အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကျဆင်းလာသော်လည်း အိမ်ငှားဈေးနှုန်း ဆက်လက်မြင့်တက်နေ - Property News in Myanmar from iMyanmarHouse.com
1491 Views

အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကျဆင်းလာသော်လည်း အိမ်ငှားဈေးနှုန်း ဆက်လက်မြင့်တက်နေ

ရန်ကုန်မြို့ ဧရိယာ အတွင်းရှိ အိမ်ခြံမြေနှင့် တိုက်ခန်းဈေးနှုန်းများ သိန်းရာချီ ကျဆင်းလာသော်လည်း အိမ်အငှားဈေးမှာ ဆက်လက် မြင့်တက်နေဆဲပင် ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။

“အရောင်းအ၀ယ် ဈေးနှုန်းက သိန်းရာချီပြီး၊ ဈေးနှုန်းကျနေပေမယ့် အငှားဈေးကတော့ ခြောက်လ တစ်ကြိမ် တစ်သောင်းခွဲ နှစ်သောင်းလောက် တက်နေတယ်”ဟု တောင်ဒဂုံမြို့နယ် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ဒေါ်ချိုက ရှင်းပြသည်။

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက် အနေဖြင့် ယခု ၂၀၁၅ နှစ်စပိုင်းမှ စတင်ပြီး၊ အရောင်းသာရှိ၍ အ၀ယ်မရှိသည့် အတွက် ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်း ဖြစ်ပြီး၊ ရွေးကောက်ပွဲ ကာလအပြီးတွင် ဈေးကွက်ပျက်မည့် အနေအထားမျိုး ဖြစ်ပေါ်သွားနိုင်သည်ဟု သုံးသပ်ကြသော်လည်း အိမ်ငှား ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ ရန်ကုန်မြို့ အနေအထားအရ နေထိုင်သူ တစ်နေ့တခြား များပြားလာပြီး ကိုယ်တိုင် ၀ယ်ယူနေထိုင်သူ မရှိသလောက် ရှားပါးသည့် အတွက်ကြောင့် ဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးတော်ဆောင်များနှင့် ပညာရှင်အချို့က မှတ်ချက်ပြု ပြောကြားခဲ့သည်။

“အိမ်ငှားဈေးကတော့ စာချုပ်တစ်ခု ချုပ်တိုင်း ဈေးတက်နေတော့တာပဲ။ မတတ်နိုင်ဘူး ကိုယ်မှ အိမ်ပိုင် ၀ယ်ပြီးတော့ မနေနိုင်တာ သူတို့တောင်းတဲ့ ဈေးကိုပဲ ပေးနေရတော့တာပေါ့။ အခန်း တစ်ခန်းတော့ အပိုင်လေး လိုချင်တယ်။ လက်ရှိပေါက်ဈေးနဲ့တော့ ဘယ်လိုမှ မ၀ယ်နိုင်သေးဘူး။ ဒဂုံလို နေရာမျိုးမှာတောင် သိန်း ၃၀၀၊ ၄၀၀ ဖြစ်နေတာ ဒါတောင် ပြန်ကျသွားလို့ အရင်ကဆိုရင် ၅၀၀၊ ၆၀၀ ရှိတယ်”ဟု တောင်ဒဂုံမြို့နယ်တွင် အိမ်ငှားနေထိုင်သည့် အိမ်ရှင်တစ်ဦးက ပြောသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် မြေဈေးနှုန်း မြင့်တက်ခြင်းအပေါ် ထိန်းချုပ်နိုင်ရန် မြေခွန်များ ဈေးနှုန်းမြင့် ကောက်ခံလိုက်သည့် အတွက် အေးစက်သွားသော်လည်း အခြေခံ လူတန်းစားများ အဓိက ကြုံတွေ့နေရသည့် အိမ်ငှားဈေးကွက်မှာမူ နိုင်ငံတော်မှ ၀င်ရောက် ထိန်းချုပ်ပေးခြင်း မရှိသည့်အတွက် အိမ်ငှားနေထိုင်သူများ အနေဖြင့် ဒုက္ခရောက်နေရသည်ဟုလည်း အိမ်ငှားဖြင့် နေထိုင်နေရသူ အများစုက ဆိုသည်။

“နိုင်ငံတော်ကလည်း တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မယ် တည်ဆောက်မယ်လို့သာ ပြောနေတာ ဘာမှဖြစ်မလာဘူး။ သိန်း ၂၀၀၊ ၃၀၀ဆိုရင်တော့ ကျွန်တော်တို့လည်း မ၀ယ်နိုင်ဘူး။ တန်ဖိုးနည်း အိမ်ရာလို့လည်း ပြောလို့ရမယ် မထင်ဘူး။ ဘာလို့လည်းဆိုတော့ တန်ဖိုးမှ မနည်းတာကိုး”ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ဆိုသည်။

Credit: tomorrow

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service