မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်တည်ဆောက်ခွင့်ရ ဂျပန်ကုမ္ပဏီသည် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ၌ လွှဲပြောင်းလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အား Logistic Hub Airport အဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် နိုင်ငံတကာလေဆိပ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နှင့် MC-Jalux Airport Service Co.ltdတို့ Concession Agreement လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာအတွင်းက ပြုလုပ်ခဲ့သည်။
ယင်းသို့ Concession Agreement လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာပြည်အလယ်ပိုင်းတွင် ကုန်စည်စခန်းလေဆိပ်အဖြစ် မျှော်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ကာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းတွင် စတင်လွှဲပြောင်း လုပ်ကိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဘက်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လေကြောင်းဦးစီးဌာနနဲ့ MC-Jalu ကြားမှာ နှစ် ၃ဝ အခြေခံတဲ့ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ ဆက်လက်လုပ်ဆောင် မယ့်ကိစ္စတွေကတော့ လေဆိပ်ကိုလွှဲပြောင်းရေးလုပ်မယ်။ စာချုပ်ကနေစတင်ပြီး ရက်ပေါင်း ၉ဝ ကြာရင် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား မြန်မာနိုင်ငံ၏ လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေး လေဆိပ်အဖြစ် အ ဆင့်မြှင့်တင်ဆောင်ရွက်ရန် အမှတ်ပေးတင် ဒါရွေးချယ်စနစ်ဖြင့် ရွေးချယ်ခဲ့ပြီးဖြစ်သည်။ အဆိုပါတင်ဒါရွေးချယ်မှုအရ ဂျပန်နိုင်ငံမှ Mitsubishi-Jalux accociation with SPA (Japan) ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင် တည်ဆောက်ပြီးချိန်တွင် နိုင်ငံတကာမှ ကုန်တင်လေယာဉ် ကြီးများအား ဦးစားပေး ဆင်းသက်စေမည်ဖြစ်ကြောင်း သိရသည်။
လေဆိပ်အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများအား ၁၉၉၄ ခုနှစ်တွင် Italian-Thai Development Publicကုမ္ပဏီမှ ဒေါ်လာ သန်း ၁၅ဝ အကုန်ကျခံ တည် ဆာက်ခဲ့ခြင်းဖြစ်သည်။ ပြေးလမ်းနှင့်ဆက် စပ်လုပ်ငန်းများအား ပြည်သူ့ဆောက်လုပ်ရေးမှ ၁၉၉၆ ခုနှစ် မတ်တွင် မြန်မာကျပ်ငွေ သန်းပေါင်း ၈ဝ၄၉ ဒသမ ၅၂သန်း အကုန်ကျခံ တည်ဆောက်ခဲ့ကာ ၂ဝဝဝ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
Credit: eleven media group