လှိုင်သာယာစက်မှုဇုန်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအကောင်းဆုံး စက်မှုဇုန်ဆိုသော်လည်း ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရ

လှိုင်သာယာစက်မှုဇုန်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအကောင်းဆုံး စက်မှုဇုန်ဆိုသော်လည်း ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရ - Property News in Myanmar from iMyanmarHouse.com
20 Dec 2014 12:57 pm တွင် တင်ခဲ့သည်
945 ကြိမ် ကြည့်ရှု့ပြီး
လှိုင်သာယာစက်မှုဇုန်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအကောင်းဆုံး စက်မှုဇုန် ဆိုသော်လည်း ရေမရရှိသည့်ပြဿနာ၊ မီးမရရှိသည့်ပြဿနာ၊ ကျူးကျော်တဲများကြောင့် ရေမြောင်းပိတ်ဆို့သည့် ပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

ရန်ကုန်မြို့၏ အဖွံ့ဖြိုးဆုံး စက်မှုဇုန်သည် လှိုင်သာယာစက်မှုဇုန် ဆိုသော်လည်း ယင်းကဲ့သို့ ဖွံ့ဖြိုးမှုအားကောင်းသည့် စက်မှုဇုန်၏ ပတ်ဝန်းကျင်တွင် ကျူးကျော်တဲများ အများအပြား ရှိနေကြောင်း၊ လက်ရှိအချိန်တွင် ကျူးကျော်တဲ ၄၀၀၀ ခန့် ရှိနေသည့်အတွက် အပေးအယူလုပ်၍ ရှင်းလင်းနေရကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

“လှိုင်သာယာစက်မှုဇုန်မှာ ကျူးကျော်တဲတွေ အများအပြား ရှိနေပါတယ်။ ဒါကြောင့် စက်မှုဇုန်ပိုင်ရှင်တွေက ကျူးကျော်တဲတွေကို အပေးအယူနဲ့ ဖယ်ရှားရပါတယ်။ အခုဆိုရင် ကျူးကျော်တဲ့ ၄၀၀၀ ခန့် ရှိနေပါတယ်။ ကျူးကျော်တဲတွေက စက်ရုံဘေးမှာရှိတဲ့ လမ်းဘေးကွက်လပ်၊ ရေမြောင်းပေါ်တွေမှာ ဆောက်လုပ်တဲ့အတွက် ဇုန်အတွင်း ရေသွားရေလာစီးဆင်းမှု မကောင်းပါဘူး။ ချောင်းအတွင်း အိမ်တိုင်တွေကြောင့် မြောင်းအချို့ပေါ်မှာ အမှိုက်တွေပိတ်ဆို့ပြီး မိုးတွင်းဘက် ရေကြီးရေလျှံတာတွေ ဖြစ်ပါတယ်” ဟု ဦးမြတ်သင်းအောင်က ပြောကြားသည်။

“အခု ကျူးတွေက ဖယ်ခိုင်းဖို့ကျတော့လည်း ဇုန်ထဲမှာဝင်ဆောက်တာ မဟုတ်တဲ့အတွက်ကြောင့် ဖယ်ခိုင်းဖို့ မလွယ်ဘူး။ ဖြစ်နေတာက စက်မှုဇုန်အပြင်ဘက်မှာ မြောင်းတွေအပေါ်မှာ ခွပြီးဆောက်တယ်။ တိုင်ကို မြောင်းထဲမှာ စိုက်တယ်။ ဆိုတော့ နှစ်တိုင်းရေကြီးနေတယ်။ ဒါတွေက ကျွန်တော်တို့ ဖယ်ခိုင်းလို့ မရဘူး။ အစိုးရက ဖယ်ခိုင်းမှရမှာ။ လမ်းဘေးမှာဆောက်တော့ စည်ပင်အပိုင် ဖြစ်နေတယ်။ ၄၀၀၀ လို့ပြောတာက လှိုင်သာယာတစ်ခုလုံးတောင် မဟုတ်ဘူး။ ကျွန်တော်တို့ဇုန်နားပဲ ဖြစ်နေတာတင် ၄၀၀၀ လောက် ရှိနေတာ” ဟု ဦးမြတ်သင်းအောင်က ဆိုသည်။

အလားတူ သောက်သုံးရေရရှိမှု အပိုင်းတွင်လည်း ခက်ခဲများစွာ ရှိနေကြောင်း၊ စက်မှုပစ္စည်းများအတွက် ထုတ်လုပ်ရန် ရေကောင်းရေသန့်ရရှိရေး လိုအပ်ကြောင်း၊ သောက်သုံးရေပင် အပြည့်အ၀ မရရှိကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်၊ ၁၅ နှစ်လောက်မှစ၍ အိုးအိမ်ကို သိန်းပေါင်း ၁၀၀၀၀ ပေးသွင်းပြီး ကိုယ်ထူကိုယ်ထ ဖူးကြီးက ရေအားရရှိရန်အတွက် တစ်ပေပိုက်နှင့် သွယ်တန်းသုံးစွဲသည့်အတွက် အဆင်ပြေသော်လည်း လက်ရှိတွင် အဆင်မပြေတော့ကြောင်း သိရသည်။

“အခုတော့ သောက်သုံးရေမရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့တော်ဝန်ကို တင်ပြထားတယ်။ ပထမတစ်ပေပိုက်နဲ့ သွယ်တာကနေပြီး အများပြည်သူအတွက် ရေလေးနည်းနည်း ပေးချင်တယ်ဆိုပြီးပြောတော့ ပေးသွယ်လိုက်တယ်။ အကုန်လုံး အိမ်ရာတွေပါ လျှောက်သွယ်လိုက်တယ်။ ကျန်စစ်သားအိမ်ရာရော၊ န၀ဒေးအိမ်ရာရော အကုန်လျှောက်သွယ်လိုက်တယ်။ ရေသန့်လုံးဝ မရှိခဲ့တာ ရှစ်နှစ်ရှိသွားပါပြီ။ ဒါကြောင့် ပိုက်လုံးကြီးတွေ တိုးချဲ့သွယ်တန်းပြီး ရေပေးဝေ ရောင်းချပေးသင့်တယ်လို့ အကြံပြုထားပါတယ်” ဟု ဦးမြတ်သင်းအောင်က ဆိုသည်။

အထူးသဖြင့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိရန် လိုအပ်နေကြောင်း၊ နွေရာသီတွင် ဓာတ်အားတစ်ယူနစ် ၁၅၀ အထိ တိုးပေးထားသော်လည်း မီးမကြာခဏ ပြတ်တောက်ခြင်း၊ အချိန်ပိုင်းလောက်သာ လျှပ်စစ်မီး ရရှိခြင်း၊ မေ၊ ဇွန် လောက်တွင် ရက်ပေါင်းများစွာ မီးမလာခြင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ လာမည့်နှစ်မှစ၍ နွေရာသီမှာ နေ့ခင်းမီးမဖြတ်ရေး၊ နေ့ခင်းတစ်နေ့ ရှစ်နာရီ မီးရရှိရေး ဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service