သာကေတနှင့် ဒေါပုံတွင် ကန်ထရိုက်တိုက် တည်ဆောက်မှုများလာ

သာကေတနှင့် ဒေါပုံတွင် ကန်ထရိုက်တိုက် တည်ဆောက်မှုများလာ - Property News in Myanmar from iMyanmarHouse.com
24 Dec 2014 11:09 am တွင် တင်ခဲ့သည်
382 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့အတွင်းပိုင်း တွင် အထပ်မြင့်ကန်ထရိုက်တိုက် ဆောက်ရာ၌ မြေနေရာရှားပါး မှုကြုံတွေ့နေရသဖြင့် ဆောက် လုပ်ရေးလုပ်ငန်းရှင်အများစုမှာ သာကေတနှင့် ဒေါပုံမြို့နယ်များ တွင် အလုံးအရင်းဖြင့် ၀င်ရောက် တည်ဆောက်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သ တင်းရရှိသည်။

ပြီးခဲ့သည့်နှစ်များက သမိုင်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပမြို့နယ်များတွင် ကန်ထရိုက်တိုက်တည်ဆောက်မှုများ ပြားလာရာမှ မြေနေရာရှား ပါးလာ၍ ဒေါပုံနှင့် သာကေတမြို့နယ်များ သို့ ရွှေ့ပြောင်းတည်ဆောက်လာ ခြင်းဖြစ်သည်ဟု မလိမြေ အိမ်ခြံ မြေအကျိုးဆောင် ကိုစိုင်းဇော် လေးက ပြောသည်။

အဓိကအားဖြင့် မဟာဗန္ဓုလတံတားနှင့် နီးပြီး လမ်းမတန်း ပေါ် မြေနေရာအများစုမှာ ကန်ထ ရိုက်တိုက်တည်ဆောက်ရန် စာ ချုပ်ချုပ်ဆိုမှု ပြုလုပ်ထားကြကာ လမ်းသွယ်များတွင်လည်း ကန်ထ ရိုက်တိုက် အလုံးရေရာနှင့် ချီ တည်ဆောက်နေကြသည်ဟု သာကေတမြို့နယ်နေ ကြိုပွိုင့်တိုက်ခန်းများ အရောင်းအ၀ယ်ပြုလုပ်သူ မဇာယံမိုးမြင့်က ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်က ဒေါပုံဘက် မှာ အလုံးအရင်းနဲ့ ဆောက်ကြတယ်။ ဒေါပုံဘက်မှာ ဆောက်စရာကုန်သွားတော့ သာကေတ ဘက်ကို အလုံးအရင်းနဲ့ ၀င်လာတဲ့သဘောပါ’’ဟု သာကေတမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

မြို့တွင်းနှင့်နီးပြီး အချက်အချာကျသည့် သာကေတ ၄ ရပ်ကွက်၊ ၃ ရပ်ကွက်များတွင် ကန်ထရိုက် တိုက်တည်ဆောက်မှုမှာ ယခုနှစ်ထဲ၌ အများဆုံးဖြစ်နေပြီး တိုက် ခန်းကြိုပွိုင့် အရောင်းအ၀ယ်သာ အဖြစ်များသည်ဟု ဆိုသည်။ တိုက်ခန်းတစ်ခန်းပေါက်ဈေးမှာ အ နည်းဆုံး ကျပ်သိန်း ၆၀၀ မှ ၁,၂၀၀အထိရှိကြောင်း သာကေတ အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

‘‘အ၀ယ်မရှိဘဲ ကန်ထရိုက် တာတွေက ဈေးကို အော်နေကြ တယ်။ မြို့တွင်းပိုင်းမြို့နယ်က တိုက်ခန်းဈေးနဲ့ သာကေတတိုက် ခန်းဈေးက မတိမ်းမယိမ်းဖြစ်နေ တယ်’’ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။

သာကေတမြို့နယ်တွင် လမ်းသွယ်များ၌ ခြောက်ထပ် ဆောက်လုပ်ခွင့်မပြုသောကြောင့် အများစုက ငါးထပ်အထိ တည်ဆောက်ကြပြီး ဒါဗာခန်းများတည်ဆောက်ခြင်း၊ မှန်ခန်းများ ထည့်သွင်းတည်ဆောက်၍ ခြောက်ထပ်အထိနားလည်မှုဖြင့် တည်ဆောက်ခြင်းများရှိနေကြသည်ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။

ရန်ကုန်မြို့တော်တွင် အထပ်မြင့်၊ အ ထပ်နိမ့်အဆောက်အအုံ စုစုပေါင်း ၄,၈၀၀ ကျော်ကို ၁၀ လအတွင်း ခွင့်ပြုထားပြီးယခုနှစ်သည် ရန်ကုန်အတွက် အထပ်မြင့် အဆောက်အအုံတည်ဆောက်မှု အများဆုံး နှစ်တစ်နှစ်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service