ရှေးဟောင်းအဆောက်အအုံ အမွေအနှစ်များကို ထိန်းသိမ်းရာ တွင် တရားဥပဒေ လိုအပ်နေပြီး အဆိုပါ ဥပဒေဖြစ်လာရန်ကိုလည်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ဆက်လက် တိုက်တွန်းသွားမည်ဟု ၎င်းအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင် က ပြောသည်။
၎င်းဥပဒေကို (YHT) အနေဖြင့် မူကြမ်းရေးဆွဲထားသည့်အပြင် သက်ဆိုင်ရာဌာနသို့ တင်ခဲ့သော် လည်း လောလောဆယ်တွင် အချိန် မတန်သေးဟူသည့် တုံ့ပြန်ချက် ကိုသာ ရရှိခဲ့ကြောင်း သိရသည်။
”ဥပဒေ လိုတယ်ဆိုတာတော့ သိတယ်။ အကောင်အထည် မဖော် နိုင်သေးတာပဲ ရှိတယ်။ နိုင်ငံတော် အဆင့် မဟုတ်တာတောင် တိုင်း ဒေသကြီးအဆင့်မှာတော့ ရှိရမယ်” ဟု ၎င်းက ပြောသည်။
ဥပဒေရေးရာနှင့် ပတ်သက်၍ တရားဝင်ဥပဒေဖြစ်လာရန် ဆက် လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ရန်ကုန်ကို သမိုင်းဝင် မြို့ပြအနေဖြင့် ထိန်းသိမ်းရန် ဆက်လက် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဇန်နဝါရီလ ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့၏ ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် ဦးစားပေးလုပ် ဆောင်ရမည့်အချက်များ ရှိနေပြီး ¤င်းတို့မှာ ရန်ကုန်မြို့လယ် ထိန်းသိမ်း စောင့်ရှောက်မည့် ဧရိယာနှင့် မြို့ပြ အမွေအနှစ်ဇုန် သတ်မှတ်ခြင်းကို တရားဝင်အသိအမှတ်ပြုရန်၊ အမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုတို့အား စီစဉ် ဆောင်ရွက်ပေးရာတွင် ဆက်သွယ်ရ မည့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖန်တီးရန်တို့ဖြစ်သည်။
ဆက်လက်လုပ်ဆောင်ရမည့် ဦးစားပေးအချက်မှာ မြို့နေပြည်သူ များ၏ နေထိုင်မှုဘဝ အဆင့်အတန်း တိုးမြှင့်လာစေရေးအတွက် အထူး သဖြင့် မြို့တွင်းလမ်းများ လမ်း လျှောက်သွားလာရေးနှင့် ကွက်လပ် ဟင်းလင်းပြင်နေရာများ အပါအဝင် မြို့လယ် ဧရိယာ၏ အခြေခံ အဆောက်အဦကို မြှင့်တင်ပေးရန် YHT က အဆိုပြုသည့် နမူနာပြ ရှေ့ပြေးစီမံချက်များအား အစိုးရ အဖွဲ့မှ အမြန်ဆုံးအတည်ပြုပေးရန် နှင့် မြစ်ကမ်းနားဧရိယာတွင် အများ ပြည်သူ အပန်းဖြေ အသုံးပြုနိုင်ပြီး ဘက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန်တို့ ဖြစ်သည်။
ရန်ကုန်မြို့၏ အထင်ကရ မြို့ လယ်ဧရိယာကို ၂ဝ၁၄ ခုနှစ် World Monuments Watch ၏ စောင့် ကြည့်စာရင်းတွင် ထည့်သွင်းရန် ရွေးချယ်ခြင်း ခံထားရသည်။
Credit: thetradetimes