အာဆီယံအခြေခံအ ဆောက်အုံ ရန်ပုံငွေအဖွဲ့(AIF) တွင် အစုရှယ်ယာ ဒေါ်လာတစ် သိန်းထည့်ဝင်မည့် မြန်မာနိုင်ငံကို တင်းပြည့်အဖွဲ့ဝင်အဖြစ် ဒီဇင် ဘာ ၁၈ ရက်တွင် အေအိုင်အက်ဖ် ဘုတ်အဖွဲ့ အစည်းအဝေးက ဆုံး ဖြတ်အတည်ပြုလိုက်သည်။
ယင်းသို့ အဖွဲ့ဝင်ဖြစ်လာ ၍ အခြေခံ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ အတွက် ချေးငွေများ၊ အထောက် အပံ့များကို မြန်မာနိုင်ငံအနေဖြင့် ခံစားခွင့် ရှိလာမည်ဖြစ်သည်။ မြန်မာသည် အေအိုင်အက်ဖ်၏ ၁၁ ဦးမြောက် အစုရှယ်ယာရှင် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယင်းအဖွဲ့ ၌ အခြားအာဆီယံနိုင်ငံများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့ ပါဝင်နေသည်။
‘‘မြန်မာနိုင်ငံအနေနဲ့ လိုအပ် တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီး မြောက်အောင် ဆောင်ရွက်နိုင်လို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ဆုံးဖြတ်လိုက်ကြတာပါ။ မြန်မာရဲ့ အစုရှယ်ယာက ဒေါ်လာတစ်သိန်းဖြစ်ပါတယ်’’ဟု အေဒီဘီ၏ ပြင်ပဆက်သွယ်ရေး အရာရှိ ဦးအဲလက်စ် ညီညီအောင်က ပြောသည်။
အေဒီဘီမှာ အေအိုင်အက်ဖ် ၏ ရှယ်ယာတန်ဖိုးဒေါ်လာ သန်း ၁၅၀ ပိုင်ဆိုင်သည့် ရှယ်ယာရှင် တစ်ဦးဖြစ်ပြီး အေအိုင်အက်ဖ်ကို စီမံခန့်ခွဲသည့် အဖွဲ့လည်းဖြစ် သည်။ စီမံခန့်ခွဲသူအဖြစ် အခြား ရှယ်ယာရှင်များနှင့် လက်တွဲကာ စီမံကိန်း စိစစ်ဆောင်ရွက်မှု၊ စီမံ ကိန်းများလျာထားရေးအတွက် နိုင်ငံများ၏ တိုင်ပင်ညှိနှိုင်းမှုများ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မူ ဘောင်စည်းမျဉ်းများ ချမှတ်မှု များ၊ စီမံကိန်းများ ပြင်ဆင်အ ကောင်အထည် ဖော်ခြင်းများ၊ နည်းပညာ အထောက်အကူနှင့် အကြံဉာဏ်ပေးခြင်းများနှင့် စီမံ ကိန်းများကို ပူးပေါင်းကဏ္ဍငွေ ထည့်ဝင်ဆောင်ရွက်ခြင်းများ အပါအ၀င် အေအိုင်အက်ဖ်၏ ကဏ္ဍများကို ပံ့ပိုးဆောင်ရွက်ပေး နေသည်ဟု ဆိုသည်။
‘‘နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အထောက်အကူပြုဖို့လိုအပ်တဲ့ အခြေခံအ ဆောက်အအုံတွေ တည်ဆောက် ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ရန်ပုံငွေ လက်လှမ်းမီရေးနဲ့ ကမ္ဘာနဲ့ အာ ဆီယံတို့ရဲ့ စီးပွားရေး အသိုက် အ၀န်းမှာ ပိုမိုပေါင်းစည်းမှုဖြစ် စေမယ့် အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်တဲ့ AIF တင်းပြည့် အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံဖြစ် လာတဲ့အတွက် ၀မ်းမြောက်ပါ တယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ အေအိုင်အက်ဖ်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ပြော ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ဒီဇင်ဘာ ၁၈ ရက်တွင် အေ အိုင်အက်ဖ်ဘုတ်အဖွဲ့က ၂၀၁၅ အတွက် စီမံကိန်းများကို အတည် ပြုပေးခဲ့သည်။ ထို့အပြင် ဦးစား ပေးကဏ္ဍများဖြစ်သော ရေ၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ၂၀၁၆-၁၇ အတွင်း ဆောင်ရွက်ရန် အလားအလာရှိ သည့် စီမံကိန်းများအတွက် ညှိ နှိုင်းခဲ့ကြသည်။
ချေးငွေဆိုင်ရာညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးပါက စီမံကိန်း တစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန် သွားမည်ဟု ဆိုသည်။
အေအိုင်အက်ဖ်သည် လက် ရှိကာလအထိ ဒေါ်လာ ၁၆၅ သန်းရှိ အခြေခံ အဆောက်အအုံစီမံ ကိန်းသုံးခုကို ဘဏ္ဍာရေးထောက် ပံ့မှုပေးထားပြီးဖြစ်ကြောင်း သိရ သည်။ ဂျာဗား-ဘာလီ ၅၀၀ ကေ ဗီလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းအတွက် ဒေါ်လာ ၂၅ သန်း၊ ရေဆိုးနုတ်စနစ်စီမံကိန်း အတွက် ချေးငွေဒေါ်လာ သန်း ၄၀နှင့် လျှပ်စစ်ဓာတ်အားလိုင်းဖွံ့ဖြိုး မှုစီမံကိန်းအတွက် ချေးငွေ ဒေါ် လာသန်း ၁၀၀ တို့ဖြစ်သည်။
Credit: 7 day daily