ပုဂံဒေသအပါအ၀င် ဒေသခြောက်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၁ လုံး ဖွင့်လှစ်ခွင့်ပြုထား

ပုဂံဒေသအပါအ၀င် ဒေသခြောက်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၁ လုံး ဖွင့်လှစ်ခွင့်ပြုထား - Property News in Myanmar from iMyanmarHouse.com
21 Dec 2014 1:48 pm တွင် တင်ခဲ့သည်
658 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးနှင့်ပုဂံအပါအဝင် ဒေသခြောက်ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၁ လုံးဖွင့်လှစ်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

ယင်းကဲ့သို့ဖွင့်လှစ်ခွင့်ပြုရာ၌ ရန်ကုန်တွင် အလုံးရေ ၂ဝ အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၃ဝ၄၇ လုံးဖြင့် အများဆုံးဖွင့်လှစ်ခွင့်ပြုထားပြီးမန္တလေးတွင်အလုံးရေ လေးလုံးအသုံးပြုနိုင်သည့်အခန်းအရေအတွက် ၆၆ဝ ရှိပြီး ပုဂံတွင် အလုံးရေတစ်လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၁၂၇ လုံးရှိကြောင်း သိရသည်။

ထို့ပြင် ကော့သောင်းတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဟိုတယ်နှစ်လုံး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၂၅၂ လုံး၊ တာချီလိတ်တွင် အလုံးရေသုံးလုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက်၂၉၁လုံး၊မြိတ်တွင်အလုံးရေတစ်လုံးရှိပြီး အသုံးပြုနိုင်သည့် အခန်းအရေအတွက် ၄၁ လုံးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များနည်းတူ နိုင်ငံခြားလုပ်ငန်းရှင်များကလည်း မြှုပ်နှံလုပ်ကိုင်လျက်ရှိပြီး ယခု ၂ဝ၁၄ ခုနှစ်အတွင်း၌ မြှုပ်နှံလုပ်ကိုင်မှု ပိုမိုများပြားလာကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အလိုက် လိုင်စင်ရယူ၍ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေမှုများမှာမူ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၇၉ လုံး၊ မန္တလေးတိုင်းဒေသကြီးတွင်၃၂၉လုံးနှင့်ရှမ်းပြည်နယ်တွင်အလုံး ၂ဝဝလုံးဖြင့်လိုင်စင်ရဟိုတယ်အလုံးရေအများဆုံးဖြစ်ပြီး ၂ဝ၁၄ခုနှစ် အောက်တိုဘာလကုန်အထိတိုင်းနှင့် ပြည်နယ်အလိုက် ဖွင့်လှစ်ခွင့်ပြုထားသည့် အလုံးရေ ၁ဝ၇၆ လုံးရှိကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်တွင်နိုင်ငံခြား ခရီးသွားဧည့်သည် နှစ်သန်းကျော် ဝင်ရောက်မှုမှ ခရီးသွားဝင်ငွေ ဒေါ်လာ ၉၂၆ သန်းရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်အတွင်း ခရီးသွားဧည့်သည် သုံးသန်းအထိ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍမှာတစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိရာ ခရီးသွားလုပ်ငန်းများကြောင့် ခရီးစဉ်ဒေသများတွင်ဆိုးကျိုးသက်ရောက်မှုအနည်းဆုံးဖြစ်စေရန်၊ ဒေသခံအဖွဲ့အစည်းများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့်ခရီးသွားလုပ်ငန်းတွင်လူမှုအဖွဲ့အစည်းများပါဝင်ဆောင်ရွက်မှုတိုးပွားလာစေရန်စသည်တို့ကိုရည်ရွယ်၍ တာဝန်သိခရီးသွားလုပ်ငန်း မူဝါဒ၊ ခရီးသွားလုပ်ငန်းတွင် လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ရေး မူဝါဒနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက်ဆောင်ရန်၊ ရှောင်ရန်များ စာအုပ်တို့ကို ထုတ်ဝေထားကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံသဘာဝအခြေခံခရီးသွားလုပ်ငန်းများမူဝါဒနှင့်စီမံခန့်ခွဲမှုမဟာဗျူဟာကို ရေးဆွဲထုတ်ပြန်နိုင်ရန် စီစဉ်နေပြီးမူကြမ်းကို၂ဝ၁၅ခုနှစ်ဇန်နဝါရီတွင် နေပြည်တော်၌ပြုလုပ်မည့်အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်တွင် ဖြန့်ဝေသွားမည်ဟု သိရသည်။


Credit : News Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service