ယခုနှစ်အတွက် နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ကိုင်မည့် ဟိုတယ်ငါးလုံး ထပ်မံခွင့်ပြုမည်

ယခုနှစ်အတွက် နိုင်ငံခြားသားနှင့် ဖက်စပ်လုပ်ကိုင်မည့် ဟိုတယ်ငါးလုံး ထပ်မံခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
9 Jan 2015 9:23 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၅ အတွင်း ပထမ ဦးဆုံးအနေဖြင့် ရန်ကုန်မြို့တွင် နိုင်ငံခြားနှင့် နိုင်ငံသား ဖက်စပ် လုပ်ကိုင်မည့် ဟိုတယ်ငါးလုံး ထပ်မံခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဝန်ကြီးဌာန အနေဖြင့် ၂၀၁၅ အတွက် ပထမဦးဆုံး ခွင့်ပြုမည့် ဟိုတယ်လုပ်ငန်းများ ဖြစ်ပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဖြစ်သော ဗီယက်နမ်ပိုင် ဟို တယ်တစ်လုံး ပါဝင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီးဦးစိုင်းကျော် အုန်းက ပြောသည်။

‘‘တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ ဟိုတယ်လိုအပ်ချက်ရှိနေ တယ်။ ရန်ကုန်မှာ လိုအပ်ချက် ရှိနေလို့ ဒါကြောင့် ခွင့်ပြုပေးတာ။ ဟိုတယ်တိုးချဲ့တာတွေလည်း ခွင့် ပြုပေးထားတာ ရှိပါတယ်’’ ဟု ၎င်းကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း ၀န်ကြီးဌာနသည် ၂၀၁၄ ဒီဇင်ဘာအတွင်း တစ်နိုင်ငံ လုံးတွင် ဟိုတယ် ၃၂ လုံး ခွင့်ပြုပေးပြီးရာတွင် မန္တလေး၌ ဟိုတယ်၂၀ ကျော် ခွင့်ပြုပေးခဲ့သည်။ ရန်ကုန်တွင် အခန်းပေါင်းသုံးထောင်ကျော် ပါဝင်မည့် ဟိုတယ်အလုံး ၂၀ခွင့်ပြုပြီးနောက်၂၀၁၅ အတွက် ရန်ကုန်မြို့၌ ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခွင့်ပြုရာတွင် ကမ္ဘာ အေးဘုရားလမ်းနှင့် စက်မှု ၁ လမ်း၌ ခွင့်ပြုမည့် ဗီယက်နမ် နိုင်ငံသားပိုင် ဟိုတယ်မှာ ရာနှုန်း ပြည့် နိုင်ငံခြားသားပိုင်အဖြစ် ခွင့် ပြုမည် ဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးအရ ပြောင်းလဲလာမှုကြောင့် နိုင်ငံခြားသားများ ၀င်ရောက်မှု မြင့်တက် လာသော်လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရသည်မှာ တန်ရာတန်ကြေး ပေးရသည် မဟုတ်သေးကြောင်းနှင့် ၂၀၁၄ အတွင်း နိုင်ငံခြားသား သုံးသန်းနီးပါး ၀င်ရောက်ခဲ့ရာဟိုတယ်ဘက်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်၌ ခရီးသွား နှစ်ဆခန့် မြင့်တက်လာနိုင်ခြင်း ကြောင့် ဟိုတယ်လည်း နှစ်ဆ ခန့်လိုအပ်မည်ဖြစ်ကြောင်း ခရီး သွား လုပ်ငန်းရှင်များအသင်း အထွေအထွေ အတွင်းရေးမှူး ဦးနောင်းနောင်းဟန် ကပြောသည်။

‘‘ဟိုတယ် တိုးချဲ့ပေမယ့် တချို့က တိုးရစ်မကြိုက်တဲ့ လူ နေရပ်ကွက်တွေ၊ မြို့ပြင်တွေမှာ ဖြစ်နေတယ်။ ဧည့်သည်တွေက သွားလို့ လာလို့ အဆင်ပြေမယ့် နေရာတွေမှာပဲ များနေမယ်။ ဒါ ကို မဖြည့်ဆည်းပေးနိုင်ရင် လိုအပ်ချက်က ရှိနေဦးမှာပဲ’’ဟု ၎င်းကပြောသည်။

ခွင့်ပြုလိုက်သည့် ဟိုတယ် များသည် ဈေးကွက်အထင်ကရ ရှိပြီးသားနှင့် ဟိုတယ်ဝန်ဆောင် မှု ကောင်းမွန်သော ဟိုတယ်များ ပါဝင်သဖြင့် မြန်မာခရီးသွားလုပ် ငန်းကို အထောက်အကူဖြစ်မည် ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် လိုင်စင်ရ ဟိုတယ် ၂၇၉ လုံး၊ မန္တလေးတွင် ၃၂၉ လုံး၊ ရှမ်းပြည်နယ်တွင် အလုံး၂၀၀ ရှိပြီး တစ်နိုင်ငံလုံး၌ ၂၀၁၄အောက်တိုဘာအထိ ဟိုတယ် ပေါင်း ၁၀၇၆ လုံးအထိ ရှိလာသည်။ ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန စာရင်း အ ရ ၂၀၁၃ အတွင်း နိုင်ငံခြား ခရီးသွား နှစ်သန်းကျော်နှင့် ၂၀၁၄တွင် သုံးသန်းခန့် ၀င်ရောက်ခဲ့ ကြောင်း သိရသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service