ဝေဇယန္တာ လမ်းမကြီးပေါ်မှာကတော့ ဈေးက တစ်ပေပတ်လည်ကိုရှစ်သိန်းဝန်းကျင် ရှိတယ်။ အဝယ် လည်း နည်းနည်းပါးပါး ရှိသလိုဘိုးဘွားပိုင် မြေကွက်တွေများတဲ့အတွက် အကျိုးတူ ဆောက်နေတာ လည်းပါတယ်။
လေးဒေါင့်ကန် လမ်းမကြီးပေါ်မှာက တစ်ပေပတ်လည်ကို ခုနစ်သိန်းလောက် ရှိပြီး ဝေဇယန္တာက ဈေး ပိုကြီးတယ်။ သံသုမာလမ်းမကြီးပေါ်မှာကျတော့ တစ်ပေပတ်လည်ကိုခြောက်သိန်းလောက် ရှိပါတယ်။ သံသုမာ နဲ့ ဝေဇယန္တာလမ်းမတွေပေါ်မှာရှိတဲ့ တိုက်ခန်းတွေကတော့နည်းနည်း အဝယ်အေးနေတယ်။ လေးဒေါင့်ကန် လမ်းမကြီးပေါ် စံပြဈေးနဲ့ အနီးဆုံးနေရာမှာကတော့မြေကွက်ရော တိုက်ခန်းတွေပါ လတ်တလောအရောင်း အဝယ် ဖြစ်ပါတယ်။
စံပြဈေးအနီးအနားက အတွင်းဘက်ကျတဲ့ တိုက်ခန်းတွေ စံပြ ၁၊ ၂၊ ၃၊ ၄၊ ၅ လမ်းတွေက မြေညီထပ် အခန်း ၁၂ ပေခွဲ ထ ပေ ၅ဝ အကျယ်ကို သိန်း ၅ဝဝ လောက် ခေါ်နေတယ်။ ငှားမယ်ဆိုရင်လည်း နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ပေးရမယ်။
သင်္ဃန်းကျွန်းထဲမှာက ကွန်ဒိုကြီးကြီးမားမား မရှိဘဲ မလိခအိမ်ရာလောက်ပဲ ရှိတယ်။ တိုက်ခန်းတွေပဲ များတယ်။ မလိခအိမ်ရာထဲကတစ်ပေပတ်လည်ကို ငါးသိန်းခွဲနဲ့ခြောက်သိန်းလောက် ရှိပြီး အိမ်ရာထဲက ကွန်ဒိုကို ငှားမယ်ဆိုရင် တစ်လကို သိန်း ၂ဝ လောက် ပေးရတယ်။ ကွန်ဒိုအခန်း အကျယ်အဝန်းက တစ်ခန်းကို စတုရန်းပေ ၁,၃၅ဝ လောက် ရှိတယ်။
ခြံကျယ်တွေ အများကြီးရှိပေမယ့် ဘိုးဘွားပိုင်မြေတွေ၊ FRC တွေ ပိုင်တာတွေလည်း ရှိပြီး အရှုပ် အရှင်းတွေလည်း များတော့ တရားမမှုတွေ၊ အမွေမှုတွေ ဖြစ်တာများလို့သိပ်အရောင်းအဝယ် မဖြစ်ကြဘူး။
သင်္ဃန်းကျွန်းထဲမှာ သုဝဏ္ဏလည်းပါပြီး သံသုမာလမ်းပေါ် မေးတင်ထားတဲ့ ၁၂ ပေခွဲ ထ ပေ ၆ဝ အခန်းတွေဆို သိန်း ၅ဝဝ အထက်ဈေးခေါ်တယ်။ ငှားခက တစ်လကိုနှစ်သိန်းခွဲနဲ့ သုံးသိန်းကြား ရှိပြီး နေရာကောင်းရင် ငါးသိန်းလောက်အထိ ခေါ်ကြတယ်။
ကမာကြည်ဘက်သွားတဲ့ လမ်းမကြီး ဘယ်ဘက်ခြမ်းမှာ အများအခေါ်တဲ့ VIP ကွက်တွေ ရှိပြီး ပေ ၆ဝ x ပေ ၈ဝ အကွက်တွေ ဖြစ်တယ်။ သိန်း ၁၈,ဝဝဝ ကနေ ၂ဝ,ဝဝဝ လောက်အထိ ခေါ်ဈေးရှိနေတယ်။
ကျွန်းရွှေမြိုင်လမ်းပေါ်တို့၊ လမ်းအတွင်းမှာရှိတဲ့ မြေကွက်နဲ့ လုံးချင်းအိမ်တို့လို အကွက်ကြီးတွေကတော့ သိန်းပေါင်း ၃၅,ဝဝဝ လောက် ဈေးပေါက်ပြီး မြင့်တယ်။ အဲဒီနေရာကမြေကွက်တွေရဲ့ အကျယ်ကလည်း ပေ ၈ဝ x ပေ ၆ဝ တွေ များတယ်။ တစ်လကို ငှားမယ်ဆိုရင် သိန်း ၂ဝ အထက် ရှိတယ်။
အခြေအနေအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
Credit: thetradetimes