ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုနှင့် မြို့ပြစီမံကိန်း အတွက် လတ်တလော ပြဿနာများ များစွာရှိနေသော်လည်း
ချက်ချင်းပြေလည်သွားမည်မဟုတ်ဘဲ အချိန်ယူပြုပြင်ကြရမည်ဖြစ် ကြောင်း၊ ပြည်သူများကလည်း
ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင်တစ်ဦးက ဇန်န၀ါရီလ ၂၃ ရက်နေ့
တွင် ပြောသည်။
ဂျာမန် အဖွဲ့အစည်းတစ်ခုဖြစ်သည့် fh Goe thel Institute (Myanmar) ၏ အစီအစဉ်ဖြင့်
ပန်းချီပန်းပု သင်တန်းကျောင်းတွင် Yangon City Future for a Difficult Urban Past အမည်ဖြင့်
ကျင်းပခဲ့သည့် အဆိုပါ ဆွေးနွေး ပွဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အကြံပေး
လည်းဖြစ်သူ မြို့ပြ စီမံကိန်းပညာရှင်ဒေါက်တာ ကျော်လတ်က ပြောခဲ့ခြင်းဖြစ်သည်။
"ရန်ကုန်မြို့ကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေက အများကြီးပါ။ ဒါတွေပြေလည်ဖို့ ချက်ချင်းကြီးက
မန်းမှုတ်လို့ရမယ့် ကိစ္စ မဟုတ်ဘူး။ ဥပမာ -ယာဉ်ကြောတွေပိတ် တယ်။ ဖြေရှင်းရမယ်။ ဒါကို
တစ်ယောက်ယောက်ကိုသွားပြီး အပြစ်တင်လို့လည်း မရ ဘူး။ ဥပမာ - အပြစ်တင်ဖို့က ပြည်သူ
လူထု ကိုယ်တိုင်လည်း ကားတွေ စည်းကမ်းရှိအောင် မမောင်းကြဘူး" ဟု ၎င်းကပြောသည်။
အဆိုပါပွဲတွင် ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ရောနှောနေထိုင်လျက်ရှိသည့် စီးပွား ရေးမြို့တော်
ရန်ကုန်တွင် စုဝေးတည်ရှိနေ သည့် အမွေအနှစ်အဆောက်အအုံများကို ထိန်းသိမ်းရန် အပါအ၀င်
လက်ရှိ မြို့နေလူထု ရင်ဆိုင်နေကြရသည့် ပြဿနာများဖြစ်သည့် အမှိုက်စွန့်ပစ်ရေး၊ ရေပေးဝေမှုနှင့်
လျှပ်စစ်မီး ပံ့ပိုးမှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ မြေအသုံးချမှုနှင့် အိမ်ရာ မလုံလောက်မှုပြဿနာများ စသည်
တို့ကို ဆွေးနွေးခဲ့သည်။ "ရေပေးဝေမှုမှာဆိုရင် မြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ ရေပေး
ဝေမှုစနစ်ကို သုံးစွဲနေရတာ ရန်ကုန်မြို့လူဦးရေရဲ့ ၆၅ ရာခိုင် နှုန်းပဲရှိပါတယ်။ ဒဂုံဆိပ်ကမ်း၊ လှိုင်
သာယာ၊ ရွှေပြည်သာနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ် လေးခုဟာ ရေပေးဝေမှုစနစ်မှာ မပါဝင်
သလောက်ပါပဲ" ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
ရန်ကုန်မြို့၏ နေ့စဉ် အမှိုက်စွန့်ပစ်မှုမှာ တစ်နေ့လျှင် တန် ၁,၆၀၀ ၀န်းကျင်ရှိနေသည် ဟု ဆိုသည်။
လက်ရှိ ရန်ကုန်မြို့၏ လူဦးရေမှာ ခုနစ်သန်းဟု ဆိုသော်လည်း ရွှေ့ပြောင်းအခြေချမှုများ၊ စီးပွားရေး
အခွင့်အလမ်းများ ကြောင့် ရန်ကုန်မြို့တွင် နေထိုင်မည့် လူဦးရေသည် ၂၀၄၀ ခုနှစ်တွင် ၁၁ ဒသမ
၇၃ သန်း ထိရှိလာလိမ့်မည်ဟု ခန့်မှန်းထားသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (JICA) နှင့် ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေး ကော်မတီတို့ စီစဉ် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာစီမံကိန်း (Greater
Yangon) စီမံကိန်း သည် မြို့ပြသယ်ယူပို့ဆောင်ရေး၊ လမ်းများ ကောင်းမွန်ရေး၊ ရထားပို့ဆောင်ရေး၊
ဆိပ်ကမ်း နှင့် ကုန်စည်ပို့ဆောင်ရေး၊ရေပေးဝေရေး၊ မိလ္လာနှင့် ရေစီးရေလာကောင်းမွန်ရေး၊ လျှပ်စစ်
ဖြန့်ဖြူးရေး၊ အမှိုက်စွန့်ပစ်မှု စနစ် တကျ ရှိစေရေးနှင့် ဆက်သွယ်ရေးစသည့် ကဏ္ဍကိုးခုခွဲ၍
အကောင်အထည်ဖော်လျက် ရှိသည်။
"မြို့ပြစီမံကိန်းဆိုတာ အခြေခံအဆောက် အအုံနဲ့ ပေါင်းပြီး စီမံရတာပဲ။ အခြေခံအဆောက်အအုံ
ဆိုတာ အင်ဂျင်နီယာပိုင်း ဆိုင်ရာ အခြေခံအဆောက်အအုံ၊ လူမှုရေးပိုင်းဆိုင်ရာ အခြေခံအဆောက်
အအုံဆိုတာ ရှိတယ်။ လူမှုရေးပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံဆိုတာ နေထိုင်သူတွေအတွက်
ကျောင်းတို့၊ ဆေးပေးခန်းတို့လည်း လိုသေးတာကို ထည့်သွင်းတွက်ချက်ပြီး လုပ်ရတာဖြစ်တယ်။
အင်ဂျင်နီယာပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံကတော့ ရေ၊ မီး၊ ရေမြောင်း၊ လမ်း စသဖြင့်
အကုန်လုံးပေါင်းပြီး လုပ်ရတာပဲ" ဟု ၎င်းကပြောသည်။
အစိုးရသစ်လက်ထက် မော်တော်ယာဉ်တင်သွင်းမှုများ ဖြေလျှော့ပေးလိုက်သောကြောင့် ၂၀၁၀
ပြည့်နှစ်နောက်ပိုင်းမှ စတင် ၍ သိသိသာသာ ယာဉ်ကြောကျပ်တည်းလာ ကြောင်း၊ ရုံးတက်ရုံးဆင်း
ချိန်များတွင် အဆိုး ဆုံးဖြစ်ပြီး အများပြည်သူပို့ဆောင်ရေးများကို အားထားနေရသည့် ပြည်သူများမှာ
ယာဉ်ကြောပိတ်ဆို့ခြင်း၏ အကျိုးသက်ရောက်မှုကို အများဆုံးခံနေရကြောင်း ၎င်းကပြောသည်။
"ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့က ရေတို၊ ရေလတ်၊ ရေရှည်စီမံကိန်းဆိုတာ ရှိသေးတယ်။ ဒါက
လုပ်တော့လုပ်နေတယ်၊ ချက်ချင်းတော့ ပြေလည်သွားမှာမဟုတ်ဘူး။ မီးပွိုင့်တွေ တစ်ခုနဲ့တစ်ခု
အဆက်အသွယ် ရှိအောင် ထားကြပြီး လုပ်ကြမယ်ဆိုတဲ့ဟာမျိုး ပေါ့။ ဒါက စစချင်း သိပ်လည်း
မကုန်တဲ့ကိစ္စပါ။ ရေလတ်ကတော့ အတွင်းမြို့ပတ်လမ်း၊ နှစ်ထပ် လမ်းတွေလုပ်ရမယ်။ ရေရှည်
စီမံကိန်းကတော့ ဖြစ်နိုင်ရင် ရန်ကုန်မြို့ကို တစ်နေရာ တည်းမှာ စီးပွားရေးအဆောက်အအုံတွေ
စုမထားဘဲနဲ့ ဖြန့်ထားဖို့၊ လူနေတဲ့ရပ်ကွက် တွေကိုလည်းပဲ ဖြန့်ကြဖို့ပေါ့။ ကျောင်းကား တွေလည်း
ဖြေရှင်းမယ်ဆို ကောင်းတာ ပေါ့။ ကားအများကြီး သုံးရမယ့်နေရာ မှာ အနည်းအကျဉ်းလောက်နဲ့
ပြီးသွား မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့တာက အဓိက မဟုတ်သေးဘူး။ ကားတွေကြောင့် လေထု
ညစ်ညမ်းတာတွေလည်း သက်သာသွားမှာပေါ့" ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အဆင့်မီမြို့တော်ဖြစ်လာစေရန် စီမံကိန်း များ ထားရှိဆောင်
ရွက်နေပြီး အဆိုပါ စီမံကိန်း များအတိုင်း ဖြစ်လာမည်ဆိုပါက ကောင်းမွန် ကြောင်း ၎င်းက
ပြောသည်။
Credit: mmtimes