မန္တလေးတိုင်း စက်မှုဇုန်များတွင် မြေကွက်ရယူထားသူများ လုပ်ငန်းစီမံချက်တင်ပြရန် ၀န်ကြီးဌာနသတိပေး

မန္တလေးတိုင်း စက်မှုဇုန်များတွင် မြေကွက်ရယူထားသူများ လုပ်ငန်းစီမံချက်တင်ပြရန် ၀န်ကြီးဌာနသတိပေး - Property News in Myanmar from iMyanmarHouse.com
20 Dec 2014 12:50 pm တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် စက် မှုလုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲမြေ ကွက်ရယူထားသူများကို ဒီဇင် ဘာလကုန် နောက်ဆုံးထားကာ လုပ်ငန်းစီမံချက်တင်ပြရန်ထပ်မံ သတိပေးမည်ဖြစ်ပြီး သတ်မှတ် ရက်အတွင်း လုပ်ငန်းစီမံချက် မတင်ပြနိုင်ပါက ဥပဒေအရအ ရေးယူ ဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးကျော်မြင့်ကပြောသည်။

စက်မှုဇုန် အတွင်းရှိ မြေ လွတ်များ ပိုင်ဆိုင်ထားသူများအ နေဖြင့် ဒီဇင်ဘာလကုန်နောက် ဆုံးထားကာ လုပ်ငန်းစီမံချက် တင်ပြရန် အောက်တိုဘာမှ စ တင် အသိပေးထားသော်လည်း ယခုအချိန်ထိ လုပ်ငန်းစီမံချက်လာရောက်တင်ပြသူ မရှိသေးကြောင်း ၀န်ကြီးဦးကျော်မြင့် ကပြောသည်။

‘‘လုပ်ငန်းစီမံချက်လာတင် တဲ့သူက နည်းတယ်။အခုထိနှစ်ဦးသုံးဦးပဲရှိသေးတယ်။ အဆိုပြုလွှာ မတင်တဲ့ မြေကွက်တွေကိုတော့ ကြိုတင်ကြေညာထားတဲ့အတိုင်း ဥပဒေ၊ စည်းကမ်းများနဲ့အညီ အ ရေးယူဆောင်ရွက်သွားမှာဖြစ်ပါ တယ်’’ဟု ဦးကျော်မြင့်က ပြော ကြားသည်။

စက်မှုဇုန်များတွင် မြေကွက် ရယူထားသူအများစုမှာ အစိုးရ အာဏာပိုင်တို့၏ မိသားစုဝင်များ နှင့် ၎င်းတို့နှင့် နီးစပ်သူများဖြစ် ကြောင်း ဒေသခံစက်မှုလုပ်ငန်း ရှင်များကပြောသည်။

ထို့အပြင် စက်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း အောင် မြင်မှုမရ၍ လုပ်ငန်းရပ်နားသွား သူတို့၏ မြေကွက်များလည်း မန္တလေးစက်မှုဇုန်တွင် ရှိနေ ကြောင်း သတင်းရရှိသည်။

သို့သော် သတ်မှတ်ရက်အ တွင်း လုပ်ငန်းစီမံချက်တင်ပြလာ မှုမရှိသည့် မြေကွက်လွတ်များကို မူတစ်ခုချမှတ်ကာ မည်သူမည်ဝါ မခွဲခြားဘဲ ဆုံးဖြတ်လုပ်ဆောင် မည်ဖြစ်ပြီး မလိုက်နာလျှင် မလိုက် နာသူ၏ ချို့ယွင်းချက်သာဖြစ် မည်ဟု ဦးကျော်မြင့်ကပြောသည်။

မန္တလေး တိုင်းဒေသကြီး တွင် မန္တလေး၊ မြင်းခြံနှင့် မိတ္ထီ လာစက်မှုဇုန်များရှိပြီး ယင်းစက် မှုဇုန်သုံးခုတွင် စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသည့် မြေကွက် လွတ်သုံးထောင်ကျော်ရှိနေသည် ဟု တိုင်းအစိုးရအဖွဲ့ကထုတ်ပြန် ထားသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service