လုံးချင်းတိုက်ငှါးရမ်း သူများသည် ရာဂဏန်းမှ ထောင်ဂဏန်း သို့ရရှိပြီး ငှါးရမ်းခရသူများတွင် အနည်းငယ်သာ အခွန်ဆောင်ကြောင်း

လုံးချင်းတိုက်ငှါးရမ်း သူများသည် ရာဂဏန်းမှ ထောင်ဂဏန်း သို့ရရှိပြီး ငှါးရမ်းခရသူများတွင် အနည်းငယ်သာ အခွန်ဆောင်ကြောင်း - Property News in Myanmar from iMyanmarHouse.com
15 Dec 2014 1:03 pm တွင် တင်ခဲ့သည်
1302 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ အချက်အချာကျပြီး စီးပွားရေးအရ အကွက်အကွင်းကောင်းသည့်နေရာများရှိ လုံးချင်းတိုက်များထဲမှ ပျမ်းမျှ ရာခိုင်နှုန်း ၆၀ နှင့် ကွန်ဒိုများထဲ ပျမ်းမျှ ရာခိုင်နှုန်း ၄၀မှာ ငှားရမ်းထားမှုများဖြစ်ကြောင်း ပြည်တွင်းအခွန်မှ တာဝန်ရှိသူများ၏ ခန့်မှန်းတွက်ချက်ထားမှုများအရ သိရသည်။

လုံးချင်း၊ မြေကွက်၊ ကွန်ဒိုငှားရမ်းရာတွင် တစ်နှစ်လျှင် ငှားရမ်းခအဖြစ် ကျပ်သိန်းပေါင်း ရာဂဏန်းမှ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်အထိ ၀င်ငွေရနေသူများရှိသည်ဟုလည်း သိရသည်။

ဥပမာအားဖြင့်-ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂) ရပ်ကွက် အင်းလျားမြိုင်လမ်း၊ အိမ်အမှတ် ၂၃-က အား UNICEF က ငှားရမ်းထားရာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၇၀၀၀ ကို ငှားရမ်းခအဖြစ်ပေးရကြောင်း UNICEF တာဝန်ရှိသူကိုယ်တိုင် ထုတ်ဖော်ပြောကြားထားသည်။

အိမ်ခြံမြေရောင်းဝယ်ငှားရမ်းမှုအပေါ်မှ အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်က ကျပ်ဘီလျံ ၁၀၀ သာရရှိပြီး အိမ်ခြံမြေ ငှားရမ်းရောင်းဝယ်မှုနှင့် ဆောက်လုပ်ရေးကုမ္ပဏီများအပေါ် ပြည်တွင်းအခွန်မှလည်း တင်းတင်းကျပ်ကျပ် ကောက်ခံမှုမရှိခြင်းကြောင့်

တစ်လ ဒေါ်လာ ၈၇၀၀၀ (မြန်မာငွေ ကျပ် ၈၄၄ သိန်းနီးပါး) ဖြစ်သည့်အတွက် တစ်နှစ်ဆိုပါက ဒေါ်လာ ၁ သန်းကျော် (ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်) အထိ အိမ်တစ်အိမ်ငှားရမ်းခအဖြစ် ၀င်ငွေရရှိနေခြင်းဖြစ်သည်။

အဆိုပါ UNICEF က ငှားရမ်းထားသည့် ငှားရမ်းခအပေါ် ၀င်ငွေခွန်ကောက်ခံလျှင် အိမ်ပိုင်ရှင်က တစ်နှစ်ငှားရမ်းခ၀င်ငွေအပေါ် ကျပ်သိန်းပေါင်း ၃၃၀၀ ကျော်ကို ပေးဆောင်ရမည်ဖြစ်သည်။

ကွန်ဒိုတစ်ခန်းလျှင် တစ်နှစ်ငှားရမ်းခမှာလည်း အနည်းဆုံး ကျပ်သိန်း ၁၂၀ မှ အများဆုံး ကျပ်သိန်း ၈၀၀ နီးပါးအထိ ရရှိနေကြခြင်းဖြစ်သည်။

အချက်အချာကျနေရာများရှိ မြေကွက်ငှားရမ်းမှုများမှလည်း ပေ ၆၀×၈၀ မြေကွက်တစ်ကွက်ကိုပင် တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၂၄၀ ၀န်းကျင်မှ ၄၈၀ အထိ ရရှိနေကြခြင်းဖြစ်သည်။

လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်း၊ မြေကွက်များ၏ ငှားရမ်းခများသည် ယနေ့ပေါက်ဈေးများအရ တစ်နှစ်လျှင် ကျပ်သိန်းရာဂဏန်းမှ ကျပ်သိန်းပေါင်း သောင်းချီရရှိနေသော်လည်း ငှားရမ်းခရငွေများအပေါ် ၀င်ငွေခွန် လာရောက်ပေးဆောင်မှုမှာ လူ ၁၀၀ တွင် ပျမ်းမျှ အများဆုံး ငါးဦးဝန်းကျင်သာရှိကြောင်း သိရသည်။

ပြည်တွင်းအခွန်ဦးစီးဌာနသို့ မေးမြန်းချက်များအရ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ ဗဟန်း၊ လှိုင်၊ ကမာရွတ်တို့လိုနေရာတွေမှာ လုံးချင်းပိုင်ရှင်တွေက တစ်ခြံကို အိမ်နှစ်လုံး သုံးလုံးခွဲဆောက်တယ်။ တစ်လုံးမှာနေတယ်။ ကျန်တဲ့အိမ်တွေငှားတယ်။ ခန့်မှန်းတွက်ချက်ထားတဲ့စာရင်းအရ လုံးချင်းအိမ်အလုံး ၁၀၀ မှာ ၄၀ လောက်ကိုပဲ ပိုင်ရှင်တွေနေပြီး ကျန် ၆၀ လောက်က ငှားစားထားတာချည်းပဲ။ ကွန်ဒိုအများစုမှာလည်း ၆၀ ရာနှုန်းလောက်ပဲ ပိုင်ရှင်တွေနေပြီး ကျန်တဲ့ ၄၀ လောက်က ငှားထားတာ။ ငှားရမ်းခ ကျပ်သိန်းပေါင်းထောင်သောင်းချီရနေပေမယ့် ငှားရမ်းခရတဲ့သူ ၁၀၀ မှာ ပျမ်းမျှ ငါးဦးလောက်ပဲ အများဆုံးလာဆောင်တယ်" ဟု ပြောပြခဲ့သည်။

လုံးချင်းအိမ်ပေါများသည့် မြို့နယ်အချို့တွင် အိမ်ငှားခရရှိ၍ နှစ်စဉ်တာဝန်ကျေစွာ အခွန်ထမ်းဆောင်ပေးနေသူများထဲတွင်လည်း တစ်ဦးတည်း ကျပ်သိန်း ၁၀၀၀ အထိ ပေးဆောင်သူမျိုး မရှိသေးကြောင်းလည်း ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"လာဆောင်တဲ့သူတွေကို ကျေးဇူးတော်တော်တင်တယ်။ သင့်တင့်သလောက် နှစ်ပေါင်းများစွာ အလိုက်တသိပေးဆောင်တဲ့သူတွေဖြစ်လို့။ အိမ်ငှားခရငွေအတွက် ကျပ်သိန်းထောင်ဂဏန်းလာဆောင်တဲ့သူတော့ မရှိသေးဘူး" ဟု ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားသည်။

ထိုသို့ဆိုလျှင် UNICEF ငှားရမ်းထားသည့်အိမ်ကဲ့သို့ ငှားရမ်းခရငွေအပေါ် အိမ်ရှင်က တစ်နှစ် ကျပ်သိန်း ၃၀၀၀ ကျော် ပေးဆောင်ရမည့် အိမ်များစွာရှိသော်လည်း အိမ်ငှားခရငွေအပေါ် ကျပ်သိန်းထောင်ဂဏန်း ပေးဆောင်သူ မရှိသေးဟုဆိုသည့်အတွက် အခွန်မဆောင်သည့် အိမ်ရှင်များစွာ ရှိနေသည်။

အိမ်ပိုင်ဆိုင်မှုနှင့် ငှားရမ်းနိုင်မှုအပေါ်ကြည့်လျှင်လည်း လက်ရှိ ကွန်ဒို၊ လုံးချင်းပိုင်ဆိုင်သူများသည် လူတစ်ဦးတည်းနှင့် လုံးချင်းနှစ်လုံးသုံးလုံး၊ ကွန်ဒိုသုံးလေးငါးလုံးကို ၀ယ်ယူမြှုပ်နှံထားသူများဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေရောင်းဝယ်ငှားရမ်းမှုအပေါ်မှ အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်က ကျပ်ဘီလျံ ၁၀၀ သာရရှိပြီး အိမ်ခြံမြေ ငှားရမ်းရောင်းဝယ်မှုနှင့် ဆောက်လုပ်ရေးကုမ္ပဏီများအပေါ် ပြည်တွင်းအခွန်မှလည်း တင်းတင်းကျပ်ကျပ် ကောက်ခံမှုမရှိခြင်းကြောင့်ဟု ပြင်ပတွင် ဝေဖန်လျက်ရှိသည်။

ရန်ကုန်မြို့တွင် အချက်အချာကျ လမ်းမတန်းများ၊ ရပ်ကွက်များအတွင်းရှိ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်း၊ မြေကွက်ပေါင်း သိန်းချီငှားရမ်းမှုမှ အခွန်ငွေကျပ်ဘီလျံပေါင်းများစွာ နှစ်စဉ်နစ်နာလျက်ရှိသည်မှာ ထင်ထင်ရှားရှားဖြစ်နေပြီး မန္တလေးမြို့ကိုပါ ထည့်သွင်းတွက်ချက်လျှင် နှစ်စဉ် အိမ်ခြံမြေငှားရမ်းမှုမှရရှိမည့် အခွန်အရပ်ရပ် ကျပ်ဘီလျံပေါင်း မည်မျှနစ်နာသည်ကို တွက်ချက်နိုင်မည်ဖြစ်သည်။

Credit: eleven media group
လုံးချင်းတိုက်ငှါးရမ်း သူများသည် ရာဂဏန်းမှ ထောင်ဂဏန်း သို့ရရှိပြီး ငှါးရမ်းခရသူများတွင် အနည်းငယ်သာ အခွန်ဆောင်ကြောင်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service