ကွန်ဒိုဥပဒေထွက်လျှင် အိမ်ခြံမြေဈေး တက်နိုင်သော်လည်း လူနည်းစုသာ အကျိုးအမြတ်များမည်ဟု မြို့ပြပညာရှင်ပြော

ကွန်ဒိုဥပဒေထွက်လျှင် အိမ်ခြံမြေဈေး တက်နိုင်သော်လည်း လူနည်းစုသာ အကျိုးအမြတ်များမည်ဟု မြို့ပြပညာရှင်ပြော - Property News in Myanmar from iMyanmarHouse.com
14 Dec 2014 1:26 pm တွင် တင်ခဲ့သည်
1525 ကြိမ် ကြည့်ရှု့ပြီး
ကွန်ဒိုမီနီယံ ဥပဒေအရ နိုင်ငံခြားသားများကို ကွန်ဒိုတိုက် ခန်းဝယ်ယူခွင့်ပြုပါကအိမ်ခြံမြေ ဈေးကွက် မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေးမြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။

၂၀၁၅ဇန်န၀ါရီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမည့်ကွန်ဒိုမီနီယံဥပဒေ၌ နိုင်ငံခြားများကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်ခွင့် ရှိလာပြီး ယင်းအချက်သည် ပြည်သူလူထု အများထက်လူနည်းစုကိုသာအကျိုးအမြတ်ဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘အခုမြန်မာက ကွန်ဒိုတိုက် ခန်းတွေက စင်ကာပူထက် ဈေး ကဆယ်ဆလောက် ဈေးနည်း သေးတယ်။ နိုင်ငံခြားသားတွေ ၀ယ်ခွင့်ပြုလိုက်ရင် ဈေးတွေတဟုန် ထိုးတက်လာနိုင်တယ်’’ ဟု ဒေါက်တာကျော်လတ်က ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီ ပိုင်ရှင်များသည် တိုက် များ အမြန်ရောင်းထွက်ရန် နိုင်ငံခြားများကို ရောင်းချနိုင်ရန် ဥပဒေတွင် ယင်းအချက်ကို ထည့်သွင်းခြင်းဖြစ်ပြီး တိုက်ခန်းများအမြန်ရောင်းထွက်လျှင် ပြည်သူလူထုအတွက် အကျိုးရှိသည့်ဘဏ်နှင့်ချိတ်ဆက်ကာအရစ်ကျ ရောင်းချသည့်စနစ်ကိုသာအကောင်အထည်ဖော်သင့်ကြောင်း၎င်းကဆက်လက်ပြောသည်။

‘‘နိုင်ငံခြားသားတွေကကွန်ဒိုတွေကို ဈေးကြီးပေးမယ်။ ရောင်းတဲ့သူက ပြန်ရောင်းပြီးရင် နောက်ထပ်ဈေးတစ်ခုနဲ့ ၀ယ်မယ်။ ဒီလိုအဆင့်ဆင့်နဲ့ ရောင်းဝယ်မယ်ဆိုရင် နောက်ဆုံး မြို့ပေါ်ကလူတွေမြို့ပြင်ရောက်မယ်။အိမ်ခြံမြေနှုန်းကမြင့်သထက် မြင့်လာမယ်။ နောက်ဆုံးခံရမှာ ပြည်သူတွေပဲ’’ ဟု ၎င်းကပြောသည်။

၂၀၁၄ဒီဇင်ဘာအတွင်း နိုင်ငံခြားသားကိုအမြဲတမ်း နေထိုင်ခွင့် စတင် လျှောက်ထားခွင့်ပြုရာ၌ယင်းနိုင်ငံခြားများအတွက် ကွန်ဒိုတိုက်ခန်းများ၌၀ယ်ယူနေနိုင်ရန်ဥပဒေတွင် ပြဋ္ဌာန်းပေးခြင်း ဖြစ်သည်။

‘‘လက်ရှိ နိုင်ငံခြားသားတွေကအများကြီးဝယ်နိုင်ဦးမှာမဟုတ်လို့ ဈေးတက်လာဖို့ မရှိ သေးဘူး။ ဒါပေမဲ့ အများအ၀ယ် လိုက်လာရင် ဈေးကွက်သဘော အရ အိမ်ခြံမြေဈေးက တက်လာ မှာပဲ’’ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးစိုင်းခွန်နောင်က ပြောသည်။

ဈေးကွက်စီးပွားစနစ်အရ နိုင်ငံခြားသားများကို တိုက်ခန်း ပိုင်ဆိုင်ခွင့်ပေးသင့်ပြီးလက်ရှိဥပဒေတွင် ခြောက်ထပ်အမြင့်ထိသာ ခွင့်ပြုပေးထားကြောင်း ထို့ကြောင့် လက်ရှိ အိမ်ခြံမြေဈေးနှုန်းကို ထိခိုက်နိုင်ရန် မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ပြောသည်။

‘‘ကွန်ဒိုတိုက်ခန်းကို နိုင်ငံ ခြားသားတွေဝယ်တဲ့ပမာဏက နောက်ငါးနှစ်အတွင်းများများ စားစား မရှိလာနိုင်ဘူး။ လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကြို ဆိုသင့်တယ်’’ ဟု ၎င်းက ဆက် လက်ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အမြဲတမ်း နေထိုင်ခွင့်အတွက် နိုင်ငံခြားသားများ ကွန်ဒို တိုက် ခန်းဝယ်ယူရာတွင် လိုအပ်ပါက ကန့်သတ်ချက်ထားသင့်ကြောင်း နှင့်မည်သည့် နိုင်ငံခြားသားမဆို ၀ယ်ယူခွင့်ပြုခြင်းသည် အိမ်ခြံမြေ ဈေးနှုန်းအတွက် စိုးရိမ်စရာဖြစ် ကြောင်း ဒေါက်တာကျော်လတ် က ပြောသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service