တောင်ဒဂုံမြို့နယ် အိမ်ခြံမြေဈေးကွက်

တောင်ဒဂုံမြို့နယ် အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1 Jan 2015 9:16 am တွင် တင်ခဲ့သည်
1809 ကြိမ် ကြည့်ရှု့ပြီး
တောင်ဒဂုံထဲမှာ ဆိုရင် တခြားလမ်းမတွေထက် စက်မှုဇုန်ကိုတိုက်ရိုက်ပေါက်တဲ့ ပြည်ထောင်စု လမ်းမကြီးနဲ့ မောင်းမကန်လမ်းကိုပိုပြီးလူကြိုက်များတယ်။ မောင်းမကန်ထဲမှာ ဆိုရင် တောင်ဒဂုံအထွက်နေရာ၊ တောင်မြောက်လမ်းဆုံနဲ့နီးရင် ပိုပြီး ဈေးကောင်းတယ်။ ပေ ၄ဝ x ပေ ၆ဝ အကွက်တွေဆိုရင်တစ်ကွက်ကို သိန်း ၃,ဝဝဝ အပေါ်မှာခေါ်ဈေးရှိတယ်။

နေရာ သိပ်ကောင်းတယ်ဆိုရင်အဲဒီလမ်းမပေါ်မှာတင် ပေ ၂ဝ x ပေ ၆ဝ ကို သိန်း ၁,၇ဝဝ လောက်အထိခေါ်ကြတယ်။ အမှတ် (၂) လမ်းမနဲ့နီးတဲ့ နေရာတွေဆိုရင် ပိုကြိုက်ကြတယ်။ တောင်ဒဂုံမြို့သစ် ထဲမှာကအဝယ်လည်း ရှိသလို အရောင်းလည်း ရှိပေမယ့် ရောင်းကွက်က ရှားပြီး အခုနောက်ပိုင်းဆိုရောင်းကွက် ကို တော်တော်ရှာရခက်တယ်။

တောင်မြောက်လမ်းဆုံကနေစက်မှုဇုန်ထဲအထိ ပေါက်တဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာကျတော့ ၂ဝ၁၂ ခုနှစ်တုန်းက ပေ ၄ဝ x ၆ဝ တစ်ကွက်ကို သိန်း ၉ဝဝ လောက်ပဲရှိတာကနေ အခုဆို သိန်း ၂,၅ဝဝ လောက်အထိ ခေါ်လာတယ်။

တောင်ဒဂုံစက်မှုဇုန် (၁) ထဲကဂိုဒေါင်ပါ အကွက် ဧကဝက်ကိုတော့သိန်း ၆,ဝဝဝ လောက် ပြောကြတယ်။ ဇုန်ထဲက အငှားကတော့ တစ်လကိုဂိုဒေါင်အပါ သိန်း ၄ဝ နဲ့ သိန်း ၆ဝအကြား ပေါက်ဈေး ရှိတယ်။ ဇုန်နဲ့နီးတဲ့ လူနေကွက်တွေ ဖြစ်တဲ့ ၂၅ ရပ်ကွက်ထဲက ပေ ၂ဝ x ပေ ၆ဝ မြေကွက်ထဲမှာ ဆောက်ထားတဲ့လုံးချင်းအိမ်တွေဆို ပစ္စည်းထားဖို့နဲ့လူနေဖို့အတွက် ငှားတာများတာကြောင့် တစ်လကိုသုံးသိန်း ကနေငါးသိန်းအထိ ဈေးရှိတယ်။ လမ်းမတန်းနဲ့နီးလို့ အဝင်အထွက်ကောင်းတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ၁၇၊ ၁၈၊ ၁၉၊ ၂ဝ ရပ်ကွက်တွေကျတော့နေမယ့်လူတွေက ဝယ်တာ၊ ငှားတာများတယ်။ ပေ ၂ဝ x ပေ ၆ဝ ကို အထဲမှာ ဆောက်ထားတဲ့ အိမ်ကကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သိန်း ၅ဝဝ လောက်ခေါ်ဈေး ရှိတယ်။ နေရာကောင်းရင်သိန်း ၇ဝဝ၊ သိန်း ၈ဝဝ လောက်ပေးရတယ်။

အဝင်ဝနားက ရပ်ကွက်တွေကအတွင်းကွက်တွေဆို တစ်ကွက်ကိုအနည်းဆုံး သိန်း ၃၅ဝ အပေါ်မှာ ပေါက်ဈေးရှိတယ်။ အဲဒီ ရပ်ကွက်တွေက အိမ်တွေကတော့ ငှားမယ်ဆိုရင် အနည်းဆုံး တစ်လ ငှားခကကျပ် ၅ဝ,ဝဝဝ နဲ့ ၁ဝ,ဝဝဝ ကြား ပေးရတယ်။ အတွင်းဘက်ကျတဲ့ ရပ်ကွက်တွေမှာလည်း အိမ်တွေ အများကြီး ရှိပေမယ့် အဝယ်လက်ကြီးသမားတွေထက် တကယ်နေမယ့်လူတွေအချင်းချင်း ပြန်ရောင်း၊ ပြန်ဝယ်လုပ်ကြ တာပဲ များတယ်။ အခုလောလောဆယ်ရှိတဲ့ ဘတ်စ်ကားလိုင်းတွေထက် နောက်ပိုင်း ပိုများလာမယ်ဆိုရင် ဈေးပိုကောင်းလာနိုင်တယ်။

အခြေအနေပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service