဒ လိုအပ်နေပြီဖြစ်၍ မြန်မာနိုင်ငံတွင်အမြန်ဆုံး အကောင်အထည်ဖော်ရန်ပညာ ရှင်များနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်နေ ပြီဟု ဦးမြင့်မိုရ်ဆွေကဆိုသည်။

အိမ်ရာနှင့်ပတ်သက်သည့် တိကျသောမူဝါဒများမရှိသဖြင့် လက်ရှိအိမ်ရာများမှာ တန်ဖိုး သင့်၊ တန်ဖိုးမျှတဟူ၍ အမည်ခံအဆင့် သာရှိပြီး တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်းတစ်ရာဖြင့်ရောင်းချနေခြင်းမှာ သဘာဝမကျဟု မြို့ပြပညာရှင်များကဆိုသည်။

‘‘အခြေခံအဆောက်အအုံ တွေဖြစ်တဲ့ လျှပ်စစ်မီး၊ ရေတွေ ကအစ တည်ဆောက်ရင်ထည့် သွင်းတဲ့အခါမှာ သိန်းသုံးဆယ်က နေ သိန်းငါးဆယ်လောက်ထိကုန် တယ်။ အဲဒါကြောင့် သိန်းတစ်ရာ လောက်နဲ့ရောင်းနေရတာ’’ဟု မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးနေမင်းထက် က ပြောသည်။


ဈေးပေါပေါဖြင့်ရောင်းချ ပေးနိုင်သည့် အိမ်ရာစီမံကိန်းများ ကို ဌာနက တည်ဆောက်ပေးနိုင် သော်လည်း ရေရှည်နေထိုင်ရန် ခိုင်ခံ့မှုအားနည်းသည့်အိမ်ရာများ သာထွက်လာနိုင်သဖြင့် အစိုးရကမဆောက်လုပ်ပေးခြင်းဖြစ် ကြောင်းဦးနေမင်းထက်ကဆိုသည်။

အိမ်ရာစီမံကိန်းများရောင်းချရာတွင်လည်း အစိုးရမှရောင်းချသည့် အိမ်ရာစီမံကိန်းများသာ ဘဏ်ချေးငွေရရှိနေပြီး ပြင်ပဈေးကွက်တွင်မူ ဘဏ်၏အထောက်အပံ့မရှိသောကြောင့် ပြည်သူအတွက်လိုအပ်သည့် အိမ်ရာကဏ္ဍပီပြင်စွာ တည်ဆောက်ပေးနိုင်ခြင်းမရှိကြောင်း စီးပွားရေးပညာရှင်ဦးသန်းစိုး(ဘောဂဗေဒ)ကထောက်ပြသည်။

‘‘တိကျတဲ့မူဝါဒကမရှိတော့ အခုရပ်ကွက်ထဲက ကန်ထရိုက် တွေက ငွေမလည်ကြတော့ဘူး။ အဲဒါဟာ ဘဏ်ချေးငွေက ကြားခံ ထောက်ပေးထားရင်ရတယ်’’ဟု ဦးသန်းစိုးကပြောသည်။

မြန်မာနိုင်ငံတွင် မြေယာမူဝါ ဒပေါ်ပေါက်လာရန် ဆွေးနွေး နေပြီဖြစ်၍ အိမ်ရာနှင့်ပတ်သက် သည့် မူဝါဒအမြန်ဆုံးပေါ်ထွက် သင့်ပြီဟု ပညာရှင်များကထောက်ပြပြောဆိုသည်။

စင်ကာပူ၊ မလေးရှားအစရှိ သောနိုင်ငံများတွင် အိမ်ရာမူဝါဒ ကို တိကျစွာချမှတ်ထားပြီးအဓိက အားဖြင့် ဘဏ်များ၏စနစ်အား ကောင်းသောကြောင့် အိမ်ရာမူဝါ ဒတွင် အောင်မြင်သည့်နိုင်ငံများ ဖြစ်ကြောင်း Soil Energy Group မှ အမှုဆောင်အရာရှိချုပ်ဦးသန့် မြင့်ဦးကပြောသည်။

ရန်ကုန်တွင်နှစ်စဉ်အိမ်ရာအခန်းပေါင်းတစ်သောင်းကျော်လိုအပ်နေသော်လည်း အမှန်တကယ်ဖြည့်ဆည်းပေးနိုင်မှုမှာ ခုနစ်ထောင်ကျော်သာရှိသဖြင့် လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သေးကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ဆိုသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service