ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် တရုတ်လူမျိုးပိုင် ကုမ္ပဏီများ ထိပ်တန်း အခွန်ဆောင် စာရင်းများတွင် ပါဝင်ခြင်းမရှိ

ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် တရုတ်လူမျိုးပိုင် ကုမ္ပဏီများ ထိပ်တန်း အခွန်ဆောင် စာရင်းများတွင် ပါဝင်ခြင်းမရှိ - Property News in Myanmar from iMyanmarHouse.com
1 Jan 2015 10:33 am တွင် တင်ခဲ့သည်
2327 ကြိမ် ကြည့်ရှု့ပြီး
ကျပ်ဘီလျံ ၇ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံအထိ မြှုပ်နှံကာ ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ရန် စီစဉ်ခဲ့သော တရုတ်လူမျိုး ပိုင်ဆိုင်လုပ်ကိုင်နေသည့် ကုမ္ပဏီများမှာ နှစ်စဉ်ပြည်တွင်းအခွန်မှ ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်းစာရင်းများတွင် လုံးဝပါဝင်ခြင်းမရှိသည့် ကုမ္ပဏီများဖြစ်ကြောင်း ထုတ်ပြန်ထားသည့် အခွန်ထမ်းစာရင်းများအရ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီသို့ တင်ဒါမခေါ်၊ ချပြခြင်းမရှိဘဲ လုပ်ခွင့်ပေးရန်စီစဉ်ခဲ့ပြီး အဆိုပါ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ မှာ တရုတ်လူမျိုးတစ်ဦး ပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖော်ပြခဲ့ကြသည်။

အဆိုပါ ကုမ္ပဏီကိုပိုင်ဆိုင်သည့် တရုတ်လူမျိုးလုပ်ငန်းရှင်သည် မြန်မာနိုင်ငံတွင် ကုမ္ပဏီလေးခုအား မှတ်ပုံတင်ပြီး လုပ်ကိုင်လျက်ရှိကြောင်း၊ Yangon Crwon Wire and Electric Cable Product Factory ကုမ္ပဏီလီမိတက်၊ Yangon Crwon Wire and Electric Cable Trading ကုမ္ပဏီလီမိတက်၊ Crown Advanced Construction ကုမ္ပဏီလီမိတက်နှင့် Crown Advanced Trading ကုမ္ပဏီလီမိတက်တို့ကို တည်ထောင်လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ ကုမ္ပဏီလေးခုကို ဒေါ်လျိုကျင်မင့်၊ ဒေါ်နန်းမြဟန်၊ ဦးကျင်သိန်း၊ ဒေါ်အေးအေးခိုင်၊ ဒေါ်လှလှနွယ် စသည်ဖြင့် ဒါရိုက်တာအမည်များဖြင့် ထုတ်ပြန်ထားခဲ့သည်။

အဓိကအားဖြင့် Crown Advanced Trading နှင့် Crown Advanced Construction ကုမ္ပဏီတို့မှာ တည်ထောင်သည်မှာ နှစ်နှစ်၊ သုံးနှစ်သာရှိသေးသည့်အတွက် အခွန်ထမ်းစာရင်းတွင် ချက်ချင်းမပါဝင်ခြင်းမှာ ဖြစ်နိုင်သည့်အနေအထားဖြစ်သော်လည်း တည်ထောင်လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော Yangon Crown Wire and Electric Cable Product နှင့် Yangon Crown Wire and Electric Cable Trading ကုမ္ပဏီနှစ်ခုမှာမူ အခွန်ထမ်းစာရင်းတွင် မပါဝင်ခြင်းမှာမူ မေးခွန်းထုတ်စရာရှိနေသည်ဟု ထိပ်တန်းအခွန်ထမ်းစာရင်းတွင် ပါဝင်သူလုပ်ငန်းရှင်များက ထောက်ပြခဲ့ကြသည်။

ပြည်တွင်းအခွန်မှ ၂ဝ၁၁-၂ဝ၁၂ စည်းကြပ်နှစ်အတွက် ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝ စာရင်း၊ ၂ဝ၁၂-၂ဝ၁၃ စည်းကြပ်နှစ်အတွက်ထုတ်ပြန်သည့် ထိပ်တန်းကုန်သွယ်ခွန် ၅ဝဝ နှင့် ထိပ်တန်းဝင်ငွေခွန် ၅ဝဝ စာရင်း၊ ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ယခုနောက်ဆုံးထုတ်ပြန်သည့် ထိပ်တန်းဝင်ငွေခွန်ပေးဆောင်သူ ၁ဝဝဝ နှင့် ထိပ်တန်းကုန်သွယ်ခွန်ပေးဆောင်သူ ၁ဝဝဝ ဦးစာရင်း စသည်ဖြင့် သုံးနှစ်ဆက်တိုက်ရှိပြီ ဖြစ်သည့် နှစ်စဉ်ထုတ်ပြန်ပေးနေသော ထိပ်တန်းအခွန်ထမ်းစာရင်းတွင် Yangon Crown Wire and Electric Cable Product နှင့် Yangon Crown Wire and Electric Cable Trading ကုမ္ပဏီနှစ်ခုစလုံး ပါဝင်လာမှုမရှိခဲ့ခြင်း ဖြစ်သည်။

ထိပ်တန်းအခွန်ထမ်းစာရင်းဟုဆိုသော်လည်း ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့် ထိပ်တန်းအခွန်ထမ်းစာရင်းအရဆိုပါက ကျပ် သိန်း ၁ဝဝ စွန်းစွန်းပေးဆောင်ရုံဖြင့် ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၁ဝဝဝ စာရင်းတွင် ပါဝင်နိုင်သည်။

ယခုမပါဝင်သည့်အတွက် ကျပ် သိန်းရာဂဏန်းမျှပင် နိုင်ငံ့အခွန်ပေးဆောင်မှုမရှိခဲ့သည့်သဘော သက်ရောက်လျက်ရှိသည်။

ထိပ်တန်းအခွန်ထမ်းစာရင်းတွင် မပါဝင်သည့်ကုမ္ပဏီများကို ပိုင်ဆိုင်လုပ်ကိုင်နေသည့် တရုတ်လူမျိုးလုပ်ငန်းရှင်အနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းကဲ့သို့သော စီမံကိန်းကြီးများကို အများပိုင်ကုမ္ပဏီထူထောင်ကာ ကျပ်ဘီလျံ ၇ဝဝဝ နှင့် ဒေါ်လာရှစ်ဘီလျံအထိ မြှုပ်နှံလုပ်ကိုင်ရန်အတွက်မူ စီစဉ်နိုင်ခဲ့သည်။

ယင်းအပြင် Crown Advanced Construction ကုမ္ပဏီမှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းဟောင်းနေရာအား စီးပွားဖြစ်အဆောက်အအုံ တည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားပြီး ကျပ် ဘီလျံရာချီမြှပ်နှံမည့် စီမံကိန်းဖြစ်သည်။

ထိုသို့ မြှုပ်နှံနိုင်သည့် ကုမ္ပဏီများအနေဖြင့် ကျပ်ဘီလျံချီသည့် အခွန်ပေးဆောင်ထားမှုများရှိမှသာ ရလမ်းပြနိုင်သည့်ငွေများဖြင့် မြှုပ်နှံခြင်းဖြစ်မည်ဟု အခွန်ပေးဆောင်ထားသူ လုပ်ငန်းရှင်များက ဆိုသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service