ရန်ကုန် အိမ်ခြံမြေဈေးကွက် အတွင်း အိမ်ရှင်များက ပွဲစားများနှင့် ပူးပေါင်းပြီး နှစ်ရှည်ငှားရမ်းမှုများကို ငြင်းပယ်ခြင်း၊ ငှားရမ်းခ နှုန်းထား များကို မကြာခဏ မြှင့်တင်ခြင်းတို့ ပြုနေသည့်အတွက် ဝင်ငွေနည်း ပြည်သူများ ထိခိုက်နစ်နာနေရသလို အငှားဈေးကွက်ကိုလည်း ထိခိုက် နစ်နာစေကြောင်း အိမ်ခြံမြေဈေး ကွက်မှ သိရသည်။
”ဆိုင်ကြီးတွေအနေနဲ့ဆိုရင် အနည်းဆုံး သုံးနှစ်၊ ငါးနှစ် ငှားမှပဲ စာချုပ် ချုပ်တော့တယ်။ သူတို့မှာ လည်း ရင်းနှီးမြှုပ်နှံထားတာတွေ ရှိပြီး နှစ်အလိုက် ဘယ်လောက်ရာခိုင်နှုန်း တက်မယ်ဆိုတဲ့ သဘောတူညီချက် ရမှ လုပ်တယ်။
အခုတော့ အိမ်ရှင် တွေဘက်က ခြောက်လ၊ တစ်နှစ် လောက်ပဲ ငှားပြီး နောက်ပိုင်းမှာ ဈေးတက်ချင်သလို တက်နေတော့ အိမ်ရှင်လည်း အလုပ်မဖြစ်နိုင်သလို ငှားတဲ့ သူကလည်း ငှားဖို့ ခက် သွားတယ်။
အိမ်ရှင်တွေကလည်း သင့်တင့်တဲ့ ဈေးတစ်ခုနဲ့သာ အငှား ဈေးဖြတ်မယ်ဆိုရင်တော့ အားလုံး အတွက် အဆင်ပြေနိုင်လိမ့်မယ် ”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း ဗဟို အထွေထွေအတွင်း ရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
လက်ရှိအချိန်တွင် အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒိုအရောင်းအဝယ် ဈေးနှုန်းများ အေးနေသော်လည်း ငှားရမ်းခနှုန်းထားများ မြင့်တက်လာ သည့်အတွက် ငှားရမ်းနေထိုင်သူများ အနေဖြင့် မကြာခဏ အိမ်ပြောင်း ရွှေ့နေထိုင်ရသည့် ပြဿနာများ ဖြစ် ပေါ်နေသည့်အပြင် လူမှုရေး၊ စီးပွား ရေးကဏ္ဍများတွင်လည်း နောက် ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်ရ သကဲ့သို့ ငှားရမ်းခ ဈေးနှုန်းများအား မြင့်မားစွာ ခေါ်ထားခြင်းကြောင့် အလုပ်မဖြစ်ဘဲ ပိတ်ထားရသည့် တိုက်ခန်း၊ ကွန်ဒို၊ အိမ်ခြံမြေများ အများအပြား ရှိလာနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
”တစ်လ ၁ဝ သိန်းရတဲ့ အခန်း တစ်ခန်းကို အလုပ်မဖြစ်လို့ ခြောက် လလောက် ပိတ်ထားရရင်ပဲ အိမ်ရှင် က နာနေပြီ။ ဒါကြောင့် သင့်တော် မျှတတဲ့ အငှားဈေးနှုန်း တစ်ခုဆိုမှ အဆင်ပြေနိုင်တော့တယ်”ဟုလည်း ¤င်းက ဆက်လက်ပြောသည်။ ရန်ကုန် အိမ်ခြံမြေဈေးကွက် အတွင်း ဆိုင်ခန်းများ၊ စားသောက် ဆိုင်များ ဖွင့်လှစ်ခြင်းအတွက် နှစ်ဦး နှစ်ဖက် အဆင်ပြေနိုင်သည့် နှုန်းထား များဖြင့် နှစ်ရှည်ငှားရမ်းသည့် စနစ် များ အသုံးပြုလျက်ရှိရာ ပျမ်းမျှ တစ်နှစ်လျှင် ၁ဝ ရာခိုင်နှုန်း ငှားခ တိုးပေးသည့် စနစ်ဖြင့် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်ခန့်အထိ နှစ်ဦး နှစ်ဖက် စာချုပ်များဖြင့် ငှားရမ်းမှု များပြားလာသော်လည်း လူနေ တိုက်ခန်းများ၊ ကွန်ဒိုများနှင့် အိမ်ရာ များတွင်မူ အိမ်ရှင်အများစုက နှစ် ရှည် ငှားရမ်းခြင်းများကို ငြင်းပယ် လေ့ရှိကြောင်း အိမ်ငှားနေထိုင်သူ များက ပြောသည်။
”အိမ်ငှားစာချုပ် တစ်နှစ်ချုပ် မယ်ဆိုတာတောင် လက်မခံဘူး။ ခြောက်လပဲ ချုပ်ခွင့်ပေးတဲ့အပြင် ပွဲခကလည်း တစ်လစာကို အိမ်ရှင် ဘက်က ပြန်ယူသေးတယ်။ သုံးနှစ် အတွင်းမှာ ငှားခတွေ ဈေးတက်လာ လို့ အိမ်ပြောင်းရွှေ့ရတာ လေးခါ ရှိနေပြီ”ဟု လှည်းတန်းမှ သမိုင်း မြို့သစ်သို့ ပြောင်းရွှေ့ နေထိုင်နေ သည့် ကုမ္ပဏီဝန်ထမ်း ဒေါ်သန္တာက ပြောသည်။
အိမ်ခြံမြေကျွမ်းကျင်သူများမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ ရန်ကုန်မြို့တော်၌ နေထိုင်သူ ဦးရေ ၅ ဒသမ ၅ သန်းခန့်၊ မြို့ကွက် အကျယ်မှာ ၅၉၈ ဒသမ ၇၅ ကီလို မီတာ၊ စက်မှုဇုန်ပေါင်း ၂၄ ခု ရှိကြောင်း၊ ရန်ကုန်နေလူထု၏ ၂ဝ ရာခိုင်နှုန်းအောက်သာ အိမ်ခြံမြေ တိုက်ခန်း၊ ကိုယ်ပိုင်နေနိုင်သူများ ဖြစ်ပြီး လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းနီးပါး မှာ အစိုးရအိမ်ရာများနှင့် ပုဂ္ဂလိကပိုင် တိုက်ခန်း၊ ကွန်ဒိုနှင့် အိမ်ခန်းများကို ငှားရမ်းနေထိုင်သူများ ဖြစ်ကြောင်း ရွှေမင်းသား အိမ်ခြံမြေ အကျိုး ဆောင် ကုမ္ပဏီလီမိတက်မှ ပြုလုပ် ထားသည့် စစ်တမ်းများတွင် ဖော်ပြ ထားသည်။
”သုံးနှစ်အတွင်းမှာကို ငှားခက တချို့နေရာတွေမှာဆို ၁ဝဝ ရာခိုင် နှုန်းအထိ တက်တဲ့နေရာတွေ ရှိလာ တယ်။ တချို့အိမ်ရှင်တွေကလည်း သူတို့ခေါ်ဈေးမရလို့ မငှားဘဲ ပိတ် ထားတာ ရှိသလို ငှားမယ့်လူတွေက လည်း ဈေးသက်သာတဲ့ နေရာတွေ ကို ရှာလာတာများလို့ ပိတ်ထားတဲ့ ကွန်ဒို၊ တိုက်ခန်း၊ အိမ်တွေလည်း ရှိနေတယ် ”ဟု ရွှေမာလာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုထွန်း ထွန်းဦးက ပြောသည်။
Credit: thetradetimes