အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကျဆင်းလာသော်လည်း အိမ်ငှားဈေးနှုန်း ဆက်လက်မြင့်တက်နေ

အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကျဆင်းလာသော်လည်း အိမ်ငှားဈေးနှုန်း ဆက်လက်မြင့်တက်နေ - Property News in Myanmar from iMyanmarHouse.com
5 Feb 2015 11:03 am တွင် တင်ခဲ့သည်
1485 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ဧရိယာ အတွင်းရှိ အိမ်ခြံမြေနှင့် တိုက်ခန်းဈေးနှုန်းများ သိန်းရာချီ ကျဆင်းလာသော်လည်း အိမ်အငှားဈေးမှာ ဆက်လက် မြင့်တက်နေဆဲပင် ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။

“အရောင်းအ၀ယ် ဈေးနှုန်းက သိန်းရာချီပြီး၊ ဈေးနှုန်းကျနေပေမယ့် အငှားဈေးကတော့ ခြောက်လ တစ်ကြိမ် တစ်သောင်းခွဲ နှစ်သောင်းလောက် တက်နေတယ်”ဟု တောင်ဒဂုံမြို့နယ် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ဒေါ်ချိုက ရှင်းပြသည်။

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက် အနေဖြင့် ယခု ၂၀၁၅ နှစ်စပိုင်းမှ စတင်ပြီး၊ အရောင်းသာရှိ၍ အ၀ယ်မရှိသည့် အတွက် ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်း ဖြစ်ပြီး၊ ရွေးကောက်ပွဲ ကာလအပြီးတွင် ဈေးကွက်ပျက်မည့် အနေအထားမျိုး ဖြစ်ပေါ်သွားနိုင်သည်ဟု သုံးသပ်ကြသော်လည်း အိမ်ငှား ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ ရန်ကုန်မြို့ အနေအထားအရ နေထိုင်သူ တစ်နေ့တခြား များပြားလာပြီး ကိုယ်တိုင် ၀ယ်ယူနေထိုင်သူ မရှိသလောက် ရှားပါးသည့် အတွက်ကြောင့် ဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးတော်ဆောင်များနှင့် ပညာရှင်အချို့က မှတ်ချက်ပြု ပြောကြားခဲ့သည်။

“အိမ်ငှားဈေးကတော့ စာချုပ်တစ်ခု ချုပ်တိုင်း ဈေးတက်နေတော့တာပဲ။ မတတ်နိုင်ဘူး ကိုယ်မှ အိမ်ပိုင် ၀ယ်ပြီးတော့ မနေနိုင်တာ သူတို့တောင်းတဲ့ ဈေးကိုပဲ ပေးနေရတော့တာပေါ့။ အခန်း တစ်ခန်းတော့ အပိုင်လေး လိုချင်တယ်။ လက်ရှိပေါက်ဈေးနဲ့တော့ ဘယ်လိုမှ မ၀ယ်နိုင်သေးဘူး။ ဒဂုံလို နေရာမျိုးမှာတောင် သိန်း ၃၀၀၊ ၄၀၀ ဖြစ်နေတာ ဒါတောင် ပြန်ကျသွားလို့ အရင်ကဆိုရင် ၅၀၀၊ ၆၀၀ ရှိတယ်”ဟု တောင်ဒဂုံမြို့နယ်တွင် အိမ်ငှားနေထိုင်သည့် အိမ်ရှင်တစ်ဦးက ပြောသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် မြေဈေးနှုန်း မြင့်တက်ခြင်းအပေါ် ထိန်းချုပ်နိုင်ရန် မြေခွန်များ ဈေးနှုန်းမြင့် ကောက်ခံလိုက်သည့် အတွက် အေးစက်သွားသော်လည်း အခြေခံ လူတန်းစားများ အဓိက ကြုံတွေ့နေရသည့် အိမ်ငှားဈေးကွက်မှာမူ နိုင်ငံတော်မှ ၀င်ရောက် ထိန်းချုပ်ပေးခြင်း မရှိသည့်အတွက် အိမ်ငှားနေထိုင်သူများ အနေဖြင့် ဒုက္ခရောက်နေရသည်ဟုလည်း အိမ်ငှားဖြင့် နေထိုင်နေရသူ အများစုက ဆိုသည်။

“နိုင်ငံတော်ကလည်း တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မယ် တည်ဆောက်မယ်လို့သာ ပြောနေတာ ဘာမှဖြစ်မလာဘူး။ သိန်း ၂၀၀၊ ၃၀၀ဆိုရင်တော့ ကျွန်တော်တို့လည်း မ၀ယ်နိုင်ဘူး။ တန်ဖိုးနည်း အိမ်ရာလို့လည်း ပြောလို့ရမယ် မထင်ဘူး။ ဘာလို့လည်းဆိုတော့ တန်ဖိုးမှ မနည်းတာကိုး”ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ဆိုသည်။

Credit: tomorrow

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service